ဆာလံ 43:2 - မြန်မာ့စံမီသမ္မာကျမ်း2 အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏မှီခိုရာဘုရားသခင်ဖြစ်တော်မူ၏။ အဘယ်ကြောင့် အကျွန်ုပ်ကို ငြင်းပယ်တော်မူသနည်း။ အကျွန်ုပ်သည် အဘယ်ကြောင့် ရန်သူတို့၏ဖိနှိပ်မှုထဲ၌ ဝမ်းနည်းပူဆွေးလျက်သွားလာရပါသနည်း။ အခန်းကိုကြည့်ပါ။Common Language Bible2 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူပါ၏။ အဘယ်ကြောင့်ကျွန်တော်မျိုးကို စွန့်ပစ်တော်မူပါသနည်း။ ကျွန်တော်မျိုးသည်အဘယ်ကြောင့်ရန်သူများ ၏ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကိုဆက်လက်၍ ခံနေရပါသနည်း။ အခန်းကိုကြည့်ပါ။Garrad Bible2 ကိုယ် တော် သည် အ ကျွန်ုပ် အား ကိုး ရာ ဘု ရား သ ခင် ဖြစ် တော် မူ ပါ၏။ အ ဘယ့် ကြောင့် စွန့် ပယ် တော် မူ ပါ သ နည်း။ ရန် သူ နှိပ် စက် ခံ ရ၍၊ မှိုင် ကာ မှိုင် ကာ အ ဘယ့် ကြောင့် သွား ရ ပါ သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible2 ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဘုရားဖြစ်တော်မူ၏။ အကျွန်ုပ်ကိုအဘယ်ကြောင့် စွန့်ပစ်တော်မူသနည်း။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကိုခံရ၍၊ အကျွန်ုပ်သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် အဘယ်ကြောင့် နေရပါသနည်း။ အခန်းကိုကြည့်ပါ။ |
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။