ယေဇကျေလ 21:25 - Common Language Bible25 ``အချင်းယုတ်မာဆိုးညစ်သည့်ဣသရေလ မင်း၊ သင်၏ကံကြမ္မာကိုဖန်တီးမည့်နေ့ရက်၊ သင်အပြီးသတ်အပြစ်ဒဏ်ခံရမည့်နေ့ ရက်ကျရောက်လာလေပြီ။- အခန်းကိုကြည့်ပါ။Garrad Bible25 အ ပြီး သတ် အ ပြစ် ဒဏ် ခံ ရာ ကာ လ၌၊ ရက် တာ စေ့ သော အို ဣ သ ရေ လ မင်း၊ အို လုပ် ကြံ ခံ ရာ ဆိုး သွမ်း သူ၊ အခန်းကိုကြည့်ပါ။Judson Bible25 အချင်းဆိုးယုတ်သော အဓမ္မဣသရေလမင်းသား၊ အဓမ္မအမှုကြောင့် ဆုံးရှုံးရသောကာလရောက်သောအခါ၊ သင်၏အချိန်ကာလသည် ရောက်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 အို သေဒဏ်ခံရမည့်ဆိုးယုတ်သောအစ္စရေး၏ခေါင်းဆောင်၊ သင်အပြီးသတ်ဒဏ်ခတ်ခံရမည့် နေ့ရက်အချိန်ရောက်လာပြီ’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သင်တို့အားကြိုတင်ဟောပြော ချက်များသည်လည်းလိမ်လည်ဟောပြောမှု များသာဖြစ်၏။ သင်တို့အပြီးသတ်အပြစ် ဒဏ်ခံရမည့်နေ့ရက်သည်နီးကပ်လာလေ ပြီ။ ဋ္ဌားတော်သည်ယုတ်မာဆိုးညစ်သူတို့ ၏ဇက်ပေါ်သို့သတ်ဖြတ်ရန်ကျရောက်အံ့။
ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား သင်တို့၏ပုန်ကန်မှုကြောင့်သင်တို့ ၏အပြစ်များကိုအမှတ်ရစေပြီ။ သင်တို့၏ အကျင့်အကြံဟူသမျှက သင်တို့၏အပြစ် များကိုပေါ်လွင်လာစေ၏။ သင်တို့ဤသို့ ပြုသည်ဖြစ်၍ ငါသည်သင်တို့ကိုရန်သူ များ၏လက်သို့ပေးအပ်မည်။
ထိုမြို့၏တံတိုင်းများကိုမှတ်သား၍ခံတပ် များကို စစ်ဆေးကြည့်ရှုကြလော့။ ထိုအခါသင်တို့သည်``ဤဘုရားကား ကမ္ဘာအဆက်ဆက်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝစဉ်ငါတို့အား လမ်းပြပို့ဆောင်တော်မူလိမ့်မည်'' ဟု နောင်လာနောက်သားတို့အား ပြောကြားနိုင်ကြလိမ့်မည်။
ထာဝရဘုရားသည်အမ္မုန်ပြည်သားတို့ ကိုရည်မှတ်၍မိန့်တော်မူသည်မှာ``ဣသရေလ အမျိုးသားများကားအဘယ်မှာနည်း။ သူ တို့၏ပြည်အတွက်ခုခံကာကွယ်မည့်သူ တစ်စုံတစ်ယောက်မျှမရှိသလော။ သူတို့ သည်အဘယ်ကြောင့်မိလကုံဘုရားကို ဝတ်ပြုကိုးကွယ်သူတို့အား ဂဒ်အနွယ်၏ နယ်မြေကိုသိမ်းယူစေကာထိုအရပ်တွင် နေထိုင်ခွင့်ပြုကြသနည်း။-
ငါသည်ရဗ္ဗာမြို့သူမြို့သားတို့အားစစ်တိုက် သံများကို ကြားစေမည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ ထိုမြို့သည်ပျက်စီးလျက် ယင်း၏ကျေးလက်တောရွာများသည်လည်း မီးလောင်ကျွမ်းလိမ့်မည်။ ထိုအခါဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်ကိုသိမ်းယူ ထားသူတို့၏လက်မှပြန်လည်ရရှိကြ လိမ့်မည်။-