Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 7:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 လူ​ကို​စောင့်ကြည့်​တော်မူ​သော​အရှင်​၊ အကျွန်ုပ်​အပြစ်​ပြု​မိ​ပြီ​လော​။ ကိုယ်တော့်​ကို​မည်သို့​ပြု​မိ​ပါ​သနည်း​။ အကျွန်ုပ်​သည် ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုး​ဖြစ်​ရ​သည်​အထိ အဘယ်ကြောင့်​အကျွန်ုပ်​ကို​ပစ်မှတ်​ထား​တော်မူ​ပါ​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 လူကိုစောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာ စက်သွင်းတော်မူသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 လူ တို့ ကို စောင့် ကြည့် တော် မူ သော အ ရှင်၊ အ ကျွန်ုပ် ပြစ် မှား သည် မှန် ပါ က၊ ကိုယ် တော် အား မည် သို့ ပြု မိ ပါ သ နည်း။ အ သက် ရှင် ခြင်း ဝန် လေး သည့် တိုင် အောင်၊ ရှေ့ တော် တွင် ခ လုတ် အ ဖြစ် ဖြင့်၊ အ ကျွန်ုပ် ကို အ ဘယ့် ကြောင့် ထား တော် မူ ပါ သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 လူ​ကို စောင့်​တော်​မူ​သော​အ​ရှင်၊ အ​ကျွန်ုပ်​အ​ပြစ်​ရှိ​သည် မှန်​ပါ​စေ​တော့။ ကိုယ်​တော်​ရှေ့​မှာ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ရ​သည်​တိုင်​အောင် အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် ပစ်စရာစက်သွင်း​တော်​မူ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 7:20
21 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ထာဝရဘုရား​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် မိုးကောင်းကင်​၊ အမြင့်ဆုံးသောကောင်းကင်​နှင့်​ကောင်းကင်တန်ဆာ​အားလုံး​၊ မြေကြီး​နှင့်​မြေကြီး​တန်ဆာ​အားလုံး​၊ ပင်လယ်​နှင့်​ပင်လယ်တန်ဆာ​အားလုံး​ကို ဖန်ဆင်း​တော်မူ​၍ ထို​အရာ​အားလုံး​ကို​လည်း အသက်ရှင်​စေ​တော်မူ​၏​။ ကောင်းကင်​ဗိုလ်ခြေ​တို့​သည် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​ကြ​ပါ​၏​။


အကျွန်ုပ်​အပြစ်ပြု​မိ​လျှင် ကိုယ်တော်​မှတ်​တော်မူ​ပြီး အပြစ်​မှ​ကင်းလွတ်​ခွင့်​ကို အကျွန်ုပ်​အား ပေး​တော်မူ​မည်​မ​ဟုတ်​။


ငါ​သည် ဘုရားသခင်​အား ‘​အကျွန်ုပ်​ကို အပြစ်ရှိ​သည်​ဟု မ​စီရင်​ပါ​နှင့်​။ အဘယ်ကြောင့် အကျွန်ုပ်​အား စွဲချက်တင်​တော်မူ​သည်​ကို အကျွန်ုပ်​အား မိန့်ဆို​တော်မူ​ပါ​။


ထို့ကြောင့် ကိုယ်တော်​သည် အကျွန်ုပ်​၏​အမှား​ကို ရှာ​၍ အကျွန်ုပ်​၏​အပြစ်​ကို စိစစ်​နေ​သလော​။


အကျွန်ုပ်​အဖို့ ပြင်းထန်​သော​စွဲချက်​များ​ကို ရေးမှတ်​ထား​၍ အကျွန်ုပ်​ငယ်စဉ်​က ပြု​မိ​သော​ဒုစရိုက်​များ​ကို ပြန်၍​ခံရ​စေ​တော်မူ​၏​။


အကယ်စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​၏​ခြေလှမ်း​တို့​ကို ရေတွက်​တော်မူ​သော်လည်း အကျွန်ုပ်​၏​အပြစ်​ကို မှတ်​တော်​မ​မူ​ပါ​။


သင်​ပြု​သော​မကောင်းမှု​များ​မှာ များပြား​လွန်း​သည်​မ​ဟုတ်​လော​။ သင်​ပြု​သော​အပြစ်​များ​မှာ​လည်း အဆုံး​မ​ရှိ​။


ငါ​သည် စားသောက်​ရ​မည့်​အစား ငိုကြွေး​နေ​ရ​ပါ​၏​။ ရေ​စီးဆင်း​သကဲ့သို့ ညည်းတွား​နေ​ရ​ပါ​၏​။


ငါ​သည် အခြား​သော​သူ​တို့​ပြု​တတ်​သကဲ့သို့ ကိုယ့်​အပြစ်​ကို ဖုံးကွယ်​ဖူး​သလော​။ ကိုယ့်​ဒုစရိုက်​ကို စိတ်​ထဲ၌​ဝှက်​ထား​ဖူး​သလော​။


သူ​သည် လူ​တို့​ကို​ကြည့်ရှု​၍ ‘​ငါ​သည် ဖြောင့်မှန်​သော​လမ်း​မှ​လွဲ​၍ အပြစ်ပြု​မိ​ပြီ​။ သို့သော် ငါ​ခံထိုက်​သော​အပြစ်​ကို ခံ​စေ​တော်​မ​မူ​။


သင်​က ‘​ငါ​သန့်ရှင်း​၏​။ ကျူးလွန်​သော​အပြစ်​မ​ရှိ​။ ငါ​အပြစ်ကင်း​၏​။ ငါ​၌​အပြစ်​မ​ရှိ​။


‘​ငါ​အပြစ်​မ​ပြု​လျှင် ကိုယ်တော့်​အဖို့ မည်သို့​အကျိုးရှိ​မည်နည်း​။ ငါ့​အဖို့​လည်း မည်သို့​အကျိုးရှိ​မည်နည်း​’​ဟု သင်​ဆို​၏​။


သင်​အပြစ်ပြု​လျှင်လည်း ကိုယ်တော့်​ကို မည်သို့​ထိခိုက်​စေ​နိုင်​မည်နည်း​။ သင်​အပြစ်​များစွာ​ကျူးလွန်​လျှင်လည်း ကိုယ်တော့်​ကို မည်သို့​ဖြစ်​စေ​နိုင်​မည်နည်း​။


အကယ်စင်စစ် အနန္တတန်ခိုးရှင်​ထံမှ မြား​တို့​သည် ငါ့​ကိုယ်​၌​စိုက်ဝင်​လျက်​ရှိ​၏​။ ငါ့​စိတ်ဝိညာဉ်​သည် ထို​မြား​တို့​၏​အဆိပ်ရည်​ကို သောက်သုံး​နေ​ရ​၏​။ ဘုရားသခင်​ထံမှ ကြောက်မက်ဖွယ်​ရာ​တို့​သည် ငါ့​ရှေ့​၌ တန်းစီ​လျက်​ရှိ​၏​။


အကြောင်းမူကား ကိုယ်တော်​သည် ကိုယ်တော်​၏​လေးကြိုး​ကို​တင်​လျက် သူ​တို့​၏​မျက်နှာ​ကို​ချိန်​ထား​၍ သူ​တို့​ကို​နောက်​လှည့်ပြေး​စေ​တော်မူ​လိမ့်မည်​။


ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် မြင့်မား​သော​တောင်​များ​ကဲ့သို့​လည်းကောင်း​၊ ကိုယ်တော်​၏​တရားစီရင်​ခြင်း​တို့​သည် အလွန်​နက်ရှိုင်း​ရာ​အရပ်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လူ​နှင့်​တိရစ္ဆာန်​တို့​ကို ကယ်တင်​တော်မူ​၏​။


အို ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အမျက်​တော်​သည် ကိုယ်တော့်​လူမျိုး​တော်​၏​ဆုတောင်း​ခြင်း​အပေါ် မည်မျှ​ကြာ​အောင် တငွေ့ငွေ့​လောင်​တော်မူ​မည်နည်း​။


ကိုယ်တော်​သည် လေး​ကို​တင်​ပြီး ငါ့​ကို​ပစ်မှတ်​ထား​၍ မြား​ဖြင့်​ချိန်ရွယ်​တော်မူ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ