ငါ့ကို အမျက်တော်ဖြင့် ဆွဲဆုတ်၍ ညှဉ်းဆဲတော်မူ၏။ ငါ့ကို အံကြိတ်ပြတော်မူ၏။ ငါ့ရန်သူသည် ငါ့ကို စိန်းစိန်းဝါးဝါးကြည့်၏။
ယောဘဝတ္တု။ 6:4 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။ Common Language Bible အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။ Garrad Bible အ န န္တ တန် ခိုး ရှင်၏ မြှား တော် များ သည်၊ ငါ့ ကို ခွင်း၍၊ မြှား ဆိပ် ကို ပင် ငါ့ စိတ် ဝိ ညာဉ် သုံး သောက် ရ၏။ ဘု ရား သ ခင် ထံ မှ ကြောက် လန့် ဖွယ် ရာ များ လည်း၊ ခင်း ကျင်း စီ စဉ် လျက် ရှိ လေ ပြီ။ Judson Bible အနန္တတန်ခိုးရှင် ပစ်တော်မူသော မြားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကို မွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဖွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။ |
ငါ့ကို အမျက်တော်ဖြင့် ဆွဲဆုတ်၍ ညှဉ်းဆဲတော်မူ၏။ ငါ့ကို အံကြိတ်ပြတော်မူ၏။ ငါ့ရန်သူသည် ငါ့ကို စိန်းစိန်းဝါးဝါးကြည့်၏။
ကိုယ်တော်၏ဗိုလ်ခြေတို့သည် အတူတကွချီတက်လာကြ၍ ကျုံးများကိုတူးလျက် ငါ့တဲပတ်ပတ်လည်တွင် စခန်းချကြ၏။
သူသည် မြွေဟောက်အဆိပ်ကို စုပ်ယူလိမ့်မည်။ မြွေပွေး၏လျှာသည် သူ့ကို သတ်လိမ့်မည်။
သူပျက်စီးသွားသည်ကို သူ့မျက်စိမြင်ရပါစေ။ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သူသောက်ရပါစေ။
ထိတ်လန့်ဖွယ်ဘေးတို့သည် ငါ့ထံသို့ ပြေးဝင်လာ၍ ငါ့ဂုဏ်သရေကို လေကဲ့သို့ တိုက်ချလေပြီ။ ငါ၏စည်းစိမ်ဥစ္စာကိုလည်း တိမ်တိုက်ကဲ့သို့ လွင့်မျောသွားစေပြီ။
ဘုရားသခင်ထံမှလာမည့်ဘေးဒုက္ခကို ငါကြောက်၏။ ဘုန်းတော်ကြောင့် မည်သည့်အမှုကိုမျှ ငါမပြုဝံ့ပါ။
ငါမှန်ကန်သော်လည်း ငါလိမ်လည်သည်ဟု အထင်ခံရ၏။ ငါအပြစ်မကျူးလွန်သော်လည်း ကုသ၍မပျောက်သောအနာကို ငါခံစားရ၏’ဟု ဆိုပြီ။
လူကိုစောင့်ကြည့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ်ပြုမိပြီလော။ ကိုယ်တော့်ကိုမည်သို့ပြုမိပါသနည်း။ အကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုးဖြစ်ရသည်အထိ အဘယ်ကြောင့်အကျွန်ုပ်ကိုပစ်မှတ်ထားတော်မူပါသနည်း။
အကြောင်းမှာ ကိုယ်တော်သည် မိုးသက်မုန်တိုင်းဖြင့် ငါ့ကိုကြေမွစေတော်မူပြီ။ အကြောင်းမရှိဘဲ ငါ၌ ဒဏ်ရာများပြားစေတော်မူခဲ့ပြီ။
အို ထာဝရဘုရား၊ အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။ အကျွန်ုပ်၏ဝိညာဉ်သည် အားအင်ကုန်ခန်းပါပြီ။ အကျွန်ုပ်သည် သေတွင်းထဲသို့ ဆင်းသွားသောသူတို့ကဲ့သို့ မဖြစ်ရပါမည့်အကြောင်း အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။
မြားတို့ကို ပစ်လွှတ်၍ ရန်သူတို့ကို ကွဲလွင့်စေတော်မူ၏။ လျှပ်စီးလက်စေ၍ သူတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။
အကြောင်းမူကား ကိုယ်တော်သည် ကိုယ်တော်၏လေးကြိုးကိုတင်လျက် သူတို့၏မျက်နှာကိုချိန်ထား၍ သူတို့ကိုနောက်လှည့်ပြေးစေတော်မူလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်၏မြားတို့သည် အကျွန်ုပ်၌စူးဝင်၍ ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုဖိထားလျက်ရှိပါ၏။
ကိုယ်တော်၏အမျက်တော်ကြောင့် အကျွန်ုပ်၏ကိုယ်ခန္ဓာ၌ အနာတရကင်းသောနေရာမရှိပါ။ အကျွန်ုပ်၏အပြစ်များကြောင့် အကျွန်ုပ်၏အရိုးတို့သည် သန်စွမ်းခြင်းမရှိပါ။
ကိုယ်တော်၏မြားတို့သည် ချွန်ထက်၍ ရှင်ဘုရင်၏ရန်သူတို့နှလုံးသားထဲသို့စူးဝင်ကြ၏။ လူမျိုးတကာတို့သည် ခြေတော်အောက်၌လဲကြပါ၏။
သေစေတတ်သောလက်နက်တို့ကိုလည်း ထိုသူအတွက်ပြင်ဆင်၍ မီးမြားတို့ကို ပြင်ဆင်ထားတော်မူမည်။
စိတ်နှလုံးသည် မိမိ၏နာကြည်းခြင်းကို မိမိသိ၏။ မိမိ၏ဝမ်းမြောက်ခြင်းကိုလည်း အခြားမည်သူကမျှ ဝင်ရောက်ခံစား၍မရပေ။
လူ၏စိတ်သည် သူ၏ရောဂါဝေဒနာကို ခံရပ်နိုင်၏။ သို့သော် စိတ်ထိခိုက်နာကျင်ခြင်းကိုကား မည်သူခံနိုင်မည်နည်း။
ဖြတ်သွားသည့်အခါတိုင်း သင်တို့ကိုယူဆောင်သွားမည်။ နံနက်တိုင်း၊ နေ့တိုင်း၊ ညတိုင်းဖြတ်သွားမည်။ သတင်းကြားရုံဖြင့် ထိတ်လန့်ခြင်းကို ဖြစ်စေမည်”ဟု မိန့်တော်မူ၏။
ရန်သူကဲ့သို့ လေးကိုတင်တော်မူပြီ။ ရန်ဖက်ကဲ့သို့ လက်ယာလက်တော်ကို အသင့်ရှိစေ၍ လူတို့ တန်ဖိုးထားရသောသူအပေါင်းတို့ကို ကွပ်မျက်တော်မူပြီ။ ဇိအုန်သမီးပျို၏တဲအပေါ်၌ မီးကဲ့သို့သောအမျက်တော်ကို သွန်ချတော်မူပြီ။
စင်စစ် ကိုယ်တော်သည် လက်ကိုဆန့်၍ ငါ့ကို တစ်နေ့လုံး အကြိမ်ကြိမ်ဆုံးမတော်မူပြီ။
မွန်းလွဲသုံးနာရီအချိန်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ဖြစ်၏။
ထို့ကြောင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့်ပတ်သက်သည့်အကြောင်းကို ငါတို့သိသဖြင့် လူတို့ကိုစည်းရုံးကြ၏။ ငါတို့အကြောင်းသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှားပြီဖြစ်၍ သင်တို့၏အသိစိတ်၌လည်း ထင်ရှားပြီဟု ငါမျှော်လင့်၏။
ငါ့မြားတို့ကို သွေးဖြင့်ယစ်မူးစေမည်။ ငါ့ဓားသည် အသားကိုစားမည်။ အသတ်ခံရသူ၊ အဖမ်းဆီးခံရသူတို့၏သွေးကိုသောက်မည်။ ရန်သူ့ခေါင်းဆောင်တို့၏ဦးခေါင်းကိုလည်း စားမည်”ဟူ၍ ငါကျိန်ဆိုသည်’ဟု မိန့်တော်မူ၏။
နောမိကလည်း “အကျွန်ုပ်ကို နောမိဟု မခေါ်ပါနှင့်။ မာရဟု ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် အကျွန်ုပ်အား ခါးသီးစွာခံစားရစေတော်မူပြီ။