ဆာလံ 48:13 - မြန်မာ့စံမီသမ္မာကျမ်း13 လာမည့်မျိုးဆက်ကိုပြောပြနိုင်ရန် ထိုမြို့တော်၏တံတိုင်းကို သင်တို့၏စိတ်နှလုံး၌မှတ်သားထား၍ ခံတပ်များကိုစစ်ဆေးကြည့်ရှုကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible13-14 ထိုမြို့၏တံတိုင်းများကိုမှတ်သား၍ခံတပ် များကို စစ်ဆေးကြည့်ရှုကြလော့။ ထိုအခါသင်တို့သည်``ဤဘုရားကား ကမ္ဘာအဆက်ဆက်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝစဉ်ငါတို့အား လမ်းပြပို့ဆောင်တော်မူလိမ့်မည်'' ဟု နောင်လာနောက်သားတို့အား ပြောကြားနိုင်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible13 ရင်တားတို့ကိုမှတ်၍ ဘုံဗိမာန်များကိုလည်း ဆင်ခြင်ကြလော့။ အခန်းကိုကြည့်ပါ။ |
ငါတို့ပွဲတော်မြို့ဖြစ်သည့် ဇိအုန်မြို့ကိုကြည့်ရှုလော့။ အပြောင်းအရွှေ့မရှိသောတဲဖြစ်သည့် ငြိမ်းအေးရာဂျေရုဆလင်မြို့ကို သင်သည် ကိုယ့်မျက်စိနှင့် မြင်ရလိမ့်မည်။ ထိုတဲ၏တိုင်များသည် မည်သည့်အခါမျှ ဆွဲနုတ်ခြင်းခံရမည်မဟုတ်။ ကြိုးများသည်လည်း တစ်ချောင်းမျှဖြတ်တောက်ခြင်းခံရမည်မဟုတ်။