Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 16:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ငါ့​ကို အမျက်​တော်​ဖြင့် ဆွဲဆုတ်​၍ ညှဉ်းဆဲ​တော်မူ​၏​။ ငါ့​ကို အံကြိတ်ပြ​တော်မူ​၏​။ ငါ့​ရန်သူ​သည် ငါ့​ကို စိန်းစိန်းဝါးဝါး​ကြည့်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ်၍ ညှဉ်းဆဲတတ်၏။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ၏။ ငါ့ရန်သူသည်ငါ့ကို မျက်စောင်းထိုး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ကိုယ် တော် သည် အ ကျွန်ုပ် ကို အ မျက် တော် နှင့် သတ် ဖြတ်၍ ရန် ငြိုး ဖွဲ့ တော် မူ၏။ ရန် သူ သည် အံ ကြိတ် လျက် စ က္ခု တော် ကို ရှင် စေ ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အ​မျက်​တော်​သည် ငါ့​ကို​အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်၍ ညှဉ်း​ဆဲ​တတ်၏။ ငါ့​အ​ပေါ်​မှာ အံ​သွား​ခဲ​ကြိတ်​ခြင်း​ကို ပြု​တော်​မူ၏။ ငါ့​ရန်​သူ​သည် ငါ့​ကို မျက်​စောင်း​ထိုး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 16:9
17 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့် အကျွန်ုပ်​ထံမှ မျက်နှာလွှဲ​တော်မူ​၍ အကျွန်ုပ်​ကို ရန်သူ​ကဲ့သို့ ထင်မှတ်​တော်မူ​ပါ​သနည်း​။


အကျွန်ုပ်​၏​ခြေ​ကို ထိတ်တုံးခတ်​ထား​တော်မူ​၏​။ အကျွန်ုပ်​သွား​သော​လမ်း​အားလုံး​ကို စောင့်ကြည့်​၍ အကျွန်ုပ်​ကို ခြေရာခံ​လိုက်​တော်မူ​၏​။


သင်​အမျက်ထွက်​၍ သင့်ကိုယ်သင် ဆွဲဆုတ်​ပစ်​လျှင်ပင် ထို့အတွက် မြေကြီး ဆိတ်သုဉ်း​သွား​ရ​မည်လော​။ ကျောက်ဆောင်​လည်း နေရာ​မှ​ရွေ့ပေး​ရ​မည်လော​။


ငါ့​ကို အမျက်ထွက်​၍ ရန်သူ​ကဲ့သို့ မှတ်​တော်မူ​ပြီ​။


ကိုယ်တော်​သည် အကျွန်ုပ်​ကို ရက်စက်​စွာ​ပြု​တော်မူ​ပြီ​။ အားကြီး​သော​လက်​တော်​ဖြင့် ညှဉ်းဆဲ​တော်မူ​ပြီ​။


သို့သော် ဘုရားသခင်​သည် ငါ့​ကို အပြစ်​ရှာ​၍ ရန်သူ​ကဲ့သို့​မှတ်​တော်မူ​၏​။


အကယ်စင်စစ် အနန္တတန်ခိုးရှင်​ထံမှ မြား​တို့​သည် ငါ့​ကိုယ်​၌​စိုက်ဝင်​လျက်​ရှိ​၏​။ ငါ့​စိတ်ဝိညာဉ်​သည် ထို​မြား​တို့​၏​အဆိပ်ရည်​ကို သောက်သုံး​နေ​ရ​၏​။ ဘုရားသခင်​ထံမှ ကြောက်မက်ဖွယ်​ရာ​တို့​သည် ငါ့​ရှေ့​၌ တန်းစီ​လျက်​ရှိ​၏​။


ပွဲ​၌​လှောင်ပြောင်​ကဲ့ရဲ့​တတ်​သော ဘုရားတရားမဲ့​သူ​များ​ကဲ့သို့ သူ​တို့​သည် ငါ့​ကို​ကြည့်​လျက် အံကြိတ်​ကြ​၏​။


ဆိုးယုတ်​သော​သူ​သည် ဖြောင့်မတ်​သော​သူ​အပေါ် မကောင်း​ကြံစည်​ကာ သူ့​ကို​ကြည့်​လျက် အံကြိတ်​တတ်​၏​။


ဘုရားသခင်​ကို​မေ့လျော့​တတ်​သော​သူ​တို့​၊ ဤ​အချက်​ကို သတိ​နှင့်​ဆင်ခြင်​ကြ​လော့​။ သို့မဟုတ်​ပါက ငါ​သည် သင်​တို့​ကို အပိုင်းပိုင်း​ဆုတ်ဖြဲ​သဖြင့် ကယ်နုတ်​သူ​မ​ရှိ​ဖြစ်​လိမ့်မည်​။


သင်​၏​ရန်သူ​အပေါင်း​တို့​သည် နှုတ်​ကို​ဖွင့်​၍ သင့်​ကို​ကဲ့ရဲ့​လျက် “​ဤ​မြို့​ကို ငါ​တို့​ဝါးမျို​ကြ​ပြီ​။ စင်စစ် ဤ​နေ့​သည် ငါ​တို့​စောင့်မျှော်​သော​နေ့​ဖြစ်​၏​။ ငါ​တို့​ကြုံ​ရ​ပြီ​။ ငါ​တို့​မြင်​ရ​ပြီ​”​ဟု အားရကျေနပ်​စွာ​ဆို​ကြ​ပြီ​။


ကိုယ်တော်​သည် ငါ့​ကို ချောင်းမြောင်း​နေ​သော​ဝက်ဝံ​၊ ကွယ်​ရာ​၌​ပုန်း​နေ​သော​ခြင်္သေ့​ကဲ့သို့ ဖြစ်စေ​တော်မူ​ပြီ​။


ငါ​သည် ဧဖရိမ်​အဖို့ ခြင်္သေ့​ကြီး​ကဲ့သို့​လည်းကောင်း​၊ ယုဒ​အမျိုးအနွယ်​အဖို့ ခြင်္သေ့ပျို​ကဲ့သို့​လည်းကောင်း ဖြစ်​၏​။ ငါ​ကိုယ်တော်တိုင် သူ​တို့​ကို ကိုက်ဖြဲ​ပြီး ချီယူ​သွား​မည်​။ သူ​တို့​ကို မည်သူ​မျှ ကယ်တင်​နိုင်​မည်​မ​ဟုတ်​။


လာ​ကြ​၊ ထာဝရဘုရား​ထံ ပြန်လှည့်​ကြ​စို့​။ ကိုယ်တော်​သည် ငါ​တို့​ကို အပိုင်းပိုင်း​ဆွဲဖဲ့​သော်လည်း ပြန်လည်​ကုသ​ပေး​တော်မူ​မည်​။ ဒဏ်ရာ​ရ​စေ​သော်လည်း အနာ​ကို​ပတ်စည်း​ပေး​တော်မူ​မည်​။


အို အချင်း​ရန်သူ​၊ ငါ့​ကြောင့် သင်​ဝမ်း​မ​မြောက်​နှင့်​။ ငါ​သည် လဲကျ​သော်လည်း ပြန်ထ​မည်​။ မှောင်မိုက်​၌ နေ​ရ​သော်လည်း ထာဝရဘုရား​သည် ငါ​၏​အလင်း​ဖြစ်​တော်မူ​လိမ့်မည်​။


သူ​တို့​သည် ဤ​အကြောင်းအရာ​တို့​ကို ကြား​ကြ​သောအခါ သူ​တို့​၏​စိတ်​ထဲတွင် သတေဖန်​အပေါ် ပြင်းစွာ​အမျက်ထွက်​၍ အံကြိတ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ