Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 4:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 လူ​တို့​က​လည်း သူ​တို့​အား “​ထွက်သွား​ကြ​၊ မစင်ကြယ်​သော​သူ​တို့​၊ ထွက်သွား​ကြ​၊ ထွက်သွား​ကြ​။ ငါ​တို့​ကို မ​ထိ​နှင့်​”​ဟု ဟစ်အော်​ကြ​၏​။ သူ​တို့​လည်း ထွက်သွား​၍ လှည့်လည်​သွားလာ​ကြ​ရ​၏​။ လူမျိုးတကာ​တို့​က​လည်း “​ငါ​တို့​နှင့်အတူ မ​နေ​ကြ​တော့​နှင့်​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 လူ​တို့​က``ထွက်​သွား​ကြ​လော့၊သင်​တို့​သည် ညစ်​ညမ်း​လျက်​ရှိ​၏။ ငါ​တို့​ကို​မ​တို့​မ​ထိ​ကြ​နှင့်'' ဟု​အော်​ဟစ် ပြော​ဆို​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​အား​လက်​ခံ မည့်​သူ မ​ရှိ​ဘဲ တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 သွား​ကြ။ မ​စင်​ကြယ်​သော​သူ​တို့၊ သွား​ကြ၊ သွား​ကြ။ မ​ထိ​ကြ​နှင့်​ဟု သူ​တစ်​ပါး​တို့​သည် ဟစ်​တတ်​ကြ၏။ အ​ဝေး​သို့​ပြေး၍ အ​ရပ်​ရပ်​သို့​လှည့်​လည်​ရ​သော​အ​ခါ သာ​သ​နာ​ပ​လူ​တို့​က၊ သူ​တို့​သည် မ​တည်း​မ​နေ​ရ​ဟု ဆို​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 4:15
3 ပူးပေါင်းရင်းမြစ်များ  

ကြည့်ရှု​လော့​။ ငါ​သည် သင့်​ဝန်းကျင်​မှ ကြောက်မက်ဖွယ်​အန္တရာယ်​ကို သင့်​ထံ​ရောက်​စေ​မည်​။ သင်​တို့​အားလုံး နှင်ထုတ်​ခြင်း​ခံရ​မည်​။ ထွက်ပြေးကွဲလွင့်​သွား​သော​သူ​တို့​ကို ပြန်လည်​စုစည်း​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ယုဒ​အမျိုး​သည် အနှိပ်စက်​ခံရ​ပြီ​။ ကြမ်းကြမ်းတမ်းတမ်း​ကျွန်ပြု​ခံရ​ပြီ​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီ​။ လူမျိုးခြား​တို့​တွင် နေထိုင်​ရ​ပြီ​။ နားခို​ရာ​ကို​မ​တွေ့​။ သူ့​ကို​လိုက်​သော​သူ​အပေါင်း​တို့​သည် လမ်းဆုံး​၌ သူ့​ကို​မီ​ကြ​လေ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ