ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီးရှေ့မှောက်တွင်ပင် သတ်၏။ ဇေဒကိမင်းကြီး၏မျက်စိကိုလည်းဖောက်ထုတ်ပြီး သူ့ကို ကြေးနီကြိုးဖြင့်ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
မြည်တမ်းစကား 2:9 - မြန်မာ့စံမီသမ္မာကျမ်း မြို့တံခါးတို့သည် မြေကြီးထဲသို့နစ်ဝင်သွားကြပြီ။ ကန့်လန့်ကျင်တို့ကို ကျိုးပဲ့ပျက်စီးစေတော်မူပြီ။ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် လူမျိုးခြားတို့တွင် နေရလေပြီ။ ပညတ်တရားလည်းမရှိတော့ပြီ။ ပရောဖက်တို့သည်လည်း ထာဝရဘုရားထံတော်မှ ဗျာဒိတ်နိမိတ်ကိုမရကြတော့ပြီ။ Common Language Bible မြို့တံခါးတို့သည်ကန့်လန့်ကျင်များကျိုးပဲ့ကာ အမှိုက်ပုံအောက်တွင်မြုပ်၍နေလေ၏။ ရှင်ဘုရင်နှင့်မင်းညီမင်းသားတို့သည်ယခုအခါ တိုင်းတစ်ပါးတွင်ပြည်နှင်ဒဏ်သင့်လျက်ရှိကြ၏။ ပညတ်တရားတော်ကိုသွန်သင်မှုမရှိတော့ သဖြင့် ပရောဖက်များသည်ထာဝရဘုရား၏ ထံတော်မှ ဗျာဒိတ်ရူပါရုံများကိုမတွေ့မမြင်ရကြ။ Garrad Bible မင်း ထုပ် များ ကို ချိုး ဖျက် တော် မူ သည့် အ လျောက်၊ မြို့ တံ ခါး များ သည် မြေ တွင် နစ် မြုပ် လျက်၊ ဘု ရင် မင်း နှင့် မှူး မတ် တို့ သည်၊ လူ မျိုး ခြား ဘောင် တွင် နေ လျက်၊ တ ရား တော် သည်၊ ပ ပျောက် လျက်၊ ပ ရော ဖက် တို့ သည်၊ ထာ ဝ ရ ဘု ရား ထံ ရူ ပါ ရုံ မဲ့ လျက်၊ နေ ကြ သည် တ ကား။ Judson Bible မြို့တံခါးရွက်တို့သည် မြေ၌မြှုပ်လျက်ရှိကြ၏။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ၏။ တရားတော်မရှိ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။ |
ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီးရှေ့မှောက်တွင်ပင် သတ်၏။ ဇေဒကိမင်းကြီး၏မျက်စိကိုလည်းဖောက်ထုတ်ပြီး သူ့ကို ကြေးနီကြိုးဖြင့်ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
အစ္စရေးလူမျိုးတို့တွင် ကာလကြာမြင့်စွာစစ်မှန်သောဘုရားမရှိ၊ သွန်သင်ပေးမည့်ယဇ်ပုရောဟိတ်မရှိ၊ ပညတ်တရားလည်းမရှိ။
သူတို့က “သုံ့ပန်းဘဝမှလွတ်မြောက်ကြွင်းကျန်သူတို့သည် နေရင်းပြည်တွင် ဆင်းရဲဒုက္ခကြီးစွာရောက်ပြီး ကဲ့ရဲ့ရှုတ်ချခြင်းကို ခံနေရပါ၏။ ဂျေရုဆလင်မြို့ရိုးလည်း ဖြိုဖျက်ခြင်းခံရပါပြီ၊ မြို့တံခါးများလည်း မီးလောင်ကျွမ်းသွားပါပြီ”ဟု ပြောပြကြ၏။
အကျွန်ုပ်တို့၏အမှတ်လက္ခဏာများကို အကျွန်ုပ်တို့မမြင်ရပါ။ ပရောဖက်လည်းမရှိတော့ပါ။ မည်မျှအထိ ဤသို့ဖြစ်မည်ကိုသိသောသူလည်း အကျွန်ုပ်တို့ထဲတွင်မရှိပါ။
မြို့ထဲ၌ လူသူကင်းမဲ့ကျန်ခဲ့ပြီ။ မြို့တံခါးသည်လည်း ရိုက်ချိုးခံရ၍ ပျက်စီးလေပြီ။
ထာဝရဘုရားကလည်း “ထိုပရောဖက်တို့သည် ငါ့နာမဖြင့် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ငါသည် သူတို့ကိုမစေလွှတ်၊ မမိန့်မှာ၊ မမြွက်ဆို။ သူတို့သည် သင်တို့အား မဟုတ်မမှန်သောဗျာဒိတ်နိမိတ်၊ ဂမ္ဘီရအတတ်၊ အကျိုးမဲ့သောအရာ၊ သူတို့စိတ်ထဲရှိလှည့်စားမှုအတိုင်း ပရောဖက်ပြုကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အား ပရောဖက်ပြုဟောပြောသော ပရောဖက်တို့စကားကို နားမထောင်ကြနှင့်။ သူတို့သည် သင်တို့အား အဓိပ္ပာယ်မဲ့သောစကားကို ဟောပြောကြ၏။ ထာဝရဘုရား၏နှုတ်ထွက်စကားမဟုတ်ဘဲ မိမိတို့စိတ်သဘောအတိုင်း ဗျာဒိတ်နိမိတ်ကို ဟောပြောတတ်ကြ၏။
ဇေဒကိမင်းကြီးနန်းစံ တစ်ဆယ့်တစ်နှစ်၊ စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲသို့ ထိုးဖောက်ဝင်ရောက်ကြ၏။
ခါလဒဲစစ်သည်တို့သည် ဘုရင့်နန်းတော်နှင့် လူနေအိမ်တို့ကိုမီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကိုလည်း ဖြိုဖျက်ကြ၏။
ဘေဘီလုံစစ်သူရဲတို့သည် စစ်မတိုက်ဝံ့တော့ဘဲ ရဲတိုက်များ၌သာ နေကြလေပြီ။ သူတို့သည် ရဲစွမ်းသတ္တိကုန်ခန်း၍ မိန်းမကဲ့သို့ဖြစ်လေပြီ။ သူတို့နေရာကို မီးရှို့ပစ်ကြပြီ။ ကန့်လန့်ကျင်တို့ကိုလည်း ချိုးပစ်ကြပြီ။
ကိုယ်ရံတော်မှူးနှင့်ပါလာသော ခါလဒဲစစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိ မြို့ရိုးတစ်လျှောက်လုံးကို ဖြိုဖျက်ကြ၏။
ယုဒအမျိုးသည် အနှိပ်စက်ခံရပြီ။ ကြမ်းကြမ်းတမ်းတမ်းကျွန်ပြုခံရပြီ။ ဖမ်းခေါ်သွားခြင်းခံရပြီ။ လူမျိုးခြားတို့တွင် နေထိုင်ရပြီ။ နားခိုရာကိုမတွေ့။ သူ့ကိုလိုက်သောသူအပေါင်းတို့သည် လမ်းဆုံး၌ သူ့ကိုမီကြလေပြီ။
လူတို့ကလည်း သူတို့အား “ထွက်သွားကြ၊ မစင်ကြယ်သောသူတို့၊ ထွက်သွားကြ၊ ထွက်သွားကြ။ ငါတို့ကို မထိနှင့်”ဟု ဟစ်အော်ကြ၏။ သူတို့လည်း ထွက်သွား၍ လှည့်လည်သွားလာကြရ၏။ လူမျိုးတကာတို့ကလည်း “ငါတို့နှင့်အတူ မနေကြတော့နှင့်”ဟု ဆိုကြ၏။
ငါတို့က “လူမျိုးခြားတို့တွင် ထိုသူ၏အရိပ်အောက်၌ ငါတို့ခိုလှုံအသက်ရှင်ကြမည်”ဟု ဆိုခဲ့သော်လည်း ငါတို့၏အသက်သခင်ဖြစ်သော၊ ထာဝရဘုရားဘိသိက်ပေးသော ထိုသူသည် သူတို့တူးသောတွင်းထဲသို့ ကျလေပြီ။
ထိုမင်းကို ပိုက်ကွန်နှင့်အုပ်သဖြင့် သူသည် ပိုက်ကွန်၌မိလိမ့်မည်။ သူ့ကို ခါလဒဲပြည်၊ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားမည်ဖြစ်သော်လည်း ထိုမြို့ကို သူမြင်ခွင့်ရမည်မဟုတ်။ ထိုမြို့တွင်ပင် သူသေရလိမ့်မည်။
ငါသည် သူ့ကိုပိုက်ကွန်နှင့်အုပ်သဖြင့် သူသည် ပိုက်ကွန်၌မိလိမ့်မည်။ သူ့ကို ဘေဘီလုံပြည်သို့ခေါ်ဆောင်သွားမည်။ သူသည် ဖောက်ပြန်၍ ငါ့ကိုပြစ်မှားသောကြောင့် ထိုအရပ်၌ပင် သူ့ကို ငါစစ်ကြောစီရင်မည်။
ဘေးဒုက္ခ တစ်ခုပြီးတစ်ခု ရောက်လာမည်။ သတင်းစကား တစ်ခုပြီးတစ်ခု ကြားရမည်။ ပရောဖက်တို့ထံမှ ဗျာဒိတ်နိမိတ်ကို မေးမြန်းသော်လည်း ရမည်မဟုတ်။ ယဇ်ပုရောဟိတ်တို့ထံမှ တရားတော်၊ သက်ကြီးဝါကြီးတို့ထံမှ အကြံဉာဏ်တို့သည်လည်း ပျောက်ဆုံးလိမ့်မည်။
ဓားဘေးသည် သူတို့မြို့သို့ရောက်လာ၍ မြို့တံခါးများကို ဖျက်ဆီးပစ်မည်။ သူတို့၏အကြံအစည်တို့ကိုလည်း ဝါးမျိုပစ်မည်။
အစ္စရေးအမျိုးသားတို့သည် ရှင်ဘုရင်နှင့် အကြီးအကဲ မရှိ၊ ယဇ်ပူဇော်ခြင်း မရှိ၊ အထွတ်အမြတ်ကျောက်တိုင် မရှိ၊ ဧဖုဒ် မရှိ၊ တေရပ်ရုပ်တု မရှိ။ ထိုကဲ့သို့ နေ့ရက်များစွာ နေရလိမ့်မည်။
ဒမတ်စကပ်မြို့၏ကန့်လန့်ကျင်ကို ချိုးဖျက်ပစ်မည်။ အာဝင်ချိုင့်သားတို့နှင့် ဗေသေဒင်မြို့မှ ရာဇလှံတံစွဲကိုင်သူကို သုတ်သင်ပစ်မည်။ အာရံပြည်သားတို့ကို ကိရပြည်သို့ဖမ်းခေါ်သွားမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားသည် သင့်ကိုလည်းကောင်း၊ သင်တင်မြှောက်ထားသော သင့်ကိုအုပ်စိုးသည့်ရှင်ဘုရင်ကိုလည်းကောင်း သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော လူမျိုးထံသို့ ဆောင်သွားတော်မူသဖြင့် သင်သည် ထိုအရပ်၌ အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
ထာဝရဘုရားသည် သင့်ကိုကောင်းစားစေ၍ တိုးပွားစေရာ၌ နှစ်သက်အားရတော်မူသကဲ့သို့ သင့်ကိုဖျက်ဆီး၍ သုတ်သင်ပယ်ရှင်းပစ်ရာ၌လည်း ထာဝရဘုရား ဝန်လေးတော်မူမည်မဟုတ်။ သင်သည် သင်ဝင်ရောက်သိမ်းပိုက်သည့်ပြည်ထဲမှ နုတ်ပယ်ခြင်းခံရလိမ့်မည်။
ထာဝရဘုရားထံ မေးလျှောက်လေ၏။ သို့သော် ထာဝရဘုရားသည် သူ့အား အိပ်မက်အားဖြင့်ဖြစ်စေ၊ ဥရိမ်အားဖြင့်ဖြစ်စေ၊ ပရောဖက်အားဖြင့်ဖြစ်စေ ဖြေကြားတော်မမူ။