Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 16:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သို့သော် အာဗြဟံ​က ‘ငါ့​သား၊ သင်​သည်​အသက်ရှင်​စဉ်အခါ မိမိ​အတွက် ကောင်း​သော​အရာ​များ​ကို​ရရှိ​ခဲ့​၍ လာဇရု​သည် မကောင်း​သော​အရာ​များ​ကို​ရရှိ​ခဲ့​ကြောင်း သတိရ​လော့။ ယခု​မူကား သူ​သည်​ဤ​နေရာ​တွင် နှစ်သိမ့်​ခြင်း​ကို​ခံစားရ​၍ သင်​သည် ဝေဒနာ​ပြင်းစွာ​ခံစား​နေ​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ``သို့​ရာ​တွင်​အာ​ဗြ​ဟံ​က `ငါ့​သား၊ သင်​အ​သက် ရှင်​စဉ်​သု​ခ​ချမ်း​သာ​ခံ​စား​ခဲ့​ရ​သည်​ကို​လည်း ကောင်း၊ လာ​ဇ​ရု​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ခဲ့​ရ​သည်​ကို လည်း​ကောင်း​သ​တိ​ရ​ပါ​လော့။ ယ​ခု​မှာ​မူ​သူ သည်​သု​ခ​ချမ်း​သာ​ကို​ခံ​စား​ရ​၍ သင်​မူ​ကား ကိုယ်​၏​ဒုက္ခ၊ စိတ်​၏​ဒုက္ခ​ကို​ခံ​ရ​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 အာ ဗြ ဟံ က ငါ့ သား၊ သင် အ သက် ရှင် စဉ် ကိုယ် ပိုင် ကောင်း သော အ ရာ များ ကို ခံ စား ခဲ့ ရ ပြီ။ လာ ဇ ရု မူ ကား၊ မ ကောင်း သော အ ရာ များ ကို ခံ စား ခဲ့ ရ ကြောင်း သ တိ ရ လော့။ ယ ခု မှာ ဤ အ ရပ် တွင် သူ၌ ချမ်း သာ ၏။ သင်၌ ပူ ပြင်း စွာ ခံ ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 အာ​ဗြ​ဟံ​က​လည်း၊ ငါ့​သား၊ သင်​သည် အ​သက်​ရှင်​စဉ်​အ​ခါ ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လာ​ဇ​ရု​သည် ဆင်း​ရဲ​စွာ နေ​ရ​သည်​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ယ​ခု​မူ​ကား၊ သူ​သည် သက်​သာ​ခြင်း​ရှိ၏။ သင်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 သို့ရာတွင် အာဗြဟံ​က ‘ငါ့​သား… သင်​အသက်ရှင်စဉ်​ဘဝ​တွင် ကောင်းမွန်သော​အရာများ​ကို ခံစားခဲ့ရပြီး လာဇရု​မှာ မကောင်းသော​အရာများ​ကိုသာ ခံစားခဲ့ရသည်​ကို သတိရလော့။ ထို့ကြောင့် သူ​သည် ဤ​နေရာ​တွင် သက်သာခြင်း​ကို ခံစားရ​၍ သင်​သည် ပြင်းထန်​စွာ ဝေဒနာ​ခံစားရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

25 အာ​ဗြ​ဟံ​က​လည်း၊ ငါ့​သား၊ သင်​သည် အ​သက်​ရှင်​စဉ်​အ​ခါ ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လာ​ဇ​ရု​သည် ဆင်း​ရဲ​စွာ နေ​ရ​သည်​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ယ​ခု​မူ​ကား၊ သူ​သည် သက်​သာ​ခြင်း​ရှိ၏။ သင်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 16:25
25 ပူးပေါင်းရင်းမြစ်များ  

သို့သော် ကိုယ်တော်​သည် သူ​တို့​အိမ်​ကို ကောင်း​သော​အရာ​များ​နှင့် ပြည့်​စေ​၏​။ လူဆိုး​တို့​၏​အကြံဉာဏ်​မူကား ငါ​နှင့်​ဝေး​၏​။


အို ထာဝရဘုရား​၊ ဤ​လောက​၏​အမွေ​ကို​သာ ခံစား​ကြ​ရ​သော လောကီသား​တို့​၏​လက်​မှ ကိုယ်တော်​၏​လက်​တော်​ဖြင့် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​သည် သူ​တို့​၏​ဝမ်း​ကို ကိုယ်တော်​၏​ဘဏ္ဍာ​တော်​နှင့်​ပြည့်​စေ​တော်မူ​၏​။ သူ​တို့​သည် သားသမီး​အများအပြား​ထွန်းကား​၍ သူ​တို့​၏​ကလေး​များ​အတွက်​လည်း သူ​တို့​၏​စည်းစိမ်ဥစ္စာ​ကို ချန်ထား​တတ်​ကြ​ပါ​၏​။


ထို​သူ​တို့​က မိမိ​တို့​အိမ်​သည် အစဉ်အမြဲ​တည်​၍ မိမိ​တို့​နေထိုင်ရာအရပ်​သည် မျိုးဆက်​အစဉ်အဆက်​တည်​လိမ့်မည်​ဟု ထင်မှတ်​လျက် မြေကွက်​တို့​ကို မိမိ​တို့​အမည်​ဖြင့်​မှည့်ခေါ်​ကြ​၏​။


သူ​တို့​၏​မျက်စိ​သည် အဆီ​ဖြင့်​မို့မောက်​လျက်​ရှိ​၏​။ သူ​တို့​၏​စိတ်အာရုံ​သည် အထိန်းအကွပ်မဲ့​လျက်​ရှိ​၏​။


ဂျေရုဆလင်​မြို့​သည် အနှိပ်စက်​ခံရ​ချိန်​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​တွင် ယခင်က​စည်းစိမ်​ခံစား​ခဲ့​ရ​သည်​ကို ပြန်လည်​အောက်မေ့​လေ​၏​။ သူ​၏​လူ​များ ရန်သူ့​လက်​သို့​ကျရောက်​ချိန်​တွင် ကယ်​မည့်​သူ​မ​ရှိ​။ သူ​ပြိုလဲ​သွား​သည်​ကို​ကြည့်​၍ ရန်သူ​တို့ ရယ်မော​ကြ​၏​။


ထို​ည​တွင်​ပင် ခါလဒဲ​ဘုရင် ဗေလရှာဇာ​မင်းကြီး ကွပ်မျက်​ခံရ​လေ​၏​။


“အရှင်၊ ထို​လှည့်ဖြား​သော​သူ​အသက်ရှင်​စဉ်​က ‘ငါ​သည် သုံး​ရက်​ကြာ​လျှင် ထမြောက်​မည်’​ဟု ပြောဆို​ခဲ့​သည်​ကို အကျွန်ုပ်​တို့ မှတ်မိ​ပါ​သည်။


သင်​၏​ခြေ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ ခြေ​နှစ်​ဖက်​ပါ​လျက် ငရဲ​ထဲသို့​ပစ်ချ​ခြင်း​ခံရ​သည်​ထက် ခြေ​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။


သူ​၏​အိမ်​တံခါးဝ​၌​ကား တစ်ကိုယ်လုံး​အနာစိမ်း​ပေါက်​နေ​သော လာဇရု​အမည်​ရှိ​ဆင်းရဲသား​တစ်​ယောက် လဲလျောင်း​နေ​၏။


သူ​သည် မရဏာ​နိုင်ငံ​တွင် ဝေဒနာ​ခံစား​ရ​လျက် မျှော်ကြည့်​သောအခါ အာဗြဟံ​နှင့် သူ​၏​ရင်ခွင်​ထဲ၌​ရှိ​သော လာဇရု​တို့​ကို အဝေး​မှ​မြင်​ရ​လေ​၏။


ထိုမျှမက သင်​တို့​နှင့်​ငါ​တို့​ကြား​တွင် အလွန်​နက်​သော​ချောက်ကြီး​ရှိ​သဖြင့် ဤ​နေရာ​မှ သင်​တို့​ထံသို့​လည်းကောင်း၊ သင်​တို့​နေရာ​မှ ငါ​တို့​ထံသို့​လည်းကောင်း ကူး​လို​သော်လည်း မ​ကူး​နိုင်​ကြ’​ဟု ပြန်​ပြော​လေ​၏။


သို့သော် ချမ်းသာ​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် မိမိ​တို့​ခံစားရ​မည့်​နှစ်သိမ့်​မှု​ကို​ရရှိ​ကြ​ပြီ​ဖြစ်​၏။


သင်​တို့​သည် ငါ့​အားဖြင့် ငြိမ်သက်​ခြင်း​ရှိ​ကြ​စေရန် ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ဟောပြော​ပြီ။ သင်​တို့​သည် ဤ​လောက​၌ ဆင်းရဲ​ဒုက္ခ​နှင့်​ကြုံတွေ့​ရ​ကြ​လိမ့်မည်။ သို့သော် မစိုးရိမ်​ကြ​နှင့်။ ငါ​သည် ဤ​လောက​ကို​အောင်နိုင်​ပြီ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


တပည့်​တော်​တို့​၏​စိတ်နှလုံး​ကို ခိုင်ခံ့​မြဲမြံ​စေ​လျက် ယုံကြည်​ခြင်း​၌ ဆက်၍​တည်နေ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​ကာ “ငါ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် များစွာ​သော​ဆင်းရဲ​ဒုက္ခ​ကို ဖြတ်သန်း​ရ​မည်”​ဟု ဆို​ကြ​၏။


အဘယ်ကြောင့်​ဆိုသော် သွေးသား​ဇာတိ​နှင့်ဆိုင်သော​စိတ်သဘော​သည် ဘုရားသခင်​နှင့် ရန်ဘက်​ဖြစ်​၏။ အကြောင်းမူကား ထို​စိတ်သဘော​သည် ဘုရားသခင်​၏​ပညတ်​တရား​ကို နာခံ​ခြင်း​မ​ရှိ။ အမှန်စင်စစ် နာခံ​၍​လည်း​မ​ရ​နိုင်။


သင့်​တောင်း​၊ သင့်​မုန့်နယ်ခွက်​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​။


ထို​သူ​တို့​၏​နိဂုံး​သည် ပျက်စီး​ခြင်း​ဖြစ်​၏။ သူ​တို့​၏​ဘုရား​သည် သူ​တို့​၏​ဝမ်းဗိုက်​ဖြစ်​၍ သူ​တို့​သည် မိမိ​တို့​၏​ရှက်ဖွယ်ရာ​၌ ဂုဏ်ယူ​ဝါကြွား​ကြ​၏။ သူ​တို့​စွဲလမ်း​သော​အရာ​သည် လောက​နှင့်ဆိုင်သော​အရာ​များ​ပင်​ဖြစ်​ကြ​၏။


ဤ​ဆင်းရဲ​ဒုက္ခ​များ​ကြောင့် မည်သူမျှ ယိမ်းယိုင်​ခြင်း​မ​ရှိ​စေရန်​ဖြစ်​၏။ အကြောင်းမူကား ဤ​သို့​ဆင်းရဲ​ဒုက္ခ​ကို​ခံရ​စေရန် ငါ​တို့​ကို​ခန့်ထား​တော်မူ​ကြောင်း သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။


အပြစ်​နှင့်ဆိုင်သော​ပျော်ရွှင်​မှု​ကို ခဏ​သာ​ခံစား​ရ​ခြင်း​ထက် ဘုရားသခင်​၏​လူမျိုး​တော်​နှင့်အတူ ဆင်းရဲ​ဒုက္ခ​ခံရ​ခြင်း​ကို ယုံကြည်​ခြင်း​အားဖြင့်​ရွေးချယ်​၏။


လောက​ကို​လည်းကောင်း၊ လောက​၌​ရှိ​သော​အရာ​တို့​ကို​လည်းကောင်း မ​ချစ်​ကြ​နှင့်။ မည်သူမဆို လောက​ကို​ချစ်​လျှင် ခမည်းတော်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌​မ​ရှိ။


ငါ​က​လည်း “သခင်၊ ကိုယ်တော်​သိ​ပါ​၏”​ဟု ပြန်လျှောက်​လျှင် ထို​သူ​က “ဤ​သူ​တို့​သည် ကြီးစွာ​သော​ဆင်းရဲ​ဒုက္ခ​ထဲမှ ထွက်လာ​သော​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် မိမိ​တို့​၏​ဝတ်လုံ​များ​ကို သိုးသငယ်​တော်​၏​သွေး​တော်​အားဖြင့် လျှော်ဖွပ်​လျက် ဖြူဖွေး​စေ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ