ယဇ်ပုရောဟိတ်တို့ကို ခြေဗလာဖြင့် ဖမ်းခေါ်သွားစေ၍ အားကြီးသောသူတို့ကိုလည်း ရှုံးနိမ့်စေတော်မူ၏။
ယောဘဝတ္တု။ 35:9 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် အပြင်းအထန်ညှဉ်းပန်းနှိပ်စက်ခံရသောကြောင့် အော်ဟစ်ငိုယိုတတ်ကြ၏။ အားကြီးသူတို့ နှိပ်စက်သောကြောင့် အကူအညီအော်ဟစ်တောင်းခံတတ်ကြ၏။ Common Language Bible များပြားသော ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် အော်ဟစ်တတ်ကြ၏။ အားကြီးသောသူ နှိပ်စက် သောကြောင့်၊ ပြင်းစွာ အော်ဟစ်တတ်ကြ၏။ Garrad Bible ညှဉ်း ပန်း မှု များ ပြား သည့် အ တွက် နှင့်၊ အ စွမ်း တန် ခိုး ရှိ သူ တို့ လက် ရုံး အ တွက်၊ လူ တို့ တ အော် ဟစ် ကြွေး ရ ကြ သော် လည်း၊ Judson Bible များပြားသော ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည် အော်ဟစ်တတ်ကြ၏။ အားကြီးသောသူ နှိပ်စက်သောကြောင့်၊ ပြင်းစွာအော်ဟစ်တတ်ကြ၏။ |
ယဇ်ပုရောဟိတ်တို့ကို ခြေဗလာဖြင့် ဖမ်းခေါ်သွားစေ၍ အားကြီးသောသူတို့ကိုလည်း ရှုံးနိမ့်စေတော်မူ၏။
အကြောင်းမူကား သူသည် ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်ထားပြီး ကိုယ်တိုင်မဆောက်သောအိမ်ကိုလည်း လုယူလေပြီ။
မြို့သားတို့သည် ညည်းတွားလျက်၊ ဒဏ်ရာရသူတို့သည်လည်း အကူအညီအော်ဟစ်တောင်းခံလျက် နေရပါ၏။ သို့သော် ထိုမတရားမှုကို ဘုရားသခင် အရေးစိုက်တော်မမူ။
ဆင်းရဲသောသူတို့၏ငိုကြွေးသံကို အထံတော်သို့ ရောက်စေ၍ အဖိနှိပ်ခံရသောသူတို့၏ငိုကြွေးသံကို ကိုယ်တော်ကြားတော်မူ၏။
သင်ဆိုးယုတ်လျှင် သင်ကဲ့သို့သောလူကို ထိခိုက်နိုင်၏။ သင်ဖြောင့်မတ်လျှင် လူသားကို အကျိုးပြုနိုင်၏။
ငါဘုရားသခင်၏လက်ရုံးမျိုး သင်၌ရှိသလော။ မိုးချုန်းသံကဲ့သို့သောအသံမျိုး သင်၌ရှိသလော။
ဆိုးယုတ်သောသူနှင့် မကောင်းမှုပြုသောသူတို့၏လက်ရုံးကို ချိုးတော်မူပါ။ သူတို့၏ဆိုးယုတ်မှုကို တစ်ခုမကျန်တွေ့ရှိအောင်စစ်ဆေးတော်မူပါ။
ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏မှီခိုရာဘုရားသခင်ဖြစ်တော်မူ၏။ အဘယ်ကြောင့် အကျွန်ုပ်ကို ငြင်းပယ်တော်မူသနည်း။ အကျွန်ုပ်သည် အဘယ်ကြောင့် ရန်သူတို့၏ဖိနှိပ်မှုထဲ၌ ဝမ်းနည်းပူဆွေးလျက်သွားလာရပါသနည်း။
ကာလအတန်ကြာပြီးနောက် အီဂျစ်ဘုရင်သည်လည်း အနိစ္စရောက်လေ၏။ အစ္စရေးအမျိုးသားတို့သည်လည်း ကျွန်ပြုခံရသောကြောင့် ညည်းတွား၍ အော်ဟစ်ကြ၏။ ထိုသို့ ကျွန်ပြုခံရသောကြောင့် အော်ဟစ်သောသူတို့၏အသံသည် ဘုရားသခင်အထံတော်သို့ ရောက်လေ၏။
အကယ်၍ သင်နှိပ်စက်၍ သူတို့သည် ငါ့ထံ အော်ဟစ်မည်ဆိုလျှင် သူတို့၏အော်ဟစ်ငိုကြွေးသံကို ငါအသေအချာနားထောင်မည်။
ထာဝရဘုရားက “အီဂျစ်ပြည်၌ရှိသောငါ့လူမျိုးတော်ခံရသည့် ဖိစီးနှိပ်စက်မှုကို အမှန်တကယ် ငါမြင်ပြီ။ အဓမ္မစေခိုင်းသူများကြောင့် သူတို့၏အော်ဟစ်ငိုကြွေးသံကိုလည်း ငါကြားပြီ။ အကယ်စင်စစ် သူတို့၏ဒုက္ခဝေဒနာများကို ငါသိပြီ။
ယခု အစ္စရေးအမျိုးသားတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်၍ သူတို့အား အီဂျစ်လူမျိုးတို့ဖိနှိပ်ညှဉ်းဆဲကြသည်ကိုလည်း ငါမြင်ပြီ။
တစ်ဖန် နေအောက်တွင်ပြုသောနှိပ်စက်မှုရှိသမျှတို့ကို ငါပြန်၍တွေ့မြင်၏။ ကြည့်ရှုလော့။ နှိပ်စက်ခံရသောသူတို့သည် မျက်ရည်ကျသော်လည်း သူတို့ကိုနှစ်သိမ့်ပေးမည့်သူမရှိ။ သူတို့ကိုနှိပ်စက်သောသူတို့၏လက်တွင် တန်ခိုးအာဏာရှိသဖြင့် သူတို့ကို နှစ်သိမ့်ပေးမည့်သူမရှိ။
အိပ်ရာထက်တွင် ညည်းတွားမြည်တမ်းကြသော်လည်း စိတ်နှလုံးပါလျက် ငါ့ထံဆုမတောင်းကြ။ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ရရှိရန် စုရုံးကြပြီး ငါ့ကို ကျောခိုင်းသွားကြပြီ။
သူသည် ဆင်းရဲသဖြင့် မိမိလုပ်အားခကိုမှီ၍ အသက်ဆက်ရသောကြောင့် သူ၏လုပ်အားခကို နေမဝင်မီ နေ့ချင်းပေးရမည်။ မပေးဘဲနေလျှင် သူသည် ထာဝရဘုရားထံဟစ်အော်သဖြင့် သင့်အပေါ်အပြစ်သက်ရောက်လိမ့်မည်။