Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 40:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ငါ​ဘုရားသခင်​၏​လက်ရုံး​မျိုး သင်​၌​ရှိ​သလော​။ မိုးချုန်းသံ​ကဲ့သို့သော​အသံ​မျိုး သင်​၌​ရှိ​သလော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ငါ ဘု ရား ကဲ့ သို့ လက် ရုံး ရည် ရှိ သည့် ပြင်၊ ငါ့ အ သံ ကဲ့ သို့ မိုး ချုန်း နိုင် သ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 သင်​သည် ဘု​ရား​သ​ခင်၏ လက်​ရုံး​ကဲ့​သို့​သော လက်​ရုံး​ရှိ​သ​လော။ ဘု​ရား​သ​ခင်၏ အ​သံ​ကဲ့​သို့​သော​အ​သံ​နှင့် မိုး​ချုန်း​နိုင်​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 40:9
18 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် မဟာ​တန်ခိုး​တော်​ဖြင့် ငါ့​ကို ငြင်းဆန်​မည်လော​။ ထိုသို့​မ​ဟုတ်​ပါ​။ အကယ်စင်စစ် ကိုယ်တော်​သည် ငါ့​စကား​ကို နားထောင်​ပေး​တော်မူ​လိမ့်မည်​။


ကိုယ်တော့်​ထံမှ မြည်ဟိန်း​သော​အသံ​၊ နှုတ်​တော်​မှ​ထွက်​သော​အသံ​တော်​ကို သေချာ​စွာ​နားထောင်​ကြ​လော့​။


ဉာဏ်ပညာ​တန်ခိုး​ကြီး​တော်မူ​သော​ဘုရား​ကို မည်သူ​သည် ဆန့်ကျင်အာခံ​ပြီး အသက်ချမ်းသာ​ရာ​ရ​ဖူး​သနည်း​။


ထာဝရဘုရား​၏​အသံ​တော်​သည် ရေ​ပေါ်၌​ရှိ​တော်မူ​၏​။ ဘုန်းကြီး​သော​ဘုရား​သည် ထစ်ချုန်း​တော်မူ​၏​။ ထာဝရဘုရား​သည် များစွာ​သော​ရေ​ပေါ်၌​ရှိ​တော်မူ​၏​။


ထာဝရဘုရား​၏​အသံ​တော်​သည် တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​၏​။ ထာဝရဘုရား​၏​အသံ​တော်​သည် ဘုန်းအာနုဘော်​နှင့်​ပြည့်စုံ​တော်မူ​၏​။


ကိုယ်တော်​သည် ရာဟပ်​ကို အသေကောင်​ကဲ့သို့ ချေမှုန်း​တော်မူ​၏​။ ကိုယ်တော်​၏​တန်ခိုးကြီး​သော​လက်ရုံး​တော်​ဖြင့် ကိုယ်တော်​၏​ရန်သူ​တို့​ကို ဖရိုဖရဲ​ဖြစ်စေ​တော်မူ​၏​။


ကိုယ်တော်​၌ အစွမ်းတန်ခိုး​နှင့်​ပြည့်စုံ​သော​လက်ရုံး​တော်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​သည် တန်ခိုးကြီး​၍ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ချီးမြှောက်​ခြင်း​ရှိ​ပါ​၏​။


ထာဝရဘုရား​ထံသို့ သီချင်း​အသစ်​ကို သီကျူး​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် အံ့ဖွယ်​သော​အမှု​တို့​ကို​ပြု​တော်မူ​ပြီ​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​နှင့် ကိုယ်တော်​၏​သန့်ရှင်း​သော​လက်ရုံး​တော်​သည် ကိုယ်တော့်​အဖို့ ကယ်တင်​ခြင်း​အမှု​ကို ပြု​တော်မူ​ပြီ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် တန်ခိုး​တော်​ဖြင့် ဘုန်းကြီး​တော်မူ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ရန်သူ​ကို ချိုးဖဲ့ခြေမွှ​တော်မူ​၏​။


မိမိ​ကို ပုံဖော်ဖန်ဆင်း​သော​အရှင်​အား ရန်တွေ့​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ ထို​သူ​သည် မြေ​အိုးကွဲ​များ​ထဲမှ အိုးကွဲ​တစ်​ခု​သာ​ဖြစ်​၏​။ အိုးမြေ​က မိမိ​ကို​ပုံသွင်း​သော​သူ​အား ‘​မည်သည့်​အရာ​ကို သင်​ပြုလုပ်​နေ​သနည်း​။ သင်​ပြုလုပ်​ထား​သော​အရာ​၌ လက်​မ​ရှိ​ပါ​လား​’​ဟု ဆို​ရ​မည်လော​။


ထာဝရဘုရား​သည် လူမျိုး​တကာ​တို့​၏​မျက်မှောက်​၌ မိမိ​၏​သန့်ရှင်း​သော​လက်ရုံး​တော်​ကို​ပြ​တော်မူ​သဖြင့် မြေကြီး​စွန်း​ရှိသမျှ​တို့​သည် ငါ​တို့​ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို တွေ့မြင်​ရ​ကြ​လိမ့်မည်​။


အို ဘေဘီလုံ​မြို့​၊ သင်​သည် ငါ​ထောင်​ထား​သော ကျော့ကွင်း​၌​မိ​ပြီ​။ သင်​သည် ထာဝရဘုရား​ကို အာခံ​သောကြောင့် သင်​မ​သိ​မ​မြင်​လိုက်​သော​အချိန်​တွင်​ပင် ကျော့မိ​လေ​ပြီ​။


ထိုအခါ ခေရုဗိမ်​တို့​၏​တောင်ပံခတ်သံ​ကို အနန္တတန်ခိုးရှင်​ဘုရားသခင် မိန့်မြွက်​တော်မူ​သော​စကားသံ​ကဲ့သို့ အပြင်​ဝင်း​တိုင်အောင် ကြား​ရ​၏​။


ငါ​တို့​သည် သခင်​ဘုရား​အား သဝန်တို​စေ​ကြ​သလော။ ငါ​တို့​သည် ကိုယ်တော်​ထက် ခွန်အားကြီး​ကြ​သလော။


ထာဝရဘုရား​သည် တန်ခိုးကြီး​သော​ဘုရား​ဖြစ်​သည်​ကို မြေကြီးသား​အားလုံး​သိ​စေရန်​နှင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​တို့​အစဉ်​ကြောက်ရွံ့ရိုသေ​ကြ​စေရန်​ဖြစ်​၏​”​ဟု ပြောကြား​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ