ဟေရှာယ 1:1 - မြန်မာ့စံမီသမ္မာကျမ်း1 ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီး လက်ထက်၌ ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်နိမိတ်။ အခန်းကိုကြည့်ပါ။Common Language Bible1 ဤကျမ်းစောင်တွင် ယုဒဘုရင်များဖြစ်သောသြဇိမင်း၊ ယောသံမင်း၊ အာခတ်မင်းနှင့်ဟေဇကိမင်းတို့၏လက်ထက်၌ ယုဒပြည်နှင့်ယေရုရှလင်မြို့အဘယ်သို့ဖြစ်ပျက်မည်ကို အာမုတ်၏သားဟေရှာယအားထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော်များပါရှိ၏။ အခန်းကိုကြည့်ပါ။Garrad Bible1 ယု ဒ ဘု ရင် ဩ ဇိ မင်း၊ ယော သံ မင်း၊ အာ ခတ် မင်း၊ ဟေ ဇ ကိ မင်း တို့ လက် ထက် ယေ ရု ရှ လင် မြို့ မှ စ သော ယုဒ ပြည် ကို ရည်၍ အာ မုတ် သား ဟေ ရှာ ယ မြော် မြင် ရ သည့် ဗျာ ဒိတ် ရူ ပါ ရုံ ကား။ အခန်းကိုကြည့်ပါ။Judson Bible1 ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတို့လက်ထက်၌၊ အာမုတ်၏သားဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကိုခံရသည်မှာ၊ အခန်းကိုကြည့်ပါ။ |
အို ဇိအုန်တောင်၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ မြင့်မားသောတောင်ပေါ်သို့ တက်လော့။ အို ဂျေရုဆလင်မြို့၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ သင့်အသံကို အစွမ်းကုန်လွှင့်လော့။ အသံကိုလွှင့်လော့။ မကြောက်နှင့်။ “ကြည့်ရှုလော့။ ဤသည်ကား သင်တို့၏ဘုရားသခင်ပေတည်း”ဟု ယုဒမြို့တို့အား ပြောကြားလော့။