Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 26:74 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

74 ပေတရု​က​လည်း “ထို​သူ​ကို​ငါ​မ​သိ”​ဟု တိုင်တည်​၍ ကျိန်ဆို​သည်​နှင့် ချက်ချင်း​ပင် ကြက်​တွန်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

74 ပေ​တ​ရု​က ``ထို​သူ​ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင် ကို​တိုင်​တည်​၍​ကျိန်​ဆို​လေ​၏။ ထို​ခ​ဏ​၌​ကြက်​တွန်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

74 ပေ တ ရု တိုင်း ထွာ၍ ဆို လျှင် ဆို ချင်း ကြက် တွန် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

74 ပေ​တ​ရု​က၊ ထို​သူ​ကို ငါ​မ​သိ​ဟု ဓိ​ဋ္ဌာန်​ပြု၍ ကျိန်​ဆို၏။ ထို​ခ​ဏ​ချင်း​တွင် ကြက်​တွန်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

74 ပေတရု​ကလည်း “ထို​သူ​ကို ငါ​မသိပါ” ဟု တိုင်တည်​၍ ကျိန်ဆိုလေ၏။ ထို​ခဏချင်း​တွင် ကြက်တွန်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

74 ပေ​တ​ရု​က၊ ထို​သူ​ကို ငါ​မ​သိ​ဟု ဓိ​ဋ္ဌာန်​ပြု၍ ကျိန်​ဆို၏။ ထို​ခ​ဏ​ချင်း​တွင် ကြက်​တွန်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 26:74
19 ပူးပေါင်းရင်းမြစ်များ  

ကိုယ်ခန္ဓာ​ကို​သတ်​၍ အသက်​ဝိညာဉ်​ကို​မ​သတ်​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်ခန္ဓာ​နှင့်​အသက်​ဝိညာဉ်​နှစ်မျိုးစလုံး​ကို ငရဲ​၌​ဖျက်ဆီး​နိုင်​သော​အရှင်​ကို​သာ ကြောက်​ကြ​လော့။


ယေရှု​က​လည်း“သင့်​အား ငါ​အမှန်​ဆို​သည်​ကား ဤ​ည​တွင်​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင် ငြင်းပယ်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ထို့နောက် ခဏ​ကြာ​လျှင် အနီး​တွင်​ရပ်​နေ​သော​သူ​တို့​သည် ပေတရု​ထံသို့ ချဉ်းကပ်​လာ​၍ “အမှန်စင်စစ် သင်​သည်​လည်း ထို​သူ​တို့​အထဲမှ​တစ်​ယောက်​ဖြစ်​သည်။ အကြောင်းမူကား သင်​၏​ပြောဆို​ပုံ​သည် သင့်​ကို သိသာ​ထင်ရှား​စေ​သည်”​ဟု ဆို​ကြ​၏။


ထိုအခါ ပေတရု​သည်“ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု ယေရှု​မိန့်​တော်မူ​ခဲ့​သည့်​စကား​ကို သတိရ​သဖြင့် အပြင်​သို့​ထွက်​၍ သည်းထန်​စွာ​ငိုကြွေး​လေ​၏။


လူ​အပေါင်း​တို့​က​လည်း “သူ​၏​သွေး​သည် ငါ​တို့​နှင့်​ငါ​တို့​၏​သားသမီး​များ​အပေါ် ကျရောက်​ပါစေ”​ဟု ပြန်ပြော​ကြ​၏။


ယေရှု​က​လည်း“သင့်​အား ငါ​အမှန်​ဆို​သည်​ကား ယနေ့၊ ဤ​ည​တွင်​ပင် ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


သို့သော် ပေတရု​သည် “သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ၊ နား​လည်း​မ​လည်”​ဟု ငြင်းဆို​လျက် ခြံ​အဝင်​ဝ​ဘက်သို့​ထွက်သွား​ရာ ကြက်​တွန်​လေ​၏။


သို့သော် ပေတရု​က “အချင်း​လူ၊ သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ”​ဟု ဆို​၏။ ထိုသို့ သူ​ပြော​နေ​သည့်​အချိန်​၌​ပင် ကြက်​တွန်​လေ​၏။


ထိုအခါ ပေတရု​သည် ပြန်​၍​ငြင်းဆို​သည်​နှင့် ချက်ချင်း​ပင် ကြက်​တွန်​လေ​၏။


အမှန်စင်စစ် သွေးသား​ဇာတိ​အားဖြင့် ငါ​၏​အမျိုးသား​ချင်း​များ​ဖြစ်​ကြ​သော ငါ့​ညီအစ်ကို​တို့​အတွက် ငါ​ကိုယ်တိုင် ခရစ်တော်​နှင့်​ကွဲကွာ​လျက် ကျိန်​ခြင်း​ကို​ပင် ခံ​လို​သော​ဆန္ဒ​ရှိ​၏။


မည်သူမဆို သခင်​ဘုရား​ကို​မ​ချစ်​လျှင် ကျိန်​ခြင်း​ကို​ခံ​ပါစေ။ သခင်​ဘုရား၊ ကြွလာ​တော်မူ​ပါ။


ငါ​သည် ငါ​ချစ်​သမျှ​သော​သူ​တို့​၏​အပြစ်​ကို​ဖော်ပြ​၍ ဆုံးမ​ပဲ့ပြင်​တတ်​၏။ ထို့ကြောင့် စိတ်အားထက်သန်​ခြင်း​ရှိ​၍ နောင်တရ​လော့။


သူ​သည် မိခင်​အား “​ငွေစ​တစ်ထောင့်​တစ်ရာ​ပျောက်သွား​သဖြင့် အမေ ကျိန်ဆဲ​ပြောဆို​နေ​သည်​ကို အကျွန်ုပ်​ကြား​ပါ​၏​။ ထို​ငွေ​ကို အကျွန်ုပ်​ယူ​မိ​ပါ​၏​။ အကျွန်ုပ်​ထံ၌ ရှိ​ပါ​၏​”​ဟု ဆို​လျှင် မိခင်​က “​ငါ့​သား​၊ ထာဝရဘုရား သင့်​ကို ကောင်းချီးပေး​ပါစေ​”​ဟု ဆို​၏​။


ငါ​တို့​မူကား ‘​ကိုယ့်​သမီး​ကို ဗင်္ယာမိန်​အမျိုး​တို့​နှင့် ပေးစား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​’​ဟု အစ္စရေး​အမျိုးသား​တို့ ကျိန်ဆို​ထား​ပြီ​ဖြစ်၍ ငါ​တို့​သမီး​များ​ကို သူ​တို့​နှင့် ပေးစား​၍​မ​ရ”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ