Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 9:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ထို​သတင်း​ကို ယောသံ​ကြား​သောအခါ ထွက်သွား​၍ ဂေရဇိမ်​တောင်​ထိပ်​ပေါ်၌ ရပ်​လျက် “​ရှေခင်​အမျိုးသား​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ သို့ပြုလျှင် ဘုရားသခင်​လည်း သင်​တို့​စကား​ကို နားထောင်​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ဤ​အ​ခြင်း​အ​ရာ​ကို​ယော​သံ​ကြား​သိ​သော အ​ခါ ဂေ​ရ​ဇိမ်​တောင်​ထိပ်​သို့​တက်​၍​ရပ်​ပြီး လျှင် အော်​ဟစ်​၍​ဤ​သို့​ဆို​၏။ ``အ​ချင်း​ရှေ​ခင် မြို့​သား​တို့၊ ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်​ဘု​ရား​သခင်​သည်​လည်း သင်​တို့ ၏​စ​ကား​ကို​နား​ထောင်​ကောင်း​နား​ထောင် တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ယော သံ ကြား သိ သော်၊ ဂေ ရ ဇိမ် တောင် ထိပ် သို့ တက် သွား ရပ် နေ ပြီး လျှင်၊ သည်း စွာ အော် ဟစ် သည် မှာ အို ရှေ ခင် မြို့ သား တို့ သင် တို့ တောင်း လျှောက် ချက် ကို ဘု ရား သ ခင် နား ညောင်း တော် မူ ရန် ငါ ပုံ စ ကား ကို နား ထောင် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​အ​မှု​ကို ယော​သံ​သည် ကြား​သိ​သော​အ​ခါ၊ ဂေ​ရ​ဇိမ်​တောင်​သို့ သွား၍၊ တောင်​ပေါ်​မှာ​ရပ်​လျက် အ​သံ​ကို​လွှင့်၍ ကြွေး​ကြော်​လေ​သည်​မှာ၊ အို​ရှေ​ခင်​မြို့​သား​တို့၊ သင်​တို့​စ​ကား​ကို ဘု​ရား​သ​ခင် နား​ထောင်​တော်​မူ​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 9:7
17 ပူးပေါင်းရင်းမြစ်များ  

ယောသပ်​က သူ​တို့​အား “​အကျွန်ုပ်​မက်​သော အိပ်မက်​ကို ပြောပြ​မည်​။ နားထောင်​ကြ​ပါ​။


ဆင်းရဲ​သော​သူ​၏​ငိုကြွေးသံ​ကို​မ​ကြား​လို​၍ မိမိ​နား​ကို​ပိတ်​ထား​သော​သူ​သည် ကိုယ်တိုင်​ဟစ်ခေါ်​သောအခါ မည်သူမျှ သူ့​ကို​ထူး​လိမ့်မည်​မ​ဟုတ်​။


တစ်စုံတစ်ဦး​သည် ပညတ်တရား​ကို​နာယူနာခံ​ခြင်း​မ​ရှိ​လျှင် သူ​၏​ဆုတောင်းချက်​သည်ပင် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။


သင်​တို့​လက်​ကို ဖြန့်​သောအခါ သင်​တို့​ထံမှ ငါ​မျက်နှာလွှဲ​မည်​။ သင်​တို့​သည် အကြိမ်ကြိမ်​ဆုတောင်း​ကြ​လျှင်​လည်း ငါ​နား​မ​ထောင်​။ သင်​တို့​လက်​သည် သွေး​စွန်း​လျက်​ရှိ​၏​။


ကျွန်မ​တို့​၏​ဘိုးဘေး​များ​သည် ဤ​တောင်​ပေါ်၌ ဝတ်ပြု​ကိုးကွယ်​ခဲ့​ကြ​ပါ​၏။ အရှင်​တို့​က​မူ ဝတ်ပြု​ကိုးကွယ်​ရ​မည့်​နေရာ​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သည်​ဟူ၍ ပြောဆို​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ဝင်ရောက်​သိမ်းပိုက်​ရ​မည့်​ပြည်​သို့ သင့်​ကို ပို့ဆောင်​သောအခါ သင်​သည် ကောင်းချီးမင်္ဂလာ​ကို ဂေရဇိမ်​တောင်​ပေါ်၌​လည်းကောင်း​၊ ကျိန်​ခြင်း​ကို ဧဗလ​တောင်​ပေါ်၌​လည်းကောင်း ထား​ရ​မည်​။


ထို​တောင်​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေဝင်ရာ​အနောက်​လမ်း​၊ အရာဗ​လွင်ပြင်​၌​နေထိုင်​သော ခါနာန်​လူမျိုး​တို့​၏​နယ်မြေ​၊ ဂိလဂါလ​ပြည်​နှင့်​မျက်နှာချင်းဆိုင်​၊ မောရေ​တောင်ကုန်း​ရှိ​ဝက်သစ်ချပင်​များ​အနီး​၌ ရှိ​သည်​မ​ဟုတ်​လော​။


“​သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​ပြီးသည့်နောက် လူ​တို့​အား​ကောင်းချီး​စကား​ပြောကြား​သောအခါ ရှိမောင်​အမျိုး​၊ လေဝိ​အမျိုး​၊ ယုဒ​အမျိုး​၊ ဣသခါ​အမျိုး​၊ ယောသပ်​အမျိုး​၊ ဗင်္ယာမိန်​အမျိုး တို့​သည် ဂေရဇိမ်​တောင်​ပေါ်၌ ရပ်​နေ​ရ​မည်​။


အဘယ်ကြောင့်​ဆိုသော် ကရုဏာ​မ​ရှိ​သော​သူ​သည် ကရုဏာ​ကင်း​သော​တရား​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။ ကရုဏာ​သည် တရား​စီရင်​ခြင်း​အပေါ်​အောင်ပွဲ​ခံ​တတ်​၏။


အစ္စရေး​လူမျိုး​တို့​အား ကောင်းချီးပေး​မည့်​အကြောင်း ထာဝရဘုရား​၏​အစေအပါး​မောရှေ​က မိန့်မှာ​ထား​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် တိုင်းတစ်ပါးသား​များ​၊ အမျိုးသားချင်း​များ​ပါ​လျက် သက်ကြီးဝါကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​၊ တရားသူကြီး​များ​နှင့်အတူ သေတ္တာ​တော်​တစ်ဖက်တစ်ချက်​၊ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်း​ရ​သော​လေဝိ​အနွယ်ဝင်​ယဇ်ပုရောဟိတ်​တို့​ရှေ့​၌​ရပ်​ကြ​၏​။ ဂေရဇိမ်​တောင်​အရှေ့​တွင် တစ်ဝက်​၊ ဧဗလ​တောင်​အရှေ့​တွင် တစ်ဝက် ရပ်​နေ​ကြ​၏​။


ထို့နောက် ရှေခင်​မြို့သား​၊ ဗက်မိလ္လော​မြို့သား​အပေါင်း​တို့​သည် ရှေခင်​မြို့​ရှိ အထိမ်းအမှတ်​ဝက်သစ်ချပင်​ရှိ​ရာ​သို့ စုရုံး​သွား​ကြ​ပြီး အဘိမလက်​ကို မင်းမြှောက်​ကြ​၏​။


တစ်ခါက သစ်ပင်​တို့​သည် မိမိ​တို့​ကို​အုပ်စိုး​မည့်​ရှင်ဘုရင်​တစ်ပါး​ကို ဘိသိက်ပေး​ရန် လိုက်ရှာ​ကြ​ရာ သံလွင်ပင်​ထံသို့​ရောက်​၍ ‘​အကျွန်ုပ်​တို့​ကို အုပ်စိုး​ပါ​လော့​’​ဟု ဆို​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ