Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 24:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သူ​သည် ဆင်းရဲ​သဖြင့် မိမိ​လုပ်အားခ​ကို​မှီ​၍ အသက်ဆက်​ရ​သောကြောင့် သူ​၏​လုပ်အားခ​ကို နေ​မ​ဝင်​မီ နေ့ချင်း​ပေး​ရ​မည်​။ မပေးဘဲနေလျှင် သူ​သည် ထာဝရဘုရား​ထံ​ဟစ်အော်​သဖြင့် သင့်​အပေါ်​အပြစ်​သက်ရောက်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 နေ့​စဉ်​နေ​မ​ဝင်​မီ​သူ့​အား​နေ့​တွက်​ခ​ကို​ပေး ရ​မည်။ သူ​သည်​ဆင်း​ရဲ​သ​ဖြင့်​ထို​ငွေ​ကို​ရ လို​၏။ သင်​သည်​အ​ခ​ငွေ​ကို​မ​ပေး​လျှင် သူ သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​လျှောက်​ထား​သ​ဖြင့် သင်​သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ဆင်း ရဲ သည့် အ တွက် အ ခ ကို စိတ် စွဲ လမ်း သ ဖြင့်၊ ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ခြင်း ကြောင့်၊ ပြစ် ဒဏ် သင့် မည် ကို စိုး၍၊ နေ မ ဝင် မီ နေ့ စဉ် ပေး လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 နေ့​စဉ်​မ​ပြတ် သူ့​အ​ခ​ကို ပေး​ရ​မည်။ မ​ပေး​ဘဲ နေ​မ​ဝင်​စေ​နှင့်။ သူ​သည် ဆင်း​ရဲ​သော​ကြောင့် ရ​ထိုက်​သော​အ​ခ​ကို​လည်း စိတ်​စွဲ​လမ်း​လျက် ရှိ​လိမ့်​မည်။ မ​ပေး​ဘဲ​နေ​လျှင် သူ​သည် သင့်​ကို​အ​ပြစ်​တင်၍ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သ​ဖြင့် သင်၌​အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 24:15
22 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​သည် ငါ့​အပေါ်​မကျေမနပ်​ဖြစ်​သောအခါ ငါ​သည် တရားမျှတ​စွာ​မစီရင်​ပေး​သဖြင့်


ငါ့​မြေကွက်​သည် ငါ့​ကို ဆန့်ကျင်​လျက်​အော်ဟစ်​၍ ထွန်ကြောင်း​များ တစ်ပြိုင်တည်း​ငိုကြွေး​ကြ​လျှင်​လည်းကောင်း​၊


ဆင်းရဲ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို အထံ​တော်​သို့ ရောက်​စေ​၍ အဖိနှိပ်​ခံရ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို ကိုယ်တော်​ကြား​တော်မူ​၏​။


လူ​တို့​သည် အပြင်းအထန်​ညှဉ်းပန်းနှိပ်စက်​ခံရ​သောကြောင့် အော်ဟစ်​ငိုယို​တတ်​ကြ​၏​။ အားကြီး​သူ​တို့ နှိပ်စက်​သောကြောင့် အကူအညီ​အော်ဟစ်​တောင်းခံ​တတ်​ကြ​၏​။


ကျွန်​သည် အရိပ်​ကို​တောင့်တ​မိ​သကဲ့သို့​၊ သူရင်းငှား​သည် လုပ်အားခ​ကို မျှော်နေ​ရ​သကဲ့သို့ ဖြစ်​ပါ​သည်​တကား​။


ထို​သူ​ကား အပြစ်ကင်း​သော​လက်​နှင့် ဖြူစင်​သော​စိတ်နှလုံး​ရှိ​သူ​၊ အချည်းနှီး​သော​အရာ​၌ စိတ်ဝိညာဉ်​မှီဝဲဆည်းကပ်​ခြင်း​မ​ရှိ​သူ​၊ လိမ်လည်လှည့်ဖြား​၍​ကျိန်ဆို​ခြင်း​မ​ပြု​သူ​ပင် ဖြစ်​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။


ကိုယ်တော့်​အစေအပါး​၏​စိတ်ဝိညာဉ်​ကို ဝမ်းမြောက်​စေ​တော်မူ​ပါ​။ အကြောင်းမူကား အို ဘုရားရှင်​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စပျစ်ခြံ​ကား အစ္စရေး​အမျိုးအနွယ်​ပေတည်း​။ ကိုယ်တော်​နှစ်သက်​တော်မူ​သော​အပင်​ကား ယုဒ​အမျိုးသား​ပေတည်း​။ ကိုယ်တော်​သည် တရားမျှတမှု​ကို စောင့်မျှော်​တော်မူ​သော်လည်း ကြည့်ရှု​လော့​။ သတ်ဖြတ်မှု​သာ​ဖြစ်​ပါ​သည်​တကား​။ ဖြောင့်မတ်​ခြင်း​အစား အော်ဟစ်ငိုကြွေး​ခြင်း​သာ​ရှိ​ပါ​သည်​တကား​။


မသမာ​သော​နည်း​ဖြင့် မိမိ​နန်းတော်​ကို တည်ဆောက်​သော​သူ​၊ မတရား​သော​နည်း​ဖြင့် ဘုံဗိမာန်​များ​ကို တည်ဆောက်​သော​သူ​၊ အမျိုးသားချင်း​တို့​ကို ခိုင်းစေ​ပြီး လုပ်အားခ​မ​ပေး​သော​သူ​၊


မိမိ​အိမ်နီးချင်း​ကို အနိုင်အထက်​မ​ပြု​ရ​။ သူ့​ဥစ္စာ​ကို မ​လုယူ​ရ​။ သူရင်းငှား​၏​လုပ်အားခ​ကို တစ်ညလုံး​နံနက်​တိုင်အောင် မ​ဆိုင်းထား​ရ​။


သင်​၏​အမျိုးသားချင်း​တစ်​ဦး​သည် ဆင်းရဲ​သွား​၍ သင့်​အား မှီခို​နေ​ရ​လျှင် သူ့​အား တိုင်းတစ်ပါးသား​၊ သို့မဟုတ် ဧည့်သည်​ကဲ့သို့ ထောက်မ​ရ​မည်​။ သင်​နှင့်အတူ နေထိုင်​ခွင့်​ပေး​ရ​မည်​။


“​သင်​တို့​ကို တရားစီရင်​ရန် သင်​တို့​ထံသို့ ငါ​ကြွလာ​မည်​။ ငါ​သည် မှော်ဆရာ​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​များ​၊ မဟုတ်မမှန်​ကျိန်ဆို​သော​သူ​များ​၊ သူရင်းငှား​၏​လုပ်အားခ​ကို မပေး​သော​သူ​များ​၊ မုဆိုးမ​နှင့် ဖတဆိုး​တို့​ကို နှိပ်စက်​သော​သူ​များ​၊ တိုင်းတစ်ပါးသား​တို့​ကို လျစ်လျူရှု​၍ ငါ့​ကို​မ​ကြောက်ရွံ့​သော​သူ​များ​ကို​ဆန့်ကျင်​လျက် အလျင်အမြန်​သက်သေ​ထွက်ဆို​မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ညနေချမ်း​အချိန်​ရောက်​သောအခါ စပျစ်ခြံ​ပိုင်ရှင်​က သူ​၏​အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ​အား ‘အလုပ်သမား​များ​ကို​ခေါ်​၍ နောက်ဆုံး​လာ​သော​သူ​တို့​က​စ​ပြီး ပထမ​ဦးဆုံး​လာ​သော​သူ​တို့​အထိ သူ​တို့​၏​လုပ်အားခ​ကို​ပေး​လော့’​ဟု ဆို​လေ​၏။


‘လူ​မ​သတ်​ရ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ၊ မ​ခိုးယူ​ရ၊ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ၊ လိမ်ညာ​လုယူ​ခြင်း​မ​ပြု​ရ၊ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို​ရိုသေ​လော့’ဟူသော​ပညတ်​တော်​တို့​ကို သင်​သိ​၏”​ဟု မိန့်​တော်မူ​၏။


သင်​သည် ‘​အကြွေးလျှော်ပစ်​ခြင်း​နှစ်​ဖြစ်​သော ခုနစ်​နှစ်​မြောက်​သော​နှစ်​ရောက်​လု​နီး​ပြီ​’​ဟု တွေး​လျက် နွမ်းပါး​သော သင်​၏​ညီအစ်ကို​အား မကြည်ဖြူ​၊ ဘာမျှ​မ​ပေး​ဘဲ​နေ​ခြင်း​ဖြင့် ဆိုးညစ်​သော​စိတ် မ​ဝင်​မိ​စေရန်​သတိပြု​လော့​။ သို့မဟုတ်လျှင် သူ​သည် ထာဝရဘုရား​ထံ​ဟစ်အော်​သဖြင့် သင့်​အပေါ်​အပြစ်​သက်ရောက်​မည်​။


အကြောင်းမူကား ကျမ်းစာ​က “စပါး​နယ်​နေ​သည့်​နွား​ကို ပါးချုပ်​မ​တပ်​ရ”​ဟူ၍​လည်းကောင်း၊“အလုပ်​လုပ်​သော​သူ​သည် လုပ်အားခ​ကို ရ​ထိုက်​၏”​ဟူ၍​လည်းကောင်း ဆို​ထား​၏။


ကြည့်​ကြ​လော့။ သင်​တို့​လယ်ကွင်း​၌​ရိတ်သိမ်း​ပေး​သည့် အလုပ်သမား​တို့​ကို သင်​တို့​လိမ်ညာ​၍​မ​ပေး​ဘဲ​နေ​သော လုပ်အားခ​များ​သည် အော်ဟစ်​နေ​ကြ​၏။ ရိတ်သိမ်း​သော​သူ​တို့​၏​အော်ဟစ်​သံ​များ​သည်​လည်း ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​၏​နား​တော်​သို့ ရောက်​လေ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ