ဆာလံ 62:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထိုသူကို မြင့်သောသူ၏ရာထူးမှ ဆွဲချရန်သာ သူတို့လျှို့ဝှက်ကြံစည်ကြ၏။ သူတို့သည် လိမ်လည်ခြင်းကိုနှစ်သက်ကြ၏။ သူတို့နှုတ်ဖြင့် ကောင်းချီးပေးကြသော်လည်း သူတို့စိတ်ထဲ၌ ကျိန်ဆဲကြ၏။(စေလာ) အခန်းကိုကြည့်ပါ။Common Language Bible4 သင်တို့သည်သူ့အားဂုဏ်မြင့်ရာမှဆွဲချရန် ကိုသာ ကြံစည်ကြ၏။ သင်တို့သည်လိမ်လည်ပြောဆိုရန်နှစ်သက် ကြ၏။ သူ့အားနှုတ်ဖြင့်ကောင်းချီးပေးလျက်၊ စိတ်ထဲတွင်မူကားကျိန်ဆဲကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ရာ ထူး မှ တွန်း ချ ခြင်း ငှာ သာ ကြံ စည် ကြ၏။ မု သာ ကို နှစ် သက် သည့် အ လျောက်၊ နှုတ် ဖြင့် ကောင်း ကြီး ပေး လျက်၊ စိတ် နှ လုံး ဖြင့် ကျိန် ဆဲ လျက် နေ ကြ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible4 ထိုသူကို မြင့်သောအရပ်က လှဲခြင်းငှာ ကြံစည်လျက်နေကြ၏။ မုသားကိုနှစ်သက်ကြ၏။ နှုတ်ဖြင့်ကား၊ ကောင်းချီးကိုပေးလျက်၊ နှလုံး၌ကား၊ ကျိန်ဆဲခြင်းကို ပြုတတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့၏မထီလေးစားပြုခြင်းကိုခံရကြောင်းသိလျှင် အမျက်ပြင်းထန်စွာထွက်၍ နက္ခတ်ပညာရှင်တို့ထံမှ သေချာစွာလေ့လာစိစစ်ထားသည့်အချိန်ကာလအရ ဗက်လင်မြို့နှင့် ၎င်းအရပ်ဒေသတစ်ဝိုက်တွင်ရှိသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက်ယောက်ျားလေးအားလုံးတို့ကို သတ်စေ၏။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။