အာဒံ၏သားစဉ်မြေးဆက်စာရင်းမှာ ဤသို့ဖြစ်၏။ ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မူသောနေ့၌ သူ့ကို ဘုရားသခင်နှင့်တစ်ပုံစံတည်းပြုလုပ်၍
ယာကုပ် 3:9 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် လျှာဖြင့် ခမည်းတော်ဖြစ်တော်မူသောထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းလျက် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းခံရသောလူတို့ကို ထိုလျှာဖြင့်ပင် ကျိန်ဆဲတတ်ကြ၏။ Common Language Bible ငါတို့သည်ခမည်းတော်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးကူးရာ၌လျှာကိုအသုံးပြု ကြ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားတော်မူသောလူတို့ကိုကျိန်ဆဲရာ ၌လည်းယင်းကိုပင်အသုံးပြုကြ၏။- Garrad Bible လျှာ တစ် ခု တည်း ဖြင့် ငါ တို့ သည် ထာ ဝ ရ အ ဘ ဘု ရား အား သြ ဘာ ဆက် ခြင်း၊ ပုံ သ ဏ္ဌာန် တော့် အ လိုက် ဖန် ဆင်း ထား သော လူ တို့ အား ကျိန် ဆဲ ခြင်း ကို ပြု လေ့ ရှိ သည် ဖြစ် ၍၊ Judson Bible ငါတို့သည် လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းချီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို လျှာဖြင့် ကျိန်ဆဲတတ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် လျှာဖြင့် ကျွန်ုပ်တို့၏ သခင်ဖြစ်တော်မူသော ခမည်းတော်ကို ချီးမွမ်း၍ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို ထိုလျှာဖြင့် ကျိန်ဆဲကြ၏။ |
အာဒံ၏သားစဉ်မြေးဆက်စာရင်းမှာ ဤသို့ဖြစ်၏။ ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မူသောနေ့၌ သူ့ကို ဘုရားသခင်နှင့်တစ်ပုံစံတည်းပြုလုပ်၍
လူ၏အသက်ကိုသတ်သောသူသည် လူ့လက်ဖြင့်အသတ်ခံရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိ၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။
ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းထဲမှ လူတစ်ယောက်ထွက်လာ၏။ ထိုသူသည် ဂေရ၏သားဖြစ်၍ ရှိမိ အမည်ရှိ၏။ သူသည် ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲရင်းနှင့် ထွက်လာခြင်းဖြစ်၏။
ထိုအခါ ဇေရုယာ၏သား အဘိရှဲက “ရှိမိသည် ထာဝရဘုရား ဘိသိက်ပေးတော်မူသောသူကို ကျိန်ဆဲခဲ့လေပြီ။ ထို့အတွက်ကြောင့် သူအသေသတ်ခြင်းခံရမည် မဟုတ်လော”ဟု ဆိုလျှင်
ထို့နောက် ဒါဝိဒ်မင်းကြီးသည် လူထုတစ်ရပ်လုံးရှေ့တွင် ထာဝရဘုရားကို ချီးမွမ်းထောမနာပြုလေ၏။ ဒါဝိဒ်မင်းကြီးကလည်း “အကျွန်ုပ်တို့၏ဘိုးဘေး အစ္စရေး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူပါစေသော။
ထို့နောက် ဒါဝိဒ်မင်းကြီးက လူထုအပေါင်းတို့အား “ယခု သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြလော့”ဟု မိန့်ဆိုလျှင် လူထုတစ်ရပ်လုံးက သူတို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြပြီး ထာဝရဘုရားရှေ့၊ ရှင်ဘုရင်ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။
သူ၏နှုတ်သည် ကျိန်ဆဲခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ဖိနှိပ်ခြယ်လှယ်ခြင်းနှင့်ပြည့်လျက်ရှိ၏။ သူ၏လျှာအောက်၌ အခက်အခဲပြဿနာနှင့် အပြစ်ဒုစရိုက်ရှိ၏။
အို ဘုရားသခင်၊ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်သည် သီချင်းဆို၍ အကျွန်ုပ်၏စိတ်ဝိညာဉ်ဖြင့် သီဆိုချီးမွမ်းပါမည်။
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ရှင်ဘုရင်၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။ ကိုယ်တော်၏နာမတော်ကို ကာလအစဉ်အဆက်ကောင်းချီးထောမနာပြုပါမည်။
ငါ၏နှုတ်သည် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုမြွက်ဆိုမည်။ သတ္တဝါအပေါင်းတို့သည် ကိုယ်တော်၏ သန့်ရှင်းသောနာမတော်ကို ကာလအစဉ်အဆက် ကောင်းချီးထောမနာပြုကြပါစေ။
ထို့ကြောင့် ငါ၏စိတ်နှလုံးသည်ဝမ်းမြောက်၍ ငါ၏ဝိညာဉ်သည်ရွှင်လန်း၏။ ငါ၏ကိုယ်ခန္ဓာသည်လည်း ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။
သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်သည် တိတ်ဆိတ်စွာမနေဘဲ ကိုယ်တော်ကိုသီဆိုချီးမွမ်းပါမည်။ အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကို အစဉ်အမြဲချီးမွမ်းပါမည်။
ငါသည် ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြု၏။ ငါ၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို အစဉ်မြွက်ဆိုမည်။
ထိုအခါ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို တစ်နေ့လုံးမြွက်ဆိုပါမည်။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊ လူသတ်ခြင်းအပြစ်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရွှင်လန်းစွာသီချင်းဆိုပါမည်။
အို ငါ့ဝိညာဉ်၊ နိုးကြွလော့။ စောင်းပြားနှင့်စောင်းကောက်တို့၊ နိုးကြွကြလော့။ ငါသည် အရုဏ်ဦးကို နိုးကြွစေမည်။
သူတို့နှုတ်၏အပြစ်နှင့် သူတို့နှုတ်ထွက်စကားကြောင့်လည်းကောင်း၊ သူတို့ရေရွတ်သော ကျိန်ဆဲစကားနှင့်မုသားစကားကြောင့်လည်းကောင်း သူတို့သည် မိမိတို့၏မာနကြီးခြင်းထဲ၌ ကျော့မိကြပါစေ။
ထိုသူကို မြင့်သောသူ၏ရာထူးမှ ဆွဲချရန်သာ သူတို့လျှို့ဝှက်ကြံစည်ကြ၏။ သူတို့သည် လိမ်လည်ခြင်းကိုနှစ်သက်ကြ၏။ သူတို့နှုတ်ဖြင့် ကောင်းချီးပေးကြသော်လည်း သူတို့စိတ်ထဲ၌ ကျိန်ဆဲကြ၏။(စေလာ)
သို့ဖြစ်၍ အကျွန်ုပ်အသက်ရှင်နေသရွေ့ ကိုယ်တော်ကိုကောင်းချီးထောမနာပြုပါမည်။ ကိုယ်တော်၏နာမတော်အားဖြင့် အကျွန်ုပ်၏လက်ကို မြှောက်ပါမည်။
အကျွန်ုပ်၏လျှာသည်လည်း ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို တစ်နေ့လုံးမြွက်ဆိုပါမည်။ အကြောင်းမူကား အကျွန်ုပ်ဒုက္ခရောက်စေရန် ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါပြီ။
သင်ကိုယ်တိုင်လည်း အခြားသောသူများကိုအကြိမ်ပေါင်းများစွာကျိန်ဆဲခဲ့ကြောင်း သင့်စိတ်ကသိ၏။
ဘုရားရှင်ကလည်း “ဤလူမျိုးသည် နှုတ်ဖြင့် ချဉ်းကပ်၍ နှုတ်ခမ်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့သွန်သင်သောပညတ်ချက်အရ ငါ့ကို ကြောက်ရွံ့ကြ၏။
ပေတရုကလည်း “ထိုသူကိုငါမသိ”ဟု တိုင်တည်၍ ကျိန်ဆိုသည်နှင့် ချက်ချင်းပင် ကြက်တွန်လေ၏။
သို့သော် သင်တို့အား ငါဆိုမည်။ သင်တို့၏ရန်သူများကိုချစ်၍ သင်တို့ကိုညှဉ်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့။
ထို့ကြောင့် ငါ၏စိတ်နှလုံးသည်ပျော်ရွှင်၍ ငါ၏နှုတ်သည်ရွှင်မြူး၏။ ထိုမျှမက ငါ၏သွေးသားသည်လည်း မျှော်လင့်ခြင်း၌ခိုလှုံလိမ့်မည်။
သူတို့၏နှုတ်သည် ကျိန်ဆဲသောစကား၊ ခါးသီးသောစကားတို့ဖြင့် ပြည့်ဝလျက်ရှိကြ၏။
ယောက်ျားသည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့် ဘုန်းအသရေတော်ဖြစ်သောကြောင့် မိမိဦးခေါင်းကိုမဖုံးသင့်ပေ။ မိန်းမမူကား ယောက်ျား၏ဘုန်းအသရေဖြစ်၏။
အထက်ကောင်းကင်အရပ်တွင်ရှိသော ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာအပေါင်းတို့ဖြင့် ငါတို့ကို ခရစ်တော်၌ ကောင်းချီးပေးတော်မူသည့် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
ခမည်းတော်ဘုရားသခင်ရှေ့တော်၌ စင်ကြယ်၍ညစ်ညူးခြင်းကင်းသော ဘာသာတရားကိုင်းရှိုင်းမှုဟူသည်မှာ ဆင်းရဲဒုက္ခခံရသော မိဘမဲ့ကလေးနှင့်မုဆိုးမတို့ကို ကြည့်ရှုခြင်း၊ လောကီအညစ်အကြေးတို့နှင့်ကင်းစင်စေရန် မိမိကိုယ်ကိုစောင့်ထိန်းခြင်းတို့ပင်ဖြစ်၏။
နှုတ်တစ်ခုထဲမှ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ကျိန်ဆဲခြင်းတို့ ထွက်လာတတ်သည်တကား။ ငါ့ညီအစ်ကိုတို့၊ ဤသို့မဖြစ်သင့်ပေ။
ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်နှင့်အညီ ယေရှုခရစ်တော်၏သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ငါတို့ကို အသက်ရှင်သောမျှော်လင့်ခြင်းထဲသို့လည်းကောင်း၊
သူတို့သည် လယ်ပြင်သို့သွား၍ စပျစ်ခြံမှ စပျစ်သီးများကို ဆွတ်ခူးကြ၏။ စပျစ်သီးများကို နင်းနယ်၍ ပျော်ပွဲကျင်းပကြ၏။ သူတို့၏ဘုရားဝတ်ကျောင်းသို့သွား၍ စားသောက်လျက် အဘိမလက်ကို ကျိန်ဆဲကြ၏။