ယာကုပ် 3:10 - မြန်မာ့စံမီသမ္မာကျမ်း10 နှုတ်တစ်ခုထဲမှ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ကျိန်ဆဲခြင်းတို့ ထွက်လာတတ်သည်တကား။ ငါ့ညီအစ်ကိုတို့၊ ဤသို့မဖြစ်သင့်ပေ။ အခန်းကိုကြည့်ပါ။Common Language Bible10 နှုတ်တစ်ခုထဲမှချီးကူးခြင်းနှင့်ကျိန်ဆဲခြင်း ထွက်တတ်ပါသည်တကား။ ငါ့ညီအစ်ကိုတို့၊ ဤသို့မဖြစ်သင့်။- အခန်းကိုကြည့်ပါ။Garrad Bible10 နှုတ် တစ် ခု တည်း မှ သြ ဘာ ဆက် ခြင်း နှင့် ကျိန် ဆဲ ခြင်း ထွက် လေ စွ တ ကား။ ညီ အစ် ကို တို့၊ ထို သို့ မ ဖြစ် သင့်။ အခန်းကိုကြည့်ပါ။Judson Bible10 နှုတ်တစ်ပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်း ထွက်တတ်ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 နှုတ်တစ်ခုတည်းမှ ချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းတို့ ထွက်လာ၏။ ညီအစ်ကိုမောင်နှမတို့… ဤသို့ မဖြစ်သင့်ပေ။ အခန်းကိုကြည့်ပါ။ |
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
ထို့နောက် အဘိမလက်မင်းကြီးသည် အာဗြဟံကိုဆင့်ခေါ်၍ “သင်သည် ငါတို့အား မည်သို့ပြုဘိသနည်း။ သင့်ကို ငါမည်သို့ပြစ်မှားမိသဖြင့် သင်သည် ငါ့အပေါ်၌လည်းကောင်း၊ ငါ့နိုင်ငံအပေါ်၌လည်းကောင်း ကြီးလေးသောအပြစ်ကို ကျရောက်စေသနည်း။ သင်သည် မပြုသင့်သောအမှုတို့ကို ငါ၌ပြုလေပြီတကား”ဟု သူ့အား မိန့်ဆို၏။