Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယာ​ကုပ် 1:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 နိမ့်ပါး​သည့်​အခြေအနေ​၌​ရှိ​သော​ညီအစ်ကို​သည် မိမိ​ချီးမြှောက်​ခြင်း​ခံရ​သောအခါ ဂုဏ်ယူ​ဝမ်းမြောက်​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​အား နိမ့် ကျ​သည့်​အ​ခြေ​အ​နေ​မှ ဘု​ရား​သ​ခင်​မြှင့် တင်​ပေး​လိုက်​သော​အ​ခါ​ဝမ်း​မြောက်​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 နိမ့် ကျ သော ညီ အစ် ကို သည် ချီး မြှောက် ခံ ရာ ၌ လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အောက်​လျှိုး​နှိမ့်​ချ​သော ညီ​အစ်​ကို​သည် မိ​မိ​ချီး​မြှောက်​ခြင်း​အ​ရာ၌ ဝါ​ကြွား​ဝမ်း​မြောက်​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 နိမ့်ကျသည့်​အခြေအနေ​တွင် ရှိသော​ယုံကြည်သူတို့​သည် ချီးမြှောက်တော်မူခြင်း​ခံရ​သောကြောင့် ဂုဏ်ယူ​ဝမ်းမြောက်​တတ်ပါစေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာ​ကုပ် 1:9
25 ပူးပေါင်းရင်းမြစ်များ  

အဆင့်အတန်း​နိမ့်​သော​သူ​တို့​သည် အခိုးအငွေ့​သာ​ဖြစ်​ကြ​ပြီး အဆင့်အတန်း​မြင့်​သော​သူ​တို့​သည် လိမ်လည်ခြင်း​သာ​ဖြစ်​ကြ​၏​။ ချိန်ခွင်​၌​ချိန်​လျှင် သူ​တို့​နှစ်မျိုး​ပေါင်း​သည် အခိုးအငွေ့​ထက်​ပေါ့​၏​။


ဆင်းရဲ​သော​သူ​ကို​ပြက်ရယ်ပြု​သော​သူ​သည် သူ​၏​ဖန်ဆင်းရှင်​ကို စော်ကား​သော​သူ​ဖြစ်​၏​။ သူတစ်ပါး​ဘေးဒုက္ခ​ရောက်​သည်​ကို ဝမ်းမြောက်​သော​သူ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။


တည်ကြည်​စွာ​လျှောက်လှမ်း​သော ဆင်းရဲသား​သည် ကောက်ကျစ်​သော​စကား​ကို​ပြောဆို​သည့် လူမိုက်​ထက် ပို၍​ကောင်း​၏​။


စိတ်နှိမ့်ချ​သော​သူ​တို့​သည် ထာဝရဘုရား​၌ တစ်ဖန်​ဝမ်းမြောက်​ကြ​လိမ့်မည်​။ လူ​တို့​တွင် နွမ်းပါး​သော​လူ​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၌ ရွှင်လန်း​ကြ​လိမ့်မည်​။


ရှင်ဘုရင်​တို့​ကို နန်း​ချ​၍ နှိမ့်ချ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။


သို့သော် နတ်​ဆိုး​တို့​သည် သင်​တို့​ကို​နာခံ​ကြ​သည့်​အတွက် ဝမ်းမြောက်​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​၏​နာမည်​များ​ကို ကောင်းကင်​၌​ရေးမှတ်​ထား​သည့်​အတွက် ဝမ်းမြောက်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


အကြောင်းမူကား မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တိုင်း​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


“ဤ​သူငယ်​တစ်​ဦး​ကို ငါ​၏​နာမ​၌ လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏။ အကြောင်းမူကား သင်​တို့​အားလုံး​တွင် အငယ်ဆုံး​သော​သူ​သည် ကြီးမြတ်​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


ထိုသို့ သားသမီး​များ​ဖြစ်​ကြ​လျှင် အမွေခံ​များ​လည်း ဖြစ်​ကြ​၏။ ငါ​တို့​သည် ခရစ်တော်​နှင့်အတူ​ဘုန်း​တော်​ချီးမြှောက်​ခြင်း​ခံရ​ရန် ဒုက္ခ​ဆင်းရဲ​ခြင်း​ကို​လည်း ကိုယ်တော်​နှင့်အတူ​ခံရ​ကြ​လျှင် ဘုရားသခင်​၏​အမွေခံ​များ​ဖြစ်​ကြ​ပြီး ခရစ်တော်​နှင့်အတူ​အမွေ​ဆက်ခံ​သူ​များ​လည်း ဖြစ်​ကြ​၏။


ဝမ်းနည်း​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အစဉ်​ဝမ်းမြောက်​လျက်​ရှိ​ကြ​၏။ ဆင်းရဲ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း များစွာ​သော​သူ​တို့​ကို ကြွယ်ဝ​ပြည့်စုံ​စေ​ကြ​၏။ မည်သည့်​အရာ​မျှ​မ​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အလုံးစုံ​ကို​ပိုင်ဆိုင်​ကြ​၏။


သင့်​ပြည်​၌ နွမ်းပါး​သော​သူ​သည် ပပျောက်​လိမ့်မည်​မ​ဟုတ်​။ ထို့ကြောင့် ‘​သင့်​ပြည်​၌​ရှိ​သည့် ဆင်းရဲ​နွမ်းပါး​သော သင်​၏​ညီအစ်ကို​အပေါ် မတွန့်တို​ရ​’​ဟု သင့်​အား ငါ​မိန့်မှာ​၏​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ရှိ​မြို့​တစ်​မြို့​၌ နွမ်းပါး​သော​သင်​၏​ညီအစ်ကို​တစ်စုံတစ်ယောက်​ရှိ​လျှင် ထို​နွမ်းပါး​သော​ညီအစ်ကို​အပေါ် ကြင်နာစိတ်​မ​ကင်းမဲ့​နှင့်​၊ မ​တွန့်တို​နှင့်​။


သင်​သည် ‘​အကြွေးလျှော်ပစ်​ခြင်း​နှစ်​ဖြစ်​သော ခုနစ်​နှစ်​မြောက်​သော​နှစ်​ရောက်​လု​နီး​ပြီ​’​ဟု တွေး​လျက် နွမ်းပါး​သော သင်​၏​ညီအစ်ကို​အား မကြည်ဖြူ​၊ ဘာမျှ​မ​ပေး​ဘဲ​နေ​ခြင်း​ဖြင့် ဆိုးညစ်​သော​စိတ် မ​ဝင်​မိ​စေရန်​သတိပြု​လော့​။ သို့မဟုတ်လျှင် သူ​သည် ထာဝရဘုရား​ထံ​ဟစ်အော်​သဖြင့် သင့်​အပေါ်​အပြစ်​သက်ရောက်​မည်​။


ခရစ်တော်​ယေရှု​အားဖြင့် အထက်​အရပ်​သို့ ဘုရားသခင်​ခေါ်ယူ​၍ ပေး​တော်မူ​မည့်​ဆု​ကို​ရရှိ​ရန် ပန်းတိုင်​သို့​ကြိုးစား​၍​ပြေး​၏။


အကြောင်းမူကား ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့်​ဝတ်ပြု​၍ ခရစ်တော်​ယေရှု​၌​ဝါကြွား​လျက် အသွေး​အသား​၌​ကိုးစား​ခြင်း​မ​ရှိ​သော​ငါ​တို့​သည် အရေဖျား​လှီး​ထား​သော​သူ​အစစ်အမှန်​ဖြစ်​ကြ​၏။


သင်​တို့​မူကား ရွေးကောက်​ခံရ​သော​အမျိုးအနွယ်၊ တော်ဝင်​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်း​သော​တိုင်းသူပြည်သား၊ ပိုင်ဆိုင်​တော်မူ​သော​လူမျိုး​တော်​ဖြစ်​ကြ​၏။ ဤသည်ကား သင်​တို့​ကို အမှောင်​ထဲမှ မိမိ​၏​အံ့ဩဖွယ်​အလင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​၏​ကောင်းမြတ်​တော်မူ​ခြင်း​များ​ကို သင်​တို့​ဖော်ပြ​ကြ​မည့်​အကြောင်း​တည်း။


သင်​၏​ဒုက္ခ​ဝေဒနာ​နှင့်​ဆင်းရဲ​ခြင်း​တို့​ကို ငါ​သိ​၏။ အမှန်မှာ သင်​သည် ချမ်းသာ​၏။ မိမိတို့ကိုယ်ကို ဂျူး​လူမျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်လည်း ဂျူး​လူမျိုး​မ​ဟုတ်​ဘဲ စာတန်​၏​အသင်းဝင်​များ​ဖြစ်​ကြ​သော​သူ​တို့​ထံမှ သင်​ခံရ​သော​စော်ကား​ပြောဆို​ခြင်း​ကို​လည်း ငါ​သိ​၏။


ဆင်းရဲသား​ကို မြေမှုန့်​ထဲမှ ဆွဲထူ​၍ နွမ်းပါး​သူ​ကို ပြာပုံ​ထဲမှ​ချီမ​တော်မူ​ပြီး မင်းသား​တို့​နှင့်အတူ​ထိုင်​စေ​တော်မူ​၏​။ ဘုန်းကြီး​သော​ပလ္လင်​ကို အမွေဆက်ခံ​စေ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​၏​အုတ်မြစ်​ကို ပိုင်​တော်မူ​၍ ကမ္ဘာလောက​ကို ထို​အုတ်မြစ်​ပေါ်တွင် ချထား​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ