Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 3:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ယခု အစ္စရေး​အမျိုးသား​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ငါ့​ထံသို့​ရောက်​၍ သူ​တို့​အား အီဂျစ်​လူမျိုး​တို့​ဖိနှိပ်​ညှဉ်းဆဲ​ကြ​သည်​ကို​လည်း ငါ​မြင်​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အော်​ဟစ်​သံ ကို​ငါ​ကြား​ရ​ပြီ။ သူ​တို့​အား​အီ​ဂျစ်​အ​မျိုး သား​တို့​ရက်​စက်​စွာ​ညှင်း​ဆဲ​ပုံ​ကို​လည်း​ငါ မြင်​ရ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ယ ခု လည်း ဣ သ ရေ လ အ မျိုး သား တို့ အော် ဟစ် သံ သည် ငါ့ ထံ သို့ ရောက် ၍ ထို သူ တို့ အား အိ ဂျစ် လူ တို့ နှိပ် စက် ညှဉ်း ပန်း ခြင်း အ မှု ကို ငါ မြင် ပြီး ဖြစ် သော ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ယ​ခု​တွင်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငို​ကြွေး​သော​အ​သံ​သည် ငါ့​ထံ​သို့ တက်​ရောက်၍၊ သူ​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကို​လည်း ငါ​မြင်​ရ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 3:9
22 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​က “​ကြည့်ရှု​လော့​။ သင်​သည် ကိုယ်ဝန်ဆောင်​လျက်​ရှိ​၍ သား​ကို​မွေးဖွား​လိမ့်မည်​။ သူ​၏​အမည်​ကို ဣရှမေလ​ဟု​မှည့်ခေါ်​ရ​မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို ကြားသိ​တော်မူ​ပြီ​။


ထိုအခါ ကောင်းကင်တမန်​က ‘​မျှော်ကြည့်​လော့​။ သိုးမ​၊ ဆိတ်မ​တို့​နှင့်​မိတ်လိုက်​နေ​သော သိုးထီး​၊ ဆိတ်ထီး​အားလုံး​တို့​သည် အစင်းကျား​ပါ​သော​အကောင်​များ​၊ အစက်​အပြောက်​ပါ​သော​အကောင်​များ​ဖြစ်​ကြ​၏​။ အကြောင်းမူကား သင့်​အား လာဗန်​ပြု​ခဲ့​သမျှ​ကို ငါ​မြင်​၏​။


ထိုအခါ ယောခတ်​မင်းကြီး​သည် ထာဝရဘုရား​ထံ တိုးလျှိုးတောင်းပန်​လေ​၏​။ အစ္စရေး​လူမျိုး​တို့​အား ဆီးရီးယား​ဘုရင်​ဖိနှိပ်​ညှဉ်းဆဲ​သည်​ကို ထာဝရဘုရား မြင်​တော်မူ​သဖြင့် သူ​၏​တောင်းပန်သံ​ကို နားညောင်း​တော်မူ​၏​။


“​ငါ့​လူမျိုး​တော်​ကို အုပ်ချုပ်​သော​ဟေဇကိ​မင်းကြီး​ထံသို့ ပြန်သွား​ပြီးလျှင် သင့်​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​သင့်​ဆုတောင်းသံ​ကို ငါ​ကြား​ပြီ​။ သင့်​မျက်ရည်​ကို ငါ​မြင်​ပြီ​။ သင့်​ကို ငါ​ပြန်လည်​ကျန်းမာ​လာ​စေ​မည်​။ သုံး​ရက်​မြောက်​လျှင် သင်​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ တက်သွား​နိုင်​လိမ့်မည်​။


အီဂျစ်​ပြည်​တွင် အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ ဖိစီးနှိပ်စက်မှု​ခံရ​သည်​ကို ကိုယ်တော်​သိမြင်​တော်မူ​ပါ​၏​။ ဧဒုံ​ပင်လယ်​နား​တွင် သူ​တို့​၏​အော်ဟစ်သံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​၏​။


ထာဝရဘုရား​က “​အဖိနှိပ်​ခံရ​သော​သူ​တို့​ကြုံ​ရ​သည့်​ညှဉ်းဆဲ​ခြင်း​နှင့် နွမ်းပါး​သော​သူ​တို့​၏​ညည်းတွား​ခြင်း​ကြောင့် ယခုပင် ငါ​ထ​မည်​။ သူ​တို့​တမ်းတ​သော​လုံခြုံ​ရာ​အရပ်​၌ သူ​တို့​ကို​ငါ​ထား​မည်​”​ဟု မိန့်​တော်မူ​၏​။


ထိုအခါ အကျွန်ုပ်​သည် ဇိအုန်​သမီး​၏​တံခါးဝ​တို့​၌ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​အပေါင်း​ကို ပြောကြား​၍ ကိုယ်တော်​၏​ကယ်တင်​ခြင်း​၌ ရွှင်လန်း​နိုင်​ပါ​မည်​။


သို့ဖြစ်၍ အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြမ်းတမ်း​သော​အလုပ်​များ​ဖြင့် နှိပ်စက်​ရန် အဓမ္မစေခိုင်းသူ​များ​ကို ခန့်ထား​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ပစ္စည်းသိုလှောင်ရာ​မြို့​ဖြစ်​သော​ပိသုံ​မြို့​နှင့် ရာမသက်​မြို့​ကို ဖာရော​မင်းကြီး​အတွက် တည်ဆောက်​ကြ​ရ​၏​။


ဖာရော​မင်းကြီး​က​လည်း မိမိ​လူ​အပေါင်း​တို့​အား “​မွေးလာ​သော​ယောက်ျားလေး​ရှိသမျှ​ကို နိုင်း​မြစ်​ထဲသို့​ပစ်ချ​စေ​။ မိန်းကလေး​ရှိသမျှ​ကို​ကား အသက်ရှင်​စေ​”​ဟု အမိန့်ပေး​လေ​၏​။


နောက်ပိုင်း​တွင် အီဂျစ်​ပြည်​၌ ယောသပ်​ကို​မ​သိ​သော ရှင်ဘုရင်​အသစ်​တစ်​ပါး ပေါ်လာ​၏​။


ကာလ​အတန်ကြာ​ပြီးနောက် အီဂျစ်​ဘုရင်​သည်​လည်း အနိစ္စရောက်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း ကျွန်ပြု​ခံရ​သောကြောင့် ညည်းတွား​၍ အော်ဟစ်​ကြ​၏​။ ထိုသို့ ကျွန်ပြု​ခံရ​သောကြောင့် အော်ဟစ်​သော​သူ​တို့​၏​အသံ​သည် ဘုရားသခင်​အထံ​တော်​သို့ ရောက်​လေ​၏​။


ဘုရားသခင်​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြည့်ရှု​တော်မူ​၍ သူ​တို့​ကို သိမှတ်​တော်မူ​၏​။


ထာဝရဘုရား​က “​အီဂျစ်​ပြည်​၌​ရှိ​သော​ငါ့​လူမျိုး​တော်​ခံရ​သည့် ဖိစီးနှိပ်စက်မှု​ကို အမှန်တကယ် ငါ​မြင်​ပြီ​။ အဓမ္မ​စေခိုင်း​သူ​များ​ကြောင့် သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​ကို​လည်း ငါ​ကြား​ပြီ​။ အကယ်စင်စစ် သူ​တို့​၏​ဒုက္ခဝေဒနာ​များ​ကို ငါ​သိ​ပြီ​။


တစ်ဖန် နေ​အောက်​တွင်​ပြု​သော​နှိပ်စက်​မှု​ရှိသမျှ​တို့​ကို ငါ​ပြန်​၍​တွေ့မြင်​၏​။ ကြည့်ရှု​လော့​။ နှိပ်စက်​ခံရ​သော​သူ​တို့​သည် မျက်ရည်​ကျ​သော်လည်း သူ​တို့​ကို​နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။ သူ​တို့​ကို​နှိပ်စက်​သော​သူ​တို့​၏​လက်​တွင် တန်ခိုးအာဏာ​ရှိ​သဖြင့် သူ​တို့​ကို နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။


နယ်မြေဒေသ​တစ်ခုခု​တွင် ဆင်းရဲသား​တို့​ကို​ဖိနှိပ်ချုပ်ချယ်​ခြင်း​ကို​လည်းကောင်း​၊ တရားမျှတ​ခြင်း​နှင့် ဖြောင့်မတ်​ခြင်း​တို့​မှ​သွေဖည်​ခြင်း​ကို​လည်းကောင်း သင်​မြင်​ရ​လျှင်လည်း ထို​အမှု​ကို​အံ့ဩ​ခြင်း​မ​ရှိ​နှင့်​။ အကြောင်းမူကား ရာထူးမြင့်​သော​သူ​တစ်ဦး​ကို သူ့​ထက်​ရာထူးမြင့်​သော​သူ​က စောင့်ကြည့်​နေ​၏​။ ထို​သူ​တို့​ထက် ရာထူးမြင့်​သော​သူ​များ​လည်း ရှိ​ကြ​၏​။


ဆင်းရဲသား​တို့​ကို​နှိပ်စက်​ပြီး နွမ်းပါး​သူ​တို့​ကို​ညှဉ်းဆဲ​ကာ မိမိ​သခင်​တို့​ကို​ပင် “ငါ​တို့​အတွက် သောက်စရာ​ယူ​ခဲ့​ပါ”​ဟု ဆို​တတ်​သော ရှမာရိ​တောင်​ပေါ်မှ ဗာရှန်​နွားမ​တို့​၊ ဤ​စကား​ကို နားထောင်​ကြ​လော့​။


သို့ဖြစ်၍ အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​သောအခါ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​အသံ​ကို နားညောင်း​တော်မူ​၍ အကျွန်ုပ်​တို့​ခံရ​သော ဆင်းရဲ​ခြင်း​၊ ပင်ပန်း​ခြင်း​၊ ညှဉ်းပန်းနှိပ်စက်​ခြင်း​တို့​ကို ကြည့်ရှု​တော်မူ​၏​။


“​မနက်ဖြန် ယခုလို​အချိန်​တွင် ဗင်္ယာမိန်​ပြည်သား​တစ်​ယောက်​ကို သင့်​ထံသို့ ငါ​စေလွှတ်​မည်​။ ငါ​၏​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်သူမင်း​အဖြစ် သူ့​ကို သင်​ဘိသိက်ပေး​ရ​မည်​။ သူ​သည် ငါ့​လူမျိုး​တော်​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ကယ်တင်​လိမ့်မည်​။ သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ငါ့​ထံသို့​ရောက်လာ​သည်​ဖြစ်၍ ငါ​၏​လူမျိုး​တော်​တို့​ကို ငါ​ကြည့်ရှု​ပြီ​”​ဟု ကြားသိ​စေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ