သုတ္တံကျမ်း။ 14:10 - မြန်မာ့စံမီသမ္မာကျမ်း10 စိတ်နှလုံးသည် မိမိ၏နာကြည်းခြင်းကို မိမိသိ၏။ မိမိ၏ဝမ်းမြောက်ခြင်းကိုလည်း အခြားမည်သူကမျှ ဝင်ရောက်ခံစား၍မရပေ။ အခန်းကိုကြည့်ပါ။Common Language Bible10 စိတ်နှလုံးသည် မိမိဒုက္ခကို သိ၏။ စိတ်နှလုံး ရွှင်လန်းခြင်း အကြောင်းကိုလည်း သူတပါးမဆိုင်တတ်။ အခန်းကိုကြည့်ပါ။Garrad Bible10 စိတ် နှ လုံး သည်၊ မိ မိ နစ် နာ ခြင်း အ ကြောင်း ကို သိ တတ်၏။ ၎င်း၏ ရွှင် လန်း ခြင်း နှင့် သူ တစ် ထူး မ စပ် ဆိုင်။ အခန်းကိုကြည့်ပါ။Judson Bible10 စိတ်နှလုံးသည် မိမိဒုက္ခကိုသိ၏။ စိတ်နှလုံးရွှင်လန်းခြင်းအကြောင်းကိုလည်း သူတစ်ပါး မဆိုင်တတ်။ အခန်းကိုကြည့်ပါ။ |
ထိုအခါ သူတို့က “အကယ်စင်စစ် ငါတို့သည် ငါတို့ညီအပေါ်ပြုခဲ့သောအမှုအတွက် အပြစ်ရှိသောသူများဖြစ်ကြ၏။ သူသည် ငါတို့ကိုအသနားခံသောအခါ သူစိတ်ဒုက္ခရောက်နေသည်ကိုငါတို့မြင်ရသော်လည်း ငါတို့နားမထောင်ခဲ့ကြချေ။ ထို့ကြောင့် ထိုဒုက္ခသည် ငါတို့အပေါ်သို့ရောက်လေပြီ”ဟု အချင်းချင်းပြောဆိုကြ၏။