ဇေဖနိ 3:12 - မြန်မာ့စံမီသမ္မာကျမ်း12 အဖိနှိပ်ခံရသူများ၊ ဆင်းရဲသားများကို သင့်ထံတွင် ငါချန်ထားမည်။ သူတို့သည် ထာဝရဘုရား၏နာမတော်၌ ခိုလှုံကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible12 စိတ်နှလုံးနှိမ့်ချနူးညံ့သိမ်မွေ့သည့်လူစု ကိုထိုအရပ်တွင်ငါချန်ထားမည်။ သူတို့ သည်လည်းငါ့ထံသို့လာရောက်ခိုလှုံကြ လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible12 ငါ ထာ ဝ ရ ဘု ရား၏၊ နာ မ တော် အား ကိုး စား မည့် ဆင်း ရဲ နွမ်း ပါး သူ တို့ ကို သာ၊ ငါ ထား ခဲ့ မည်။ အခန်းကိုကြည့်ပါ။Judson Bible12 နှိမ့်ချဆင်းရဲသော အမျိုးကို သင့်အလယ်၌ ငါချန်ထားမည်။ ထိုသူတို့သည် ထာဝရဘုရား၏ နာမတော်ကို ခိုလှုံကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့သော် တစ်ခဏချင်းတွင် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကို ခံစားရ၍ ကိုယ်တော်သည် အကျွန်ုပ်တို့ထဲမှကြွင်းကျန်သူတို့ကို လွတ်မြောက်စေပြီး ကိုယ်တော်၏သန့်ရှင်းရာဌာနတော်တွင် လုံခြုံရာကို ပေးတော်မူပြီ။ အကျွန်ုပ်တို့ကို မျက်စိအလင်းပေးတော်မူပြီ။ ကျွန်ခံရရာတွင် အနည်းငယ်သက်သာခွင့်ကို ပေးတော်မူပါပြီ။