Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 21:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘​ထိုသို့ သင်​တို့​၏​အပြစ်​များ​ကို​ပြန်​သတိရ​စေ​သောကြောင့် သင်​တို့​ပုန်ကန်​သော​အပြစ်​များ​လည်း ပေါ်လာ​၍ သင်​တို့​ကျူးလွန်​သော​အပြစ်​အားလုံး ထင်ရှား​လာ​မည်​။ သင်​တို့​၏​အပြစ်​များ​ကို​ပြန်​သတိရ​စေ​သောကြောင့် သင်​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာဝရ​ဘု​ရား​မိန့်​တော်​မူ သည်​ကား သင်​တို့​၏​ပုန်​ကန်​မှု​ကြောင့်​သင်​တို့ ၏​အ​ပြစ်​များ​ကို​အ​မှတ်​ရ​စေ​ပြီ။ သင်​တို့​၏ အ​ကျင့်​အ​ကြံ​ဟူ​သ​မျှ​က သင်​တို့​၏​အ​ပြစ် များ​ကို​ပေါ်​လွင်​လာ​စေ​၏။ သင်​တို့​ဤ​သို့ ပြု​သည်​ဖြစ်​၍ ငါ​သည်​သင်​တို့​ကို​ရန်​သူ များ​၏​လက်​သို့​ပေး​အပ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 သို့ ဖြစ်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ သင် တို့ လွန် ကျူး မှု များ ပေါ် ထွက် လျက်၊ အ ပြု အ ကျင့် ရှိ သ မျှ၌ အ ပြစ် ထင် ရှား ရာ ရောက် အောင်၊ ကိုယ့် ဒု စ ရိုက် ကို သ တိ ရ စေ သော ကြောင့်လည်း ကောင်း၊ ကိုယ် တိုင် လည်း၊ သ တိ ရ တော် မူ ခြင်း ကို ခံ ရ သော ကြောင့်လည်း ကောင်း၊ လက် ရုံး အောက် သုံ့ ပန်း ခံ ရ ကြ လ တ္တံ့ ဟု မိန့် ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ပြု​လေ​သ​မျှ​တို့၌ အ​ပြစ်​ထင်​ရှား​သည်​တိုင်​အောင်၊ သင်​တို့​သည် မိ​မိ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကို သူ​တစ်​ပါး​အောက်​မေ့​စေ၍၊ မိ​မိ​တို့​လွန်​ကျူး​ခြင်း အ​မှု​များ​ကို​ဖော်​ပြ​လျက်၊ မိ​မိ​တို့​ကို သူ​တစ်​ပါး အောက်​မေ့​စေ​သော​ကြောင့်၊ ထို​ရှင်​ဘု​ရင်​လက်​သို့ ရောက်​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 21:24
20 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​မျက်နှာထား​သည် သူ​တို့​ကို သက်သေခံ​နေ​၏​။ သူ​တို့​သည် မိမိ​တို့​အပြစ်​ကို​ထိမ်ဝှက်​မ​ထား​ဘဲ သောဒုံ​မြို့​ကဲ့သို့ ပြောကြား​ကြ​၏​။ မကောင်းမှု​ကို ကိုယ့်​အပေါ်​ကိုယ် ကျရောက်​စေ​ကြ​သောကြောင့် သူ​တို့​၏​စိတ်ဝိညာဉ်​သည် အမင်္ဂလာ​ရှိ​၏​။


သူ​တို့​က ‘​အကျွန်ုပ်​တို့​သည် မည်သည့်​အရပ်​သို့ သွား​ရ​မည်နည်း​’​ဟု သင့်​အား​မေး​လျှင် သင်​က သူ​တို့​အား ထာဝရဘုရား​က ‘​သေ​သင့်​သော​သူ​တို့​သည် သေဘေး​ရှိ​ရာ​သို့​၊ ဓားဘေး​သင့်​မည့်​သူ​တို့​သည် ဓားဘေး​ရှိ​ရာ​သို့​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သင့်​မည့်​သူ​တို့​သည် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ရှိ​ရာ​သို့​၊ ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည့်​သူ​တို့​သည် ဖမ်းခေါ်​သွား​ရာ​သို့ သွား​ရ​မည်​’​ဟူ၍ မိန့်​တော်မူ​ကြောင်း ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


အပြစ်မဲ့​သော​ဆင်းရဲသား​တို့​ဖောက်ထွင်းသည်​ကို သင်​မ​တွေ့​။ သို့သော် သင့်​အဝတ်​အောက်စွန်း​၌ သူ​တို့​၏​သွေးစွန်း​သည်​ကို တွေ့​ရ​၏​။ ထိုသို့​ဖြစ်​လျက်​နှင့်​ပင်


တောင်ကတုံး​များ​ပေါ်သို့ မျှော်ကြည့်​လော့​။ ယောက်ျား​တို့​နှင့် သင်​မ​အိပ်​ဖူး​သော​နေရာ ရှိ​သလော​။ တောကန္တာရ​မှ အာရပ်​လူမျိုး​ကဲ့သို့ သင်​သည် လမ်း​များ​၌​ထိုင်​၍ သူ​တို့​ကို စောင့်​နေ​၏​။ သင်​သည် ဖောက်ပြန်​သော​အပြစ်​အားဖြင့်​လည်းကောင်း​၊ မကောင်းမှု​အားဖြင့်​လည်းကောင်း ပြည်​ကို​ညစ်ညူး​စေ​ပြီ​။


သူ​တို့​သည် စက်ဆုပ်ရွံရှာဖွယ်​သော​အမှု​ကို​ပြု​သောအခါ ရှက်​ကြ​သလော​။ လုံးဝ​မ​ရှက်​ကြ​။ ရှက်ကြောက်​ရ​မည်​ကို မ​သိ​ကြ​။ ထို့ကြောင့် အခြား​သူ​တို့​လဲကျ​ရာ​သို့ သူ​တို့​လည်း လဲကျ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​ကို ဒဏ်ခတ်​သောအခါ ပြိုလဲ​သွား​ကြ​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သူ​တို့​သည် မိမိ​တို့​ပြု​ခဲ့​သော​စက်ဆုပ်ရွံရှာဖွယ်​သော​အမှု​ကို​ပြု​သောအခါ ရှက်​ကြ​သလော​။ လုံးဝ​မ​ရှက်​ကြ​။ ရှက်ကြောက်​ရ​မည်​ကို မ​သိ​ကြ​။ ထို့ကြောင့် အခြား​သူ​တို့​လဲကျ​ရာ​သို့ သူ​တို့​လည်း လဲကျ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​ကို ဒဏ်ခတ်​သောအခါ ပြိုလဲ​သွား​ကြ​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ဘေဘီလုံ​ဘုရင်​ထံ သစ္စာခံ​ထား​သော​သူ​တို့​က ထို​ဗေဒင်​သည် မဟုတ်မမှန်​ဟု ထင်မှတ်​ကြ​လိမ့်မည်​။ သို့သော် ဘေဘီလုံ​ဘုရင်​သည် သူ​တို့​အား ဖမ်းခေါ်​သွား​ပြီး သူ​တို့​အပြစ်​ကို ပြန်​သတိရ​စေ​မည်​။


အို သေဒဏ်​ခံရ​မည့်​ဆိုးယုတ်​သော​အစ္စရေး​၏​ခေါင်းဆောင်​၊ သင်​အပြီးသတ်​ဒဏ်ခတ်​ခံရ​မည့် နေ့ရက်​အချိန်​ရောက်လာ​ပြီ’​ဟု မိန့်​တော်မူ​၏​။


ဘေဘီလုံ​ပြည်​ရှိ ခါလဒဲ​လူမျိုး​များ​မှစ၍​၊ ပေကုပ်​လူမျိုး​၊ ရှော​လူမျိုး​၊ ကော​လူမျိုး​တို့​နှင့်တကွ သူ​တို့​နှင့်အတူ​နေထိုင်​သော အဆီးရီးယား​လူမျိုး​များ စသည့် ခန့်ညား​သော​မင်းအရာရှိ​လုလင်ပျို​များ​၊ စစ်ဗိုလ်​များ​၊ နာမည်​ကျော်ကြား​သော​တပ်မှူး​များ​၊ မြင်းစီးသူရဲ​များ​အားလုံး​တို့​ကို ငါ​ခေါ်လာ​မည်​။


ထို​မြို့​တွင် လူ​အသက်သတ်​သော​သွေး စွန်း​လျက်​ရှိ​၏​။ ထို​သွေး​သည် မြေ​ပေါ်တွင်​ကျ​သည်​မ​ဟုတ်​။ ရှင်းလင်း​နေ​သော​ကျောက်​ပေါ်တွင် ကျ​၏​။ မြေမှုန့်​နှင့် ဖုံး​၍​မ​ရ​။


တိုင်းပြည်​သည် ကျိန်ဆို​ခြင်း​၊ လိမ်ညာ​ခြင်း​၊ လူသတ်​ခြင်း​၊ ခိုးယူ​ခြင်း​၊ အိမ်ထောင်ရေးဖောက်ပြန်​ခြင်း​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​၏​။ လူသတ်မှု​ကို အထပ်ထပ်​ကျူးလွန်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ