Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 3:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ငါ​သည် ခေဗာ​မြစ်​နား​၊ တေလဗိဗ​မြို့​ရှိ သုံ့ပန်း​တို့​ထံ​ပြန်​ရောက်လာ​၍ သူ​တို့​နေထိုင်​ရာ​မြို့​တွင် ငါ​ထိုင်​နေ​၏​။ ထို​နေရာ​တွင် ခုနစ်​ရက်​ပတ်လုံး ထိုင်​၍ မိန်းမောတွေဝေ​လျက်​နေ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သို့​ဖြစ်​၍​ငါ​သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​တို့ နေ​ထိုင်​ရာ​ခေ​ဗာ​မြစ်​အ​နီး​တေ​လ​ဗိ​ဗ​ရွာ သို့​သွား​၍ ငါ​တွေ့​မြင်​ခဲ့​ရ​သော​အ​မှု​အ​ရာ များ​ကြောင့်​ခု​နစ်​ရက်​ပတ်​လုံး​အံ့​အား​သင့် လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ခေ ဗာ မြစ် အ နီး တေ လ ဗိ ဗ မြို့ ရှိ၊ သိမ်း သွား ခံ ရ သူ တို့ နေ ရာ သို့ ရောက် ပြီး လျှင်၊ ခု နစ် ရက် တိုင် တိုင် အံ့ အား သင့် လျက်၊ သူ တို့ နှင့် အ တူ ထိုင် နေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 သိမ်း​သွား​ခြင်း​ကို​ခံ​ရ၍၊ ခေ​ဗာ​မြစ်​နား၊ တေ​လ​ဗိ​ဗ​ရွာ​မှာ နေ​ရာ​ကျ​သော သူ​တို့​ရှိ​ရာ​သို့ ငါ​ရောက်၍၊ သူ​တို့​နေ​ရာ​အ​ရပ်၌ ခု​နစ်​ရက်​ပတ်​လုံး မိန်း​မော​တွေ​ဝေ​လျက်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 3:15
10 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာတဒ်​ကောက်နယ်တလင်း​သို့​ရောက်​သောအခါ ထို​အရပ်​၌ သူ​တို့​သည် ခါးသီးစွာ​အော်ဟစ်​ငိုကြွေးမြည်တမ်း​ကြ​၏​။ ယောသပ်​သည် မိမိ​ဖခင်​အတွက် ခုနစ်​ရက်​ပတ်လုံး​ငိုကြွေးမြည်တမ်း​ခြင်း​ကို​ပြု​လေ​၏​။


သူ​တို့​သည် ယောဘ​ခံစား​ရ​သော​ဝေဒနာ​အလွန်​ပြင်းထန်​သည်​ကို မြင်​သဖြင့် မည်သူ​မျှ​စကား​မ​ပြော​ဘဲ သူ​နှင့်အတူ​မြေ​ပေါ်တွင် ခုနစ်​ရက်​ခုနစ်​ည​ထိုင်​နေ​လေ​၏​။


ငါ​တို့​သည် ဘေဘီလုံ​မြစ်​တို့​အနား​တွင် ထိုင်​၍ ဇိအုန်​ကို​သတိရ​လျက် ငိုကြွေး​ကြ​၏​။


ပရောဖက်​တို့​နှင့်​ပတ်သက်၍ ငါ့​စိတ်နှလုံး​သည် ကျိုးပဲ့​လျက်​၊ အရိုး​ရှိသမျှ​တို့​သည်​လည်း တုန်လှုပ်​လျက်​ရှိ​၏​။ ထာဝရဘုရား​ကြောင့်​၊ သန့်ရှင်း​သော​စကား​တော်​ကြောင့် ငါ​သည် အမူးသမား​ကဲ့သို့​၊ စပျစ်ဝိုင်​ယစ်မူး​သူ​ကဲ့သို့ ဖြစ်​၏​။


အနှစ်​သုံးဆယ်​ပြည့်​သော​နှစ်​၊ စတုတ္ထ​လ​၊ ငါး​ရက်​နေ့​တွင် ငါ​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​နှင့်အတူ ခေဗာ​မြစ်​နား​၌​ရှိ​နေ​စဉ် ကောင်းကင်​ပွင့်​၍ ဘုရားသခင်​ဖွင့်ပြ​တော်မူ​သော​နိမိတ်အာရုံ​ကို ငါ​မြင်​ရ​၏​။


ခါလဒဲ​ပြည်​၊ ခေဗာ​မြစ်​နား​တွင်​ရှိ​စဉ် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဗုဇိ​၏​သား​၊ ယဇ်ပုရောဟိတ် ယေဇကျေလ​ထံသို့ ရောက်လာ​၏​။ ထို​အရပ်​၌ ထာဝရဘုရား​သည် လက်​တော်​ကို သူ့​အပေါ်​တင်​လျက်​ရှိ​၏​။


ခေရုဗိမ်​တို့ ကြွတက်​သွား​ကြ​၏​။ ထို​ခေရုဗိမ်​တို့​သည် ခေဗာ​မြစ်​နား​တွင် ငါ​တွေ့​ခဲ့​သော​သတ္တဝါ​များ​ပင် ဖြစ်​၏​။


ငါ​သည်​လည်း လွင်ပြင်​သို့ ထ​သွား​သောအခါ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် ခေဗာ​မြစ်​နား​၌​မြင်​ခဲ့​ရ​သော ဘုန်းအသရေ​တော်​ကဲ့သို့ တည်​နေ​သည်​ကို တွေ့​ရ​သဖြင့် ငါ​ပျပ်ဝပ်​လေ​၏​။


ငါ​မြင်​ရ​သော​ဗျာဒိတ်အာရုံ​သည် ဘုရားသခင်​က မြို့​ကို​လာ​ဖျက်ဆီး​မည်​ဟု မိန့်ဆို​ခဲ့​စဉ်က မြင်​ခဲ့​ရ​သော ဗျာဒိတ်အာရုံ​နှင့်​တူ​၏​။ ထို​ဗျာဒိတ်အာရုံ​သည် ခေဗာ​မြစ်​နား​၌ ငါ​မြင်​ခဲ့​သော နိမိတ်အာရုံ​နှင့်​လည်း​တူ​၏​။ ထိုအခါ ငါ​ပျပ်ဝပ်​လေ​၏​။


အကျွန်ုပ်​သည် အသံ​တော်​ကို​ကြား​ရ​သောအခါ ရင်တုန်​ရ​ပါ​၏​၊ အသံ​တော်​ကြောင့် နှုတ်ခမ်း​လည်း တုန်ခါ​ပါ​၏​။ အရိုး​များ​လည်း ဆွေးမြည့်​ပါ​၏​။ ခြေ​များ​လည်း မခိုင်​တော့​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​၍ အကျွန်ုပ်​တို့​အား ကျူးကျော်တိုက်ခိုက်​သော​လူမျိုး​တို့​ရောက်လာ​သော​နေ့​တိုင်အောင် အကျွန်ုပ်​သည် နေရစ်​ရ​ပါ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ