Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယာ​ကုပ် 3:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သို့သော် လျှာ​ကို​ယဉ်ပါး​စေ​နိုင်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။ လျှာ​သည် ထိန်းချုပ်​၍​မ​ရ​နိုင်​သော​အဆိုးအမိုက်​ဖြစ်​ပြီး သေ​စေ​တတ်​သော​အဆိပ်​အတောက်​နှင့် ပြည့်​လျက်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သို့​ရာ​တွင်​လျှာ​ကို​မူ​ကား​အ​ဘယ်​သူ​မျှ ကျိုး​နွံ​အောင်​မ​ပြု​နိုင်။ ယင်း​သည်​သေ​စေ​တတ် သော​အ​ဆိပ်​နှင့်​ပြည့်​ဝ​လျက်​ထိန်း​ချုပ်​၍​မ​ရ အောင်​ဆိုး​ရွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အ ငြိမ် မ နေ သော ဘေး၊ သေ စေ တတ် သော အ ဆိပ် နှင့် ပြည့် သော လျှာ မူ ကား မည် သူ မျှ မ နှိမ် နင်း နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 လျှာ​ကို​ကား၊ အ​ဘယ်​လူ​မျှ​မ​အောင်​နိုင်၊ မ​ဆုံး​မ​နိုင်​သော အ​ဆိုး​အ​ညစ်​ဖြစ်၏။ သေ​စေ​တတ်​သော အ​ဆိပ်​အ​တောက်​နှင့် ပြည့်​စုံ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 သို့သော် လျှာ​ကိုမူ မည်သူမျှ မယဉ်ပါးစေနိုင်။ လျှာ​သည် ထိန်းချုပ်​မရအောင် ဆိုးရွားပြီး သေစေတတ်သော အဆိပ်​နှင့် ပြည့်နှက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာ​ကုပ် 3:8
13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် မိမိ​တို့​လျှာ​ကို မြွေ​၏​လျှာ​ကဲ့သို့ ချွန်ထက်​စေ​တတ်​ကြ​ပါ​၏​။ သူ​တို့​၏​နှုတ်ခမ်း​အောက်​တွင် မြွေဆိုး​၏​အဆိပ်​ရှိ​ပါ​၏​။(​စေလာ)


သူ​၏​နှုတ်​သည် ထောပတ်​ကဲ့သို့​ညက်ညော​သော်လည်း သူ​၏​စိတ်နှလုံး​၌ စစ်မက်​ရှိ​၏​။ သူ​၏​စကား​တို့​သည် ဆီ​ထက်​ချောမွတ်​သော်လည်း ဆွဲထုတ်​ထား​သော​ဓား​များ​ဖြစ်​ကြ​၏​။


ငါ​၏​စိတ်ဝိညာဉ်​သည် ခြင်္သေ့​တို့​အလယ်​၌​ရှိ​၏​။ အငမ်းမရ​ဝါးမျို​တတ်​သည့် လူသား​တို့​အလယ်​၌ ငါ​လဲလျောင်း​နေ​၏​။ သူ​တို့​၏​သွား​သည် လှံ​နှင့်​မြား​ကဲ့သို့​ဖြစ်​၏​။ သူ​တို့​၏​လျှာ​သည်​လည်း ထက်​သော​ဓား​ကဲ့သို့​ဖြစ်​၏​။


သူ​တို့​၏​အဆိပ်​သည် မြွေ​၏​အဆိပ်​နှင့်​တူ​၏​။ သူ​တို့​သည် ဂါထာမန္တန်​ကို ကျွမ်းကျင်​စွာ​မန်းမှုတ်​တတ်​သော အလမ္ပာယ်ဆရာ​၏​အသံ​ကို​မ​ကြား​အောင် မိမိ​နား​ကို​ပိတ်​ထား​သည့် နားမကြား​သော မြွေဟောက်​နှင့်​တူ​ကြ​၏​။


သူ​တို့​သည် မိမိ​တို့​ပါးစပ်​ဖြင့် မြွက်ဟ​ကြ​ပါ​၏​။ သူ​တို့​၏​နှုတ်ခမ်း​၌ ဓား​များ​ရှိ​ပါ​၏​။ သူ​တို့​က “​မည်သူ​ကြား​သနည်း​”​ဟု ဆို​ကြ​ပါ​၏​။


စိတ်နှလုံး​ကောက်ကျစ်​သော​သူ​သည် ကောင်း​သော​အရာ​ကို​တွေ့​ရ​မည်​မ​ဟုတ်​။ လိမ်လည်​ပြောဆို​သော​သူ​သည်​လည်း ဒုက္ခတွင်း​ထဲသို့​ကျရောက်​လိမ့်မည်​။


မန္တန်မန်းမှုတ်​ခြင်း​မ​ပြု​မီ မြွေ​ကိုက်​လျှင် အလမ္ပာယ်သမား​သည် အကျိုး​မ​ရှိ​။


သူ​တို့​၏​လည်ချောင်း​သည် ဖွင့်​ထား​သော​သင်္ချိုင်း​တွင်း​ဖြစ်​ကြ​၏။ သူ​တို့​သည် မိမိ​တို့​လျှာ​ဖြင့် လိမ်လည်​ပြောဆို​တတ်​ကြ​၏။ သူ​တို့​၏​နှုတ်ခမ်း​အောက်၌ မြွေဆိုး​၏​အဆိပ်​အတောက်​ရှိ​၏။


သူ​တို့​၏​စပျစ်ဝိုင်​သည် မြွေနဂါး​၏​အဆိပ်​၊ မြွေဟောက်​၏​ပြင်းထန်​သော​အဆိပ်​ဖြစ်​၏​။


လျှာ​သည် မီး​ဖြစ်​၏။ မတရားမှု​၏​လောက​လည်း​ဖြစ်​၏။ လျှာ​သည် ငါ​တို့​၏​အင်္ဂါ​အစိတ်အပိုင်း​ထဲက တစ်​ခု​ဖြစ်​ပြီး ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ညစ်ညူး​စွန်းထင်း​စေ​လျက် ဘဝ​တစ်ခုလုံး​ကို လောင်ကျွမ်း​စေ​ကာ မိမိ​သည်​လည်း ငရဲ​မီး​၏​လောင်ကျွမ်း​ခြင်း​ကို​ခံရ​၏။


လူသား​တို့​သည် သားရဲ​တိရစ္ဆာန်​နှင့်​ကျေးငှက်​မျိုး​မှစ၍ တွားသွား​သတ္တဝါ​နှင့်​ရေ​သတ္တဝါ​မျိုး​အပေါင်း​တို့​ကို ယဉ်ပါး​စေ​နိုင်​သကဲ့သို့ ယဉ်​လည်း​ယဉ်ပါး​စေ​ခဲ့​ကြ​၏။


ထိုအခါ တစ်ကမ္ဘာလုံး​ကို​လှည့်ဖြား​၍ မာရ်နတ်​ဟူ၍​လည်းကောင်း၊ စာတန်​ဟူ၍​လည်းကောင်း အခေါ်​ခံရ​သည့် ရှေး​မြွေ​ဟောင်း​တည်းဟူသော​နဂါး​ကြီး​သည် မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​လေ​၏။ သူ​နှင့်အတူ သူ​၏​စေတမန်​တို့​သည်​လည်း ပစ်ချ​ခြင်း​ခံရ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ