ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
ယေဇကျေလ 1:1 - မြန်မာ့စံမီသမ္မာကျမ်း အနှစ်သုံးဆယ်ပြည့်သောနှစ်၊ စတုတ္ထလ၊ ငါးရက်နေ့တွင် ငါသည် ဖမ်းခေါ်သွားခြင်းခံရသူတို့နှင့်အတူ ခေဗာမြစ်နား၌ရှိနေစဉ် ကောင်းကင်ပွင့်၍ ဘုရားသခင်ဖွင့်ပြတော်မူသောနိမိတ်အာရုံကို ငါမြင်ရ၏။ Common Language Bible သုံးဆယ်နှစ်မြောက် စတုတ္ထလ၊ လဆန်းငါးရက်နေ့၌ငါသည် ပြည်နှင်ဒဏ်သင့်သူယုဒအမျိုးသားများနှင့်အတူဗာဗုလုန်ပြည်၊ ခေဗာမြစ်အနီးတွင်နေထိုင်လျက်ရှိစဉ် မိုးကောင်းကင်ကွဲဟ၍ဘုရားသခင်ကိုဗျာဒိတ်ရူပါရုံ၌မြင်ရ၏။- Garrad Bible သုံး ဆယ် နှစ်၊ စ တု တ္ထ လ၊ ငါး ရက်၌၊ သိမ်း သွား ခံ ရ သူ တို့ နှင့် အ တူ၊ ခေ ဗာ မြစ် အ နီး ငါ ရှိ စဉ် အ ခါ၊ မိုး ကောင်း ကင် ပွင့် သ ဖြင့်၊ ဘု ရား သ ခင် ဆိုင် ရာ ရူ ပါ ရုံ များ ကို ထင် မြင် ရ သည့် အ တိုင်း၊ Judson Bible သက္ကရာဇ်သုံးဆယ်ပြည့်၊ ယေခေါနိမင်းကြီးနန်းကျ ပဥ္စမနှစ်၊ စတုတ္ထလငါးရက်နေ့၌ ငါသည် သိမ်းသွားသောသူတို့တွင် ခေဗာမြစ်နားမှာရှိနေစဉ်၊ |
ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် ညအချိန်၌ စိတ်အာရုံဖြင့် အစ္စရေးအား “ယာကုပ်၊ ယာကုပ်”ဟု ခေါ်လျှင် ယာကုပ်က “အကျွန်ုပ်ရှိပါ၏”ဟု ထူးလေ၏။
ငါတို့သည် ဘေဘီလုံမြစ်တို့အနားတွင် ထိုင်၍ ဇိအုန်ကိုသတိရလျက် ငိုကြွေးကြ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ကို ဖူးမြင်ကြ၏။ ခြေတော်အောက်၌ ကောင်းကင်ကဲ့သို့ကြည်လင်သော နီလာကျောက် ခင်းထားသကဲ့သို့ဖြစ်၏။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီး လက်ထက်၌ ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်နိမိတ်။
ဩဇိမင်းကြီးအနိစ္စရောက်သောနှစ်၌ ဘုရားရှင်သည် မြင့်မြတ်ထည်ဝါသောပလ္လင်ပေါ်တွင် ထိုင်နေတော်မူသည်ကို ငါမြင်၏။ ကိုယ်တော်၏ဝတ်ရုံတော်အနားစွန်းသည် ဗိမာန်တော်အပြည့်ဖုံးနေ၏။
သင်တို့က ထာဝရဘုရားသည် ဘေဘီလုံမြို့၌ ပရောဖက်များကို ပေါ်ထွန်းစေတော်မူပြီဟု ဆိုတတ်ကြ၏။
ခါလဒဲပြည်၊ ခေဗာမြစ်နားတွင်ရှိစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗုဇိ၏သား၊ ယဇ်ပုရောဟိတ် ယေဇကျေလထံသို့ ရောက်လာ၏။ ထိုအရပ်၌ ထာဝရဘုရားသည် လက်တော်ကို သူ့အပေါ်တင်လျက်ရှိ၏။
ထို့နောက် ငါကြည့်လိုက်သော် ခေရုဗိမ်တို့၏ဦးခေါင်းအထက်မိုးမျက်နှာကြက်တွင် နီလာရောင်အဆင်းသဏ္ဌာန်ပလ္လင်နှင့်တူသောအရာတစ်ခု ပေါ်လာသည်ကို တွေ့ရ၏။
ဘီးလေးခုတို့မှာ တစ်ပုံစံတည်းဖြစ်၍ ဘီးတစ်ခုတွင် နောက်ဘီးတစ်ခုကို ကန့်လန့်ဖြတ်ထည့်ထားသည့်ပုံစံမျိုးဖြစ်၏။
ခေရုဗိမ်တို့ ကြွတက်သွားကြ၏။ ထိုခေရုဗိမ်တို့သည် ခေဗာမြစ်နားတွင် ငါတွေ့ခဲ့သောသတ္တဝါများပင် ဖြစ်၏။
ဤသည်ကား ခေဗာမြစ်နား၊ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းတော်အောက်တွင် ငါတွေ့ရသောသတ္တဝါများဖြစ်၏။ သူတို့သည် ခေရုဗိမ်များပင်ဖြစ်သည်ကို ငါသိ၏။
မျက်နှာပုံသဏ္ဌာန်မှာလည်း ခေဗာမြစ်နား၌တွေ့ခဲ့သော မျက်နှာပုံသဏ္ဌာန်နှင့်တူ၏။ မိမိတို့မျက်နှာမူရာတည့်တည့်သို့သာသွားတတ်ကြ၏။
ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဖွင့်ပြတော်မူသောဗျာဒိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို သုံ့ပန်းတို့ရှိရာ ခါလဒဲပြည်သို့ ပြန်ချီဆောင်လာ၏။ ထို့နောက် ငါမြင်ရသော ဗျာဒိတ်အာရုံသည် ပျောက်ကွယ်သွား၏။
ငါသည် ခေဗာမြစ်နား၊ တေလဗိဗမြို့ရှိ သုံ့ပန်းတို့ထံပြန်ရောက်လာ၍ သူတို့နေထိုင်ရာမြို့တွင် ငါထိုင်နေ၏။ ထိုနေရာတွင် ခုနစ်ရက်ပတ်လုံး ထိုင်၍ မိန်းမောတွေဝေလျက်နေလေ၏။
ငါသည်လည်း လွင်ပြင်သို့ ထသွားသောအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် ခေဗာမြစ်နား၌မြင်ခဲ့ရသော ဘုန်းအသရေတော်ကဲ့သို့ တည်နေသည်ကို တွေ့ရသဖြင့် ငါပျပ်ဝပ်လေ၏။
နိမိတ်အာရုံထဲတွင် ဘုရားသခင်က ငါ့ကို အစ္စရေးပြည်သို့ဆောင်သွား၍ အလွန်မြင့်သောတောင်ပေါ်တွင်ချထား၏။ တောင်ဘက်တွင် မြို့နှင့်တူသောအဆောက်အအုံကို တွေ့ရ၏။
ငါမြင်ရသောဗျာဒိတ်အာရုံသည် ဘုရားသခင်က မြို့ကိုလာဖျက်ဆီးမည်ဟု မိန့်ဆိုခဲ့စဉ်က မြင်ခဲ့ရသော ဗျာဒိတ်အာရုံနှင့်တူ၏။ ထိုဗျာဒိတ်အာရုံသည် ခေဗာမြစ်နား၌ ငါမြင်ခဲ့သော နိမိတ်အာရုံနှင့်လည်းတူ၏။ ထိုအခါ ငါပျပ်ဝပ်လေ၏။
ထိုလူထံမှ လက်နှင့်တူသောအရာတစ်ခု ထွက်လာ၍ ငါ့ဦးခေါင်းမှဆံပင်ကို လှမ်းဆွဲ၏။ ဘုရားသခင်ဖွင့်ပြသော နိမိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို မိုးနှင့်မြေအကြားသို့ချီမလိုက်ပြီး မနာလိုဝန်တိုစိတ်ကိုဆွပေးသောရုပ်တု စိုက်ထူထားရာ ဂျေရုဆလင်မြို့မြောက်ဘက်၊ အတွင်းတံတိုင်းတံခါးဝသို့ ဆောင်သွားတော်မူ၏။
ပရောဖက်တို့ကို ငါမိန့်မှာခဲ့ပြီ။ ဗျာဒိတ်နိမိတ်ကို အမျိုးမျိုးဖွင့်ပြပေးခဲ့ပြီ။ ပရောဖက်များအားဖြင့် ပုံပမာကို ပြခဲ့ပြီ။”
ထို့နောက်မှ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သက်ကြီးဝါကြီးတို့သည် အိပ်မက်ကို မြင်ရလိမ့်မည်။ လူပျိုတို့သည်လည်း စိတ်အာရုံကို မြင်ရကြလိမ့်မည်။
ထိုအခါ ထာဝရဘုရားက “ငါ့စကားကို နားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင် ငါထာဝရဘုရားသည် ထိုပရောဖက်အား နိမိတ်အာရုံအားဖြင့် ကိုယ်ထင်ရှားပြမည်။ အိပ်မက်အားဖြင့် မိန့်မြွက်မည်။
အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် လူဦးရေစာရင်းကောက်ယူလော့။
ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ယေရှုက“လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ ဤရူပါရုံကို မည်သူ့ကိုမျှမပြောကြနှင့်”ဟု သူတို့အား မိန့်မှာတော်မူ၏။
ယေရှုသည် ဗတ္တိဇံခံပြီးနောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်ကာ မိမိအပေါ်သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏။
ထို့နောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ မိမိအပေါ်သို့ဆင်းသက်သည်ကိုမြင်တော်မူ၏။
လူအပေါင်းတို့သည် ဗတ္တိဇံခံကြသောအခါ ယေရှုသည်လည်း ဗတ္တိဇံခံတော်မူပြီး ဆုတောင်းလျက်နေစဉ် ကောင်းကင်သည်ပွင့်၍
ယေရှုသည် အမှုတော်စတင်ဆောင်ရွက်သောအခါ သက်တော်သုံးဆယ်ခန့်ရှိတော်မူ၏။ လူတို့၏ထင်မြင်ချက်အရ ကိုယ်တော်သည် ယောသပ်၏သားဖြစ်၏။ ယောသပ်သည် ဧလိ၏သား၊
“သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကောင်းကင်သည်ပွင့်လျက် ဘုရားသခင်၏ကောင်းကင်တမန်တို့သည် လူ့သား၏အပေါ်တွင် တက်လျက်ဆင်းလျက်နေကြသည်ကို သင်တို့မြင်ရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ကောင်းကင်သည်ပွင့်လျက် ထောင့်လေးခုမှထိန်းထားပြီး မြေပေါ်သို့လျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခု နိမ့်ဆင်းလာသည်ကို တွေ့ရ၏။
တစ်နေ့သောအခါ မွန်းလွဲသုံးနာရီအချိန်ခန့်တွင် သူသည် မိမိထံသို့ဘုရားသခင်၏ကောင်းကင်တမန်တစ်ပါးဝင်လာ၍ “ကော်နေလိ”ဟု ခေါ်သည်ကို ရူပါရုံ၌ ထင်ရှားစွာမြင်လေ၏။
“ကြည့်ပါ။ ကောင်းကင်သည်ပွင့်၍ လူ့သားသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေသည်ကို ငါမြင်၏”ဟု ဆိုလေ၏။
ငါသည် ဝါကြွားရမည်ဖြစ်၍ အကျိုးမရှိသော်လည်း သခင်ဘုရားပေးတော်မူသော ရူပါရုံနှင့်ဗျာဒိတ်တော်အကြောင်းများကို ဆက်၍ပြောပါမည်။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်သည်ပွင့်လျက်နေ၍ မြင်းဖြူတစ်ကောင်ရှိ၏။ ၎င်းပေါ်တွင်ထိုင်သောသူကား သစ္စာရှိသောသူ၊ ဖြောင့်မှန်သောသူဟု ခေါ်ဝေါ်ခြင်းခံရ၏။ သူသည် ဖြောင့်မတ်စွာတရားစီရင်၍ စစ်တိုက်လေ၏။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်၌ဖွင့်ထားသည့်တံခါးတစ်ခုရှိ၏။ ထိုအခါ ပထမဦးစွာ ငါ့အားမိန့်တော်မူသည်ကို ငါကြားရသည့်တံပိုးခရာသံကဲ့သို့သောအသံက“ဤအရပ်သို့တက်လာလော့။ ဤအဖြစ်အပျက်များနောက်တွင် ဖြစ်ပျက်ရမည့်အရာတို့ကို သင့်အား ငါပြမည်”ဟု ဆို၏။