Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

တော​လည် 4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


ကောဟတ်သားမြေးတို့၏တာဝန်

1 တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား

2 “​လေဝိ​အမျိုးသား​ထဲမှ ကောဟတ်​သားမြေး​တို့​တွင်

3 အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် လူဦးရေ​စာရင်း​ကောက်ယူ​လော့​။

4 တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ကောဟတ်​သားမြေး​တို့​လုပ်​ရ​မည့်​အလုပ်​ကား အထူး​သန့်ရှင်းသောအရာ​များ​နှင့်ဆိုင်သော​အလုပ် ဖြစ်​၏​။

5 တပ်စခန်း​ရွှေ့ပြောင်း​ချိန်​ရောက်​သောအခါ အာရုန်​နှင့်​သူ​၏​သား​တို့​သည်​ဝင်လာ​၍ ကန့်လန့်ကာ​ကို​ဖြုတ်သိမ်း​ပြီးလျှင် ထို​ကန့်လန့်ကာ​ဖြင့် သက်သေခံချက်​သေတ္တာ​တော်​ကို ဖုံးအုပ်​ရ​မည်​။

6 ကန့်လန့်ကာ​ပေါ်၌ တဟာရှ​သားရေ​ဖုံး​ကို ဖုံးအုပ်​၍ ထို​အပေါ်​၌ အပြာရောင်​အဝတ်​ကို​ဖြန့်ခင်း​ပြီးလျှင် သေတ္တာ​၏​ထမ်းပိုး​များ​ကို လျှိုသွင်း​ရ​မည်​။

7 ရှေ့​တော်​မုန့်​စားပွဲ​ပေါ်၌ အပြာရောင်​အဝတ်​ကို​ဖြန့်ခင်း​၍ ထို​အပေါ်​၌ လင်ပန်း​များ​၊ ခွက်​များ​၊ ပန်းကန်လုံး​များ​၊ သွန်းလောင်းရာပူဇော်သက္ကာ​အတွက် ကရား​များ​ကို တင်​ရ​မည်​။ နေ့စဉ်​တင်​ရ​သော​ရှေ့တော်မုန့်​ကို​လည်း စားပွဲ​ပေါ်၌ ထားရှိ​ရ​မည်​။

8 ထို​အရာ​တို့​ပေါ်၌ အနီရောင်​အဝတ်​ကို ဖြန့်ခင်း​၍ ထို​အဝတ်​ကို တဟာရှ​သားရေ​ဖုံး​ဖြင့် ဖုံးအုပ်​ပြီးလျှင် စားပွဲ​၏​ထမ်းပိုး​များ​ကို လျှိုသွင်း​ရ​မည်​။

9 အပြာရောင်​အဝတ်​ကို​ယူ​ပြီး မီးထွန်း​ရန်​အတွက် ဆီမီးခုံ​မှစ၍ ဆီမီးခုံ​၏​မီးခွက်​များ​၊ မီးညှပ်​များ​၊ မီးကျီးခံဗန်း​များ​နှင့် ဆီမီးခုံ​နှင့်ဆိုင်သော​အမှု​ကို​ဆောင်ရွက်​ရာ​တွင် အသုံးပြု​သည့် ဆီအိုး​ရှိသမျှ​တို့​ကို ဖုံးအုပ်​ရ​မည်​။

10 ထို​ဆီမီးခုံ​နှင့် ၎င်း​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို တဟာရှ​သားရေ​ဖုံး​နှင့်​ထုပ်​၍ ထမ်းစင်​ပေါ်​တင်​ရ​မည်​။

11 ရွှေ​ယဇ်ပလ္လင်​ပေါ်၌ အပြာရောင်​အဝတ်​ကို​ဖြန့်ခင်း​၍ ထို​အဝတ်​ကို တဟာရှ​သားရေ​ဖုံး​ဖြင့် ဖုံးအုပ်​ပြီးလျှင် ရွှေ​ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​ကို လျှိုသွင်း​ရ​မည်​။

12 သန့်ရှင်းရာဌာန​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင် အသုံးပြု​သည့် အမှု​တော်​နှင့်ဆိုင်သော​တန်ဆာပလာ​ရှိသမျှ​တို့​ကို​ယူ​ပြီးလျှင် အပြာရောင်​အဝတ်​နှင့်​ထုပ်​၍ တဟာရှ​သားရေ​ဖုံး​ဖြင့် ဖုံးအုပ်​ပြီး ထမ်းစင်​ပေါ်​တင်​ရ​မည်​။

13 ယဇ်ပလ္လင်​မှ ပြာ​ကို​ဖယ်ရှား​ပြီးလျှင် ယဇ်ပလ္လင်​ပေါ်၌ ခရမ်းရောင်​အဝတ်​ကို​ဖြန့်ခင်း​ရ​မည်​။

14 ထို​အဝတ်​ပေါ်တွင် ယဇ်ပလ္လင်​နှင့်ဆိုင်သော​အမှု​ကို​ဆောင်ရွက်​ရာ​တွင် အသုံးပြု​သည့် မီးကျီးခံဗန်း​၊ ခက်ရင်းခွ​၊ ဂေါ်ပြား​၊ ဇလုံ​စသည့်​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို တင်​ရ​မည်​။ ထို​အရာ​တို့​ပေါ်၌ တဟာရှ​သားရေ​ဖုံး​ကို ဖြန့်ခင်း​ပြီးလျှင် ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​ကို လျှိုသွင်း​ရ​မည်​။

15 တပ်စခန်း​ရွှေ့ပြောင်း​ချိန်​ရောက်​၍ အာရုန်​နှင့် သူ​၏​သား​တို့​သည် သန့်ရှင်းရာဌာန​နှင့် သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို ဖုံးအုပ်​ပြီး​နောက်တွင် ကောဟတ်​သားမြေး​တို့​သည် ၎င်း​တို့​ကို လာ​၍​သယ်ဆောင်​ရ​မည်​။ သူ​တို့​သည် သန့်ရှင်းသောအရာ​ကို မ​ထိ​ရ​။ ထိမိ​လျှင် သေ​ကြ​ရ​လိမ့်မည်​။ ဤသည်ကား တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ကောဟတ်​သားမြေး​တို့ ဆောင်ရွက်​ရ​သော​အမှု​ဖြစ်​၏​။

16 ယဇ်ပုရောဟိတ်​အာရုန်​၏​သား ဧလာဇာ​သည် မီးထွန်း​ရန်​အတွက်​ဆီ​၊ အမွှေးနံ့သာပေါင်း​၊ နေ့စဉ်​ပူဇော်​ရ​သော​ဘောဇဉ်ပူဇော်သက္ကာ​နှင့် ဘိသိက်​ဆီ​တို့​ကို ကြည့်ရှု​ထိန်းသိမ်း​ရ​မည်​။ ထို့ပြင် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တစ်ခုလုံး​၊ ထို​တဲ​တော်​ထဲ​ရှိ သန့်ရှင်းသောအရာ​နှင့်​တန်ဆာပလာ​ရှိသမျှ​တို့​ကို ကြည့်ရှု​ထိန်းသိမ်း​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။

17 တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား

18 “​ကောဟတ်​မျိုးနွယ်​၏​မျိုးနွယ်စု​တို့​ကို လေဝိ​အမျိုး​တို့​ထဲ​မှ မ​ပယ်ဖျက်​ရ​။

19 သူ​တို့​သည် အထူး​သန့်ရှင်းသောအရာ​တို့​အနီး​သို့​ချဉ်းကပ်​သောအခါ မ​သေ​ဘဲ အသက်ရှင်​ကြ​ရ​မည့်​အကြောင်း အာရုန်​နှင့်​သူ​၏​သား​တို့​သည် ထို​သူ​တို့​အသီးသီး လုပ်​ရ​မည့်​အလုပ်​၊ သယ်ဆောင်​ရ​မည့်​ဝန်​တို့​ကို လာ​၍​ချမှတ်​ပေး​ရ​မည်​။

20 သူ​တို့​သည် သန့်ရှင်းသောအရာ​တို့​ကို တစ်ခဏ​မျှ ဝင်​မ​ကြည့်​ရ​။ ကြည့်​မိ​လျှင် သေ​ကြ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ဂေရရှုန်သားမြေးတို့၏တာဝန်

21 တစ်ဖန် ထာဝရဘုရား​က မောရှေ​အား

22 “​ဂေရရှုန်​သားမြေး​တို့​တွင်​လည်း

23 အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​မျိုးနွယ်စု​အလိုက် လူဦးရေ​စာရင်း​ကောက်ယူ​လော့​။

24 ဂေရရှုန်​မျိုးနွယ်စု​များ​လုပ်​ရ​မည့်​အလုပ်​၊ သယ်ဆောင်​ရ​မည့်​ဝန်​တို့​မှာ ဤသို့​ဖြစ်​၏​။

25 သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ရွက်ထည်​များ​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အမိုး​၊ ထို​အမိုး​ပေါ်​ရှိ တဟာရှ​သားရေ​အမိုး​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​လိုက်ကာ​၊

26 ဝင်း​အကာ​များ​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့်​ယဇ်ပလ္လင်​ကို ပတ်ပတ်လည်​ကာ​ထား​သော​ဝင်း​၏​အဝင်ဝ​လိုက်ကာ​နှင့်တကွ​ကြိုး​များ​၊ ထို​အရာ​တို့​နှင့်ဆိုင်သော​တန်ဆာပလာ​ရှိသမျှ​တို့​ကို သယ်ဆောင်​ရ​မည်​။ ထို​အရာ​တို့​နှင့်​ပတ်သက်၍ လုပ်ဆောင်​ရ​မည့်​အလုပ်​ရှိသမျှ​တို့​ကို ဆောင်ရွက်​ရ​မည်​။

27 ဂေရရှုန်​၏​သားမြေး​တို့ သယ်ဆောင်​ရ​မည့်​ဝန်​၊ လုပ်​ရ​မည့်​အလုပ်​စသည့် သူ​တို့​နှင့်ဆိုင်သည့်​အလုပ်​ရှိသမျှ​တို့​ကို လုပ်ဆောင်​ရာ​တွင် အာရုန်​နှင့်​သူ့​သား​တို့​၏​အမိန့်​အတိုင်း လုပ်ဆောင်​ရ​မည်​ဖြစ်​၏​။ သင်​သည် သူ​တို့​သယ်ဆောင်​ရ​မည့်​ဝန်​ရှိသမျှ​တို့​ကို ချမှတ်​ပေး​ရ​မည်​။

28 ဤသည်ကား တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ဂေရရှုန်​သားမြေး​တို့​၏​မျိုးနွယ်စု​များ​နှင့်ဆိုင်သော​အလုပ်​ဖြစ်​၏​။ သူ​တို့​သည် ယဇ်ပုရောဟိတ်​အာရုန်​၏​သား ဣသမာ​၏​ဦးဆောင်မှု​အောက်​၌ တာဝန်​ထမ်းဆောင်​ရ​မည်​။


မေရာရိသားမြေးတို့၏တာဝန်

29 မေရာရိ​သားမြေး​တို့​တွင်​လည်း

30 အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​ရ​မည်​။

31 တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ သူ​တို့​တာဝန်ယူ​လုပ်ဆောင်​ရ​မည့်​အလုပ်​အားလုံး​ကား ဤသို့​ဖြစ်​၏​။ သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဘောင်​များ​၊ ကန့်လန့်ကျင်​များ​၊ တိုင်​များ​၊ အောက်ခံအစွပ်​များ​၊

32 ဝင်း​ပတ်ပတ်လည်​တိုင်​များ​၊ တိုင်​များ​၏​အောက်ခံအစွပ်​များ​၊ ငုတ်တိုင်​များ​၊ ကြိုး​များ​စသည့်​တန်ဆာပလာ​ရှိသမျှ​တို့​ကို သယ်ဆောင်​ရ​မည်​။ ထို​အရာ​တို့​နှင့်ဆိုင်သော​အလုပ်​ဟူသမျှ​တို့​ကို လုပ်ဆောင်​ရ​မည်​။ သူ​တို့​သယ်ဆောင်​ရ​မည့်​ပစ္စည်း​တို့​ကို အမည်​နှင့်တကွ ချမှတ်​ပေး​ရ​မည်​။

33 ဤသည်ကား တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင် ယဇ်ပုရောဟိတ်​အာရုန်​၏​သား ဣသမာ​၏​ဦးဆောင်မှု​အောက်​၌ မေရာရိ​သားမြေး​တို့​၏​မျိုးနွယ်စု​များ လုပ်ဆောင်​ရ​မည့်​အလုပ်​အားလုံး​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


မျိုးနွယ်စုအလိုက် လေဝိအမျိုးကို သန်းခေါင်စာရင်းကောက်ခြင်း

34 သို့ဖြစ်၍ မောရှေ​၊ အာရုန်​နှင့် လူထု​ခေါင်းဆောင်​တို့​သည် ကောဟတ်​၏​သားမြေး​တို့​တွင်

35 အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​လေ​၏​။

36 သူ​တို့​ကို မျိုးနွယ်စု​အလိုက်​ရေတွက်​ရာ​တွင် လူ​ပေါင်း​နှစ်ထောင့်​ခုနစ်​ရာ့​ငါးဆယ် ရှိ​၏​။

37 ဤသည်ကား မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မောရှေ​နှင့်​အာရုန်​တို့​ရေတွက်​ထား​သည့် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌​အမှု​တော်​ထမ်းဆောင်​သော​ကောဟတ်​မျိုးနွယ်စု​များ​၏​အရေအတွက် ဖြစ်​၏​။

38 ဂေရရှုန်​သားမြေး​တို့​တွင်

39 အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင် အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​လေ​၏​။

40 သူ​တို့​ကို မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​ရာ​တွင် လူ​ပေါင်း​နှစ်ထောင်​ခြောက်​ရာ​သုံးဆယ် ရှိ​၏​။

41 ဤသည်ကား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မောရှေ​နှင့်​အာရုန်​တို့ ရေတွက်​ထား​သည့် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​သော ဂေရရှုန်​မျိုးနွယ်စု​၏​အရေအတွက် ဖြစ်​၏​။

42 မေရာရိ​သားမြေး​တို့​၏​မျိုးနွယ်စု​တို့​တွင်

43 အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​လေ​၏​။

44 သူ​တို့​ကို မျိုးနွယ်စု​အလိုက် ရေတွက်​ရာ​တွင် လူ​ပေါင်း​သုံး​ထောင့်​နှစ်ရာ​ရှိ​၏​။

45 ဤသည်ကား မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မောရှေ​နှင့်​အာရုန်​တို့​ရေတွက်​ထား​သည့် မေရာရိ​သားမြေး​တို့​၏​မျိုးနွယ်စု​အရေအတွက် ဖြစ်​၏​။

46 မောရှေ​၊ အာရုန်​နှင့် အစ္စရေး​ခေါင်းဆောင်​တို့​သည် လေဝိ​အမျိုး​တို့​တွင်

47 အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​၊ ဝန်​များ​ကို​သယ်ဆောင်​ရန်​လာ​ကြ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​လေ​၏​။

48 သူ​တို့​၏​အရေအတွက်​မှာ လူ​ပေါင်း​ရှစ်​ထောင်​ငါး​ရာ​ရှစ်ဆယ် ဖြစ်​၏​။

49 မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း လူ​အသီးသီး​မိမိ​တို့​လုပ်​ရ​မည့်​အလုပ်​၊ သယ်ဆောင်​ရ​မည့်​ဝန်​အလိုက် သူ​တို့​ကို ခန့်အပ်​ထား​၏​။ ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း သူ​တို့​ကို ရေတွက်​လေ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ