ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာအမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့၊ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
ယာကုပ် 2:5 - မြန်မာ့စံမီသမ္မာကျမ်း ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။ Common Language Bible ချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ယုံကြည်ခြင်း၌ကြွယ်ဝသူများဖြစ်ကြ စေရန်ကိုယ်တော်ကိုချစ်သောသူတို့အတွက် ကတိထားတော်မူသောနိုင်ငံတော်ကိုဆက်ခံ သူများဖြစ်ကြစေရန် ကိုယ်တော်သည်လောက တွင်ဆင်းရဲသူတို့အားရွေးချယ်တော်မူသည် မဟုတ်လော။- Garrad Bible ငါ ချစ် သော ညီ အစ် ကို တို့၊ နာ ခံ ကြ ဦး။ ကိုယ် တော် ကို ချစ် သူ တို့ အား က တိ ထား တော် မူ သော နိုင် ငံ တော်၏ အ မွေ ခံ များ၊ ယုံ ကြည် ခြင်း ၌ သူ ကြွယ် များ ဖြစ် စေ ရန် ဤ လော က တွင် ဆင်း ရဲ သား တို့ ကို ဘု ရား သ ခင် ရွေး ချယ် တော် မူ သည် မ ဟုတ် လော။ Judson Bible ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟု ဝန်ခံတော်မူသော နိုင်ငံတော်၏အမွေခံ ဖြစ်စေခြင်းငှာလည်းကောင်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။ |
ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာအမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့၊ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
သို့ဖြစ်၍ အသိတရားရှိသောသူတို့၊ နားထောင်ကြပါလော့။ ဆိုးယုတ်သောအမှုသည် ဘုရားသခင်နှင့် ဝေးပါစေ။ မကောင်းမှုသည် အနန္တတန်ခိုးရှင်နှင့် ဝေးပါစေ။
ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။
မြေကြီးသည် မြေစေးပေါ်တွင်တံဆိပ်ခတ်နှိပ်သကဲ့သို့ ပုံပြောင်းသွား၏။ အဝတ်တန်ဆာဝတ်ဆင်ထားသကဲ့သို့ ပေါ်လာ၏။
ငါ့ကိုချစ်၍ ငါ၏ပညတ်များကိုစောင့်ထိန်းသောသူတို့ကိုကား မျိုးဆက်အထောင်အသောင်းတိုင်အောင် မေတ္တာကရုဏာပြသောဘုရား ဖြစ်၏။
ဘာမျှမရှိဘဲလျက် ချမ်းသာဟန်ဆောင်သောသူရှိ၏။ စည်းစိမ်ဥစ္စာများစွာရှိလျက်နှင့် ဆင်းရဲဟန်ဆောင်သောသူရှိ၏။
သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ၏နှုတ်ထွက်စကားတို့ကိုလည်း အာရုံစိုက်နားထောင်ကြလော့။
သို့ဖြစ်၍ သားသမီးတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ၏လမ်းများကိုစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။
တိုင်းနိုင်ငံ၏သံတမန်တို့ကို မည်သို့ပြန်ပြောရမည်နည်း။ ထာဝရဘုရားသည် ဇိအုန်မြို့ကိုတည်တော်မူပြီ။ ထိုမြို့၌ အဖိနှိပ်ခံရသောလူမျိုးတော်တို့ ခိုလှုံကြလိမ့်မည်ဟု ပြန်ပြောရမည်။
စိတ်နှိမ့်ချသောသူတို့သည် ထာဝရဘုရား၌ တစ်ဖန်ဝမ်းမြောက်ကြလိမ့်မည်။ လူတို့တွင် နွမ်းပါးသောလူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၌ ရွှင်လန်းကြလိမ့်မည်။
အဖိနှိပ်ခံရသူများ၊ ဆင်းရဲသားများကို သင့်ထံတွင် ငါချန်ထားမည်။ သူတို့သည် ထာဝရဘုရား၏နာမတော်၌ ခိုလှုံကြလိမ့်မည်။
ထိုနေ့တွင်ပင် ပဋိညာဉ်သည် ကျိုးပျက်သွား၏။ ဤအရာသည် ထာဝရဘုရား၏စကားတော်ဖြစ်ကြောင်း အဖိနှိပ်ခံရ၍ ငါ့ကိုစောင့်စားနေသောသိုးအုပ်များ သိကြ၏။
ထို့ကြောင့် အသတ်ခံရတော့မည့်သိုးအုပ်၊ အဖိနှိပ်ခံရသောသိုးအုပ်တို့ကို ငါထိန်းကျောင်း၏။ ငါသည် ကျေးဇူးတော်တောင်ဝှေးနှင့် စည်းလုံးခြင်းတောင်ဝှေးဟုခေါ်သော တောင်ဝှေးနှစ်ချောင်းကိုယူ၍ သိုးအုပ်ကို ထိန်းကျောင်း၏။
မျက်မမြင်တို့သည် မျက်စိမြင်ရကြ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားရကြ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကို ကြားရကြ၏။
ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။
“စိတ်ဝိညာဉ်ဆင်းရဲနွမ်းပါးသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်၏။
ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်ကို နောက်တစ်ဖန်ခေါ်ပြီးလျှင်“သင်တို့အားလုံး ငါ့စကားကိုနားထောင်၍ နားလည်ကြလော့။
မိမိအတွက် ဥစ္စာများကိုသိုမှီးထားသော်လည်း ဘုရားသခင်၏ရှေ့တော်၌ ကြွယ်ဝခြင်းမရှိသောသူသည် ဤသူဌေးနှင့်တူ၏”ဟု မိန့်တော်မူ၏။
သိုးစုငယ်၊ မကြောက်နှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့အား နိုင်ငံတော်ပေးရသည်ကို နှစ်သက်တော်မူ၏။
ထို့နောက် ထိုဆင်းရဲသားသည် သေလွန်သွားရာ ကောင်းကင်တမန်တို့သည် သူ့ကို အာဗြဟံ၏ရင်ခွင်ထဲသို့ ခေါ်ဆောင်သွားကြ၏။ သူဌေးသည်လည်း သေလွန်သဖြင့် သင်္ဂြိုဟ်ခြင်းကိုခံရ၏။
သို့သော် အာဗြဟံက ‘ငါ့သား၊ သင်သည်အသက်ရှင်စဉ်အခါ မိမိအတွက် ကောင်းသောအရာများကိုရရှိခဲ့၍ လာဇရုသည် မကောင်းသောအရာများကိုရရှိခဲ့ကြောင်း သတိရလော့။ ယခုမူကား သူသည်ဤနေရာတွင် နှစ်သိမ့်ခြင်းကိုခံစားရ၍ သင်သည် ဝေဒနာပြင်းစွာခံစားနေရ၏။
ငါ၏ခမည်းတော်သည် နိုင်ငံတော်ကို ငါ့အားအပ်နှင်းတော်မူသကဲ့သို့ ငါသည်လည်း နိုင်ငံတော်ကို သင်တို့အားအပ်နှင်းသဖြင့်
ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့ဘက်သို့မျက်နှာမူလျက် မြွက်ဆိုတော်မူသည်မှာ“ဆင်းရဲနွမ်းပါးသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။
အကြီးအကဲတို့နှင့်ဖာရိရှဲတို့တွင် သူ့ကိုယုံကြည်ခဲ့သူတစ်စုံတစ်ဦးပင်ရှိသလော။
သတေဖန်က “ညီအစ်ကိုတို့နှင့်အဖတို့၊ နားထောင်ကြပါ။ ငါတို့အဖအာဗြဟံသည် ခါရန်မြို့၌မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးတော်မူသောဘုရားသခင်သည် သူ့အားထင်ရှားလျက်
ထိုသို့ သားသမီးများဖြစ်ကြလျှင် အမွေခံများလည်း ဖြစ်ကြ၏။ ငါတို့သည် ခရစ်တော်နှင့်အတူဘုန်းတော်ချီးမြှောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွေခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူအမွေဆက်ခံသူများလည်း ဖြစ်ကြ၏။
သို့သော် ကျမ်းစာ၌ရေးထားသည်နှင့်အညီ “ဘုရားသခင်သည် မိမိကိုချစ်သောသူတို့အတွက် မျက်စိဖြင့် မမြင်ဖူးသောအရာ၊ နားဖြင့် မကြားဖူးသောအရာ၊ လူ၏စိတ်နှလုံး၌ မတွေးမိဖူးသောအရာတို့ကို ပြင်ဆင်ထားတော်မူ၏။”
ခပ်သိမ်းသောအရာတို့သည် သင်တို့အတွက်ဖြစ်၏။ ဤသည်ကား များစွာသောသူတို့၌ ကျေးဇူးတော်သည်တိုးပွားလာသဖြင့် ဘုရားသခင်၏ဘုန်းတော်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်းကို ကြွယ်ဝပြည့်စုံစေမည့်အကြောင်းတည်း။
ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း အစဉ်ဝမ်းမြောက်လျက်ရှိကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း များစွာသောသူတို့ကို ကြွယ်ဝပြည့်စုံစေကြ၏။ မည်သည့်အရာမျှမရှိသောသူကဲ့သို့ဖြစ်သော်လည်း အလုံးစုံကိုပိုင်ဆိုင်ကြ၏။
အကြောင်းမူကား သင်တို့သည် ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်ကိုသိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သူ၏ဆင်းရဲခြင်းအားဖြင့် သင်တို့ကြွယ်ဝကြမည့်အကြောင်း သင်တို့အတွက် ဆင်းရဲခြင်းကိုခံတော်မူ၏။
ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးမျက်စိကို ပွင့်လင်းစေ၍ ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့ခံရမည့်အမွေတော်သည် ဘုန်းအသရေနှင့် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်
မိမိနိုင်ငံတော်နှင့်ဘုန်းအသရေတော်သို့ သင်တို့ကိုခေါ်ယူတော်မူသောဘုရားသခင်နှင့် ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းကြရန် သင်တို့တစ်ဦးစီကို တိုက်တွန်းနှိုးဆော်၍ နှစ်သိမ့်အားပေးကာ သတိပေးခဲ့ကြ၏။
ဤသည်ကား ဘုရားသခင်၏နိုင်ငံတော်အတွက် ဒုက္ခဝေဒနာခံစားရသောသင်တို့ကို ထိုနိုင်ငံတော်နှင့်ထိုက်တန်သောသူဖြစ်စေရန် စီရင်တော်မူသော ဘုရားသခင်၏ဖြောင့်မတ်သည့်တရားစီရင်ခြင်းကို ထင်ရှားစေသောအထောက်အထားဖြစ်၏။
ကောင်းသောအမှုကိုပြုလျက် ကောင်းသောအကျင့်များဖြင့်ကြွယ်ဝကာ ရက်ရောစွာဝေမျှပေးကမ်းတတ်သောသူများဖြစ်ကြ၍
သခင်ဘုရားသည် မကောင်းသောအမှုအလုံးစုံတို့မှ ငါ့ကိုကယ်နုတ်တော်မူ၍ အထက်ကောင်းကင်အရပ်၌ရှိသော မိမိ၏နိုင်ငံတော်ထဲသို့ လုံခြုံစွာပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
ယခုအခါတွင် ဖြောင့်မတ်ခြင်းသရဖူသည် ငါ့အတွက် အသင့်ရှိနေ၏။ ထိုနေ့၌ ဖြောင့်မတ်သည့်တရားစီရင်သူဖြစ်တော်မူသော သခင်ဘုရားသည် ထိုသရဖူကို ငါ့အားပေးတော်မူလိမ့်မည်။ ငါ့ကိုသာမဟုတ်ဘဲ ကိုယ်တော်၏ပေါ်ထွန်းတော်မူခြင်းကို လိုလားတောင့်တသူအားလုံးတို့ကိုလည်း ပေးတော်မူလိမ့်မည်။
သူသည် အကျိုးကျေးဇူးကို ရှေးရှုမျှော်မှန်းလျက်နေသောကြောင့် ခရစ်တော်အတွက်ကဲ့ရဲ့ပြစ်တင်ခြင်းခံရသည်ကို အီဂျစ်ပြည်၏ဥစ္စာဘဏ္ဍာများထက် ပို၍မြတ်သောစည်းစိမ်ဖြစ်သည်ဟု မှတ်ယူလေ၏။
စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စုံစမ်းစစ်ဆေးခြင်းကိုအောင်မြင်သောအခါ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။
ငါချစ်သောညီအစ်ကိုတို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်းသည် ကြားနာခြင်းအရာ၌ လျင်မြန်၍ စကားပြောခြင်းနှင့်အမျက်ထွက်ခြင်းအရာတို့၌ နှေးကွေးကြစေ။
နိမ့်ပါးသည့်အခြေအနေ၌ရှိသောညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းခံရသောအခါ ဂုဏ်ယူဝမ်းမြောက်စေ။
သင်တို့အတွက် ကောင်းကင်ဘုံ၌ထိန်းသိမ်းထားသည့် ယိုယွင်းပျက်စီးခြင်း၊ ညစ်ညူးခြင်းနှင့် မှေးမှိန်ခြင်းတို့မရှိသော အမွေတော်ထဲသို့လည်းကောင်း အသစ်တစ်ဖန်မွေးဖွားစေတော်မူ၏။
ထို့ပြင် ငါတို့၏သခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်တော်၏ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားရသောအခွင့်ကို သင်တို့သည် ကြွယ်ဝစွာရရှိကြလိမ့်မည်။
သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းတို့ကို ငါသိ၏။ အမှန်မှာ သင်သည် ချမ်းသာ၏။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့ထံမှ သင်ခံရသောစော်ကားပြောဆိုခြင်းကိုလည်း ငါသိ၏။
အောင်မြင်သောသူသည် ဤအရာတို့ကို အမွေဆက်ခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။
သင်သည် ချမ်းသာလာစေရန် မီးဖြင့်ချွတ်၍သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်အချည်းစည်းဖြစ်ခြင်းအရှက်ကိုမပေါ်စေရန် သင်ဝတ်ဖို့ ဖြူသောဝတ်ရုံကိုလည်းကောင်း၊ သင်၏မျက်စိပြန်မြင်စေရန် မျက်စိခတ်ဖို့ မျက်စဉ်းကိုလည်းကောင်း ငါ့ထံမှဝယ်ယူရန် သင့်အား ငါအကြံပေး၏။
ထိုသတင်းကို ယောသံကြားသောအခါ ထွက်သွား၍ ဂေရဇိမ်တောင်ထိပ်ပေါ်၌ ရပ်လျက် “ရှေခင်အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်လည်း သင်တို့စကားကို နားထောင်တော်မူမည်။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။
ဆင်းရဲသားကို မြေမှုန့်ထဲမှ ဆွဲထူ၍ နွမ်းပါးသူကို ပြာပုံထဲမှချီမတော်မူပြီး မင်းသားတို့နှင့်အတူထိုင်စေတော်မူ၏။ ဘုန်းကြီးသောပလ္လင်ကို အမွေဆက်ခံစေတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် ကမ္ဘာမြေကြီး၏အုတ်မြစ်ကို ပိုင်တော်မူ၍ ကမ္ဘာလောကကို ထိုအုတ်မြစ်ပေါ်တွင် ချထားတော်မူ၏။