သူ့အား ဘုရားသခင်ထံတိုင်တည်ကျိန်ဆိုစေခဲ့သောနေဗုခဒ်နေဇာမင်းကြီးကိုလည်း ပုန်ကန်၏။ သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ပြန်မလှည့်၊ ခေါင်းမာလျက်၊ စိတ်နှလုံးမာကျောလျက်သာ နေ၏။
ယေဇကျေလ 21:25 - မြန်မာ့စံမီသမ္မာကျမ်း အို သေဒဏ်ခံရမည့်ဆိုးယုတ်သောအစ္စရေး၏ခေါင်းဆောင်၊ သင်အပြီးသတ်ဒဏ်ခတ်ခံရမည့် နေ့ရက်အချိန်ရောက်လာပြီ’ဟု မိန့်တော်မူ၏။ Common Language Bible ``အချင်းယုတ်မာဆိုးညစ်သည့်ဣသရေလ မင်း၊ သင်၏ကံကြမ္မာကိုဖန်တီးမည့်နေ့ရက်၊ သင်အပြီးသတ်အပြစ်ဒဏ်ခံရမည့်နေ့ ရက်ကျရောက်လာလေပြီ။- Garrad Bible အ ပြီး သတ် အ ပြစ် ဒဏ် ခံ ရာ ကာ လ၌၊ ရက် တာ စေ့ သော အို ဣ သ ရေ လ မင်း၊ အို လုပ် ကြံ ခံ ရာ ဆိုး သွမ်း သူ၊ Judson Bible အချင်းဆိုးယုတ်သော အဓမ္မဣသရေလမင်းသား၊ အဓမ္မအမှုကြောင့် ဆုံးရှုံးရသောကာလရောက်သောအခါ၊ သင်၏အချိန်ကာလသည် ရောက်လိမ့်မည်။ |
သူ့အား ဘုရားသခင်ထံတိုင်တည်ကျိန်ဆိုစေခဲ့သောနေဗုခဒ်နေဇာမင်းကြီးကိုလည်း ပုန်ကန်၏။ သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ပြန်မလှည့်၊ ခေါင်းမာလျက်၊ စိတ်နှလုံးမာကျောလျက်သာ နေ၏။
သို့သော် သူ၏နေ့ရက်ရောက်လာတော့မည်ကို ဘုရားရှင်သည် သိမြင်တော်မူ၍ သူ့ကိုရယ်မောတော်မူ၏။
လာမည့်မျိုးဆက်ကိုပြောပြနိုင်ရန် ထိုမြို့တော်၏တံတိုင်းကို သင်တို့၏စိတ်နှလုံး၌မှတ်သားထား၍ ခံတပ်များကိုစစ်ဆေးကြည့်ရှုကြလော့။
ဆိုးယုတ်သောသူတို့၏မကောင်းမှုသည် ပပျောက်သွားပါစေ။ သို့သော် ဖြောင့်မတ်သောသူကိုတည်မြဲစေတော်မူပါ။ ဖြောင့်မတ်တော်မူသောဘုရားသခင်သည် စိတ်နှလုံးအတွင်းသဘောကို စစ်ဆေးတော်မူ၏။
ထာဝရဘုရားက ‘ငါသည် ယုဒဘုရင်ဇေဒကိမှစ၍ သူ၏မှူးမတ်များနှင့် ဤပြည်၌ကျန်ရစ်သော ဂျေရုဆလင်မြို့သူမြို့သားများ၊ အီဂျစ်ပြည်သို့ပြောင်းရွှေ့နေထိုင်သောသူများကို စား၍မရအောင်ပုပ်နေသောသဖန်းသီးကဲ့သို့ ဖြစ်စေမည်။
အမ္မုန်အမျိုးသားတို့နှင့်ပတ်သက်၍ ထာဝရဘုရားက “အစ္စရေးလူမျိုး၌ သားမရှိသလော၊ အမွေခံမရှိသလော။ အဘယ်ကြောင့် မိလကုံဘုရားသည် ဂဒ်ပြည်ကို သိမ်းပိုက်သနည်း။ အဘယ်ကြောင့် သူ့လူမျိုးတို့သည် ဂဒ်ပြည်ရှိမြို့များတွင် နေထိုင်ကြသနည်း”ဟု မိန့်ဆိုတော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်ပွဲသံကြားရသောအချိန် ရောက်စေမည်။ ထိုမြို့သည် အပျက်အစီးပုံကြီးဖြစ်၍ မြို့ငယ်တို့သည်လည်း မီးလောင်သွားလိမ့်မည်။ အစ္စရေးလူမျိုးတို့သည်လည်း မိမိအား သိမ်းပိုက်ခဲ့သူကို ပြန်၍သိမ်းပိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။
မြစ်နား၌နေ၍ ဥစ္စာကြွယ်ဝသောမြို့၊ သင်၏မတရားအကျိုးစီးပွားရှာခြင်းများ အဆုံးသတ်မည့်အချိန်ရောက်လာပြီ။
ထိုမင်းသည် ယောယကိမ်မင်းကြီးပြုခဲ့သမျှအတိုင်း ထာဝရဘုရား၏ရှေ့တော်၌ မကောင်းမှုကိုပြု၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ငါနှင့်ကျိန်ဆိုခဲ့သည်ကိုမထီမဲ့မြင်ပြု၍ ငါနှင့်ဖွဲ့သောပဋိညာဉ်ကိုချိုးဖောက်သောအပြစ်အတွက် အမှန်ပင် သူ့ခေါင်းပေါ်သို့ရောက်စေမည်။
‘အချင်းလူသား၊ ငိုကြွေးမြည်တမ်းလော့။ အကြောင်းမှာ ဓားသည် ငါ့လူမျိုးတော်ကို တိုက်ခိုက်လေပြီ။ အစ္စရေးခေါင်းဆောင်တို့ကို တိုက်ခိုက်လေပြီ။ သူတို့သည် ငါ့လူမျိုးတော်နှင့်အတူ ဓားလက်သို့ကျရောက်သည်ဖြစ်၍ ရင်ဘတ်စည်တီးလော့။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ထိုသို့ သင်တို့၏အပြစ်များကိုပြန်သတိရစေသောကြောင့် သင်တို့ပုန်ကန်သောအပြစ်များလည်း ပေါ်လာ၍ သင်တို့ကျူးလွန်သောအပြစ်အားလုံး ထင်ရှားလာမည်။ သင်တို့၏အပြစ်များကိုပြန်သတိရစေသောကြောင့် သင်တို့သည် ဖမ်းခေါ်သွားခြင်းခံရမည်။
သင်တို့သည် မဟုတ်မမှန်သည်ကိုမြင်ပြီး အလိမ်အညာဗေဒင်များကို ဟောပြောနေစဉ်တွင် အပြီးသတ်ဒဏ်ခတ်မည့်နေ့ရက်သည် ရောက်လာပြီး ဓားတော်သည် သေဒဏ်ခံရမည့် ဆိုးယုတ်သူတို့၏လည်ပင်းပေါ်တွင် တင်ထားလျက်ရှိလေပြီ။
ရဗ္ဗာမြို့ကို ကုလားအုတ်တို့ကျက်စားရာ၊ အမ္မုန်ပြည်ကို သိုးများနားနေရာ ဖြစ်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
နေ့ရက်အချိန် နီးလာပြီ။ စင်စစ် ထာဝရဘုရား၏နေ့ နီးလာပြီ။ ထိုနေ့သည် မိုးတိမ်ထူထပ်သောနေ့၊ လူမျိုးတကာတို့ပျက်စီးရာနေ့ ဖြစ်လိမ့်မည်။
သင်သည် ရှေးယခင်ကပင် အငြိုးထားခဲ့၏။ အစ္စရေးအမျိုးသားတို့ ဘေးဒုက္ခရောက်ချိန်၊ အပြီးသတ်ဒဏ်ခတ်ခံရချိန်တွင် သင်သည် သူတို့ကို ဓားလက်သို့အပ်လိုက်၏။
“အချင်းလူသား၊ အစ္စရေးပြည်အား ဘုရားရှင်ထာဝရဘုရားက ‘သူ၏နိဂုံးချုပ်ချိန်သည် ရောက်လာပြီ။ ပြည်တစ်ပြည်လုံး နိဂုံးချုပ်ချိန်ရောက်လေပြီ။
ယခုမှာ သင့်နိဂုံးချုပ်ချိန်သည် သင့်ထံရောက်လာပြီ။ သင့်ထံသို့ ငါ့အမျက်ကို လွှတ်လိုက်မည်။ သင်ပြုခဲ့သည့်အတိုင်း သင့်ကိုစီရင်မည်။ သင်ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့ကို သင့်အား ပြန်ပေးဆပ်စေမည်။
သင့်နိဂုံးချုပ်ချိန် ရောက်လေပြီ။ သင့်နိဂုံးချုပ်ချိန် ရောက်လေပြီ။ ကြည့်ရှုလော့။ သင့်ထံ ရုတ်တရက်ရောက်လာပြီ။
ထို့ကြောင့် စစ်ဖြစ်သည့်နေ့တွင်ကြွေးကြော်သောအသံနှင့်အတူ၊ လေပြင်းကျသည့်နေ့တွင်တိုက်သောမုန်တိုင်းနှင့်အတူ ငါသည် ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။