ယေဇကျေလ 30:3 - မြန်မာ့စံမီသမ္မာကျမ်း3 နေ့ရက်အချိန် နီးလာပြီ။ စင်စစ် ထာဝရဘုရား၏နေ့ နီးလာပြီ။ ထိုနေ့သည် မိုးတိမ်ထူထပ်သောနေ့၊ လူမျိုးတကာတို့ပျက်စီးရာနေ့ ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible3 ထာဝရဘုရားအရေးယူဆောင်ရွက်မည့်နေ့ သည် နီးကပ်လာလေပြီ။ မိုးတိမ်များဖုံးလွှမ်းမည့်နေ့၊လူမျိုးတကာတို့ ဒုက္ခရောက်မည့်နေ့နီးကပ်လာပြီ။ အခန်းကိုကြည့်ပါ။Garrad Bible3 မိုး အုံ့ သော နေ့၊ လူ မျိုး ခြား တို့ စီ ရင် ခံ ချိန် နေ့၊ ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော် ရောက် လု ပြီ တ ကား၊ အခန်းကိုကြည့်ပါ။Judson Bible3 ထိုနေ့နီးပြီ။ ထာဝရဘုရား၏နေ့၊ မိုးအုံ့သောနေ့၊ တစ်ပါးအမျိုးသားဖို့ ချိန်းချက်သောအချိန်နီးပြီ။ အခန်းကိုကြည့်ပါ။ |
ငါသည် အီဂျစ်ပြည်ကို လူသူကင်းမဲ့သောပြည်တကာထက် လူသူအကင်းမဲ့ဆုံးပြည် ဖြစ်စေမည်။ ပြိုပျက်ရာမြို့များကြားတွင် အီဂျစ်မြို့များသည်လည်း အနှစ်လေးဆယ်ပတ်လုံး ပြိုပျက်နေလိမ့်မည်။ ငါသည် အီဂျစ်ပြည်သားတို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။ အတိုင်းတိုင်းအပြည်ပြည်သို့ တကွဲတပြားဖြစ်စေမည်’ဟု မိန့်တော်မူ၏။
သူတို့၏ငွေကို လမ်းများပေါ်သို့ လွှင့်ပစ်ကြလိမ့်မည်။ ရွှေသည်လည်း မစင်ကြယ်သောအရာကဲ့သို့ ဖြစ်လိမ့်မည်။ ထာဝရဘုရား၏အမျက်တော်နေ့၌ သူတို့၏ရွှေငွေသည် သူတို့ကိုမကယ်တင်နိုင်ပါ။ ရွှေငွေတို့သည် သူတို့စိတ်အလိုကို ပြည့်စုံစေနိုင်မည်မဟုတ်။ ဝမ်းကို ဖြည့်ပေးနိုင်မည်မဟုတ်။ အကြောင်းမူကား ရွှေငွေသည် သူတို့ကို အပြစ်နွံထဲ လဲကျစေသောအကြောင်းရင်း ဖြစ်၏။