Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 12:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထို​မင်း​ကို ပိုက်ကွန်​နှင့်​အုပ်​သဖြင့် သူ​သည် ပိုက်ကွန်​၌​မိ​လိမ့်မည်​။ သူ့​ကို ခါလဒဲ​ပြည်​၊ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​မည်​ဖြစ်​သော်လည်း ထို​မြို့​ကို သူ​မြင်​ခွင့်​ရ​မည်​မ​ဟုတ်​။ ထို​မြို့​တွင်ပင် သူ​သေ​ရ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ငါ​သည်​ပိုက်​ကွန်​ကို​ဖြန့်​၍​သူ့​အား​အုပ်​မိ​ကာ ငါ​၏​ထောင်​ချောက်​တွင်​မိ​စေ​လျက်​ခါ​လ​ဒဲ ပြည်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​သွား​မည်။ သူ​သည်​ထို​မြို့​ကို​မ​မြင်​ရ​ဘဲ​ထို​မြို့​၌ ပင်​သေ​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ငါ လည်း ပိုက် ကွန် တော် ကို ဖြန့် ချ သည့် အ လျောက်၊ အုပ် မိ သော ထို မင်း ကို ခါ လ ဒဲ ပြည် ဗာ ဗု လုန် မြို့ သို့ ယူ သွား မည်။ ၎င်း ပြည် ကို မြင် ခွင့် မ ရ ဘဲ သေ ရ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​မင်း​ကို​လည်း ငါ၏​ပိုက်​ကွန်​နှင့်​အုပ်​၍၊ ငါ​၏​ကျော့​ကွင်း​၌ ကျော့​မိ​စေ​မည်။ ခါ​လ​ဒဲ​ပြည် ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​မည်။ ထို​မြို့​၌ သေ​ရ​သော်​လည်း မြို့​ကို​မ​မြင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 12:13
24 ပူးပေါင်းရင်းမြစ်များ  

သူ့​ကို​ထောင်ဖမ်း​မည့်​ကြိုးကွင်း​ကို မြေကြီး​တွင် ဝှက်ထား​လိမ့်မည်​။ သူ​သွား​မည့်​လမ်း​တွင် ထောင်ချောက်​ဆင်​ထား​လိမ့်မည်​။


သင်​တို့​သိထား​ရ​မည်​မှာ ဘုရားသခင်​သည် ငါ့​အမှု​ကို ကောက်​စေ​တော်မူ​၍ ငါ့​ပတ်ပတ်လည်​တွင် ထောင်ချောက်​များ​ဖြင့် ဝိုင်းရံ​စေ​တော်မူ​၏​။


ကိုယ်တော်​သည် မီးခဲ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​အပေါ် ရွာကျ​စေ​တော်မူ​လိမ့်မည်​။ မီး​၊ ကန့်​နှင့် ပူလောင်​သော​လေ​သည် သူ​တို့​ခွက်ဖလား​အတွက် ဝေစု​ဖြစ်​လိမ့်မည်​။


ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ပိုက်ကွန်​ထဲသို့​ကျ​စေ​၍ အကျွန်ုပ်​တို့​၏​ကျော​ပေါ်တွင် ဝန်ထုပ်​ကို​တင်​တော်မူ​ပြီ​။


ထာဝရဘုရား​က ‘ငါ​သည် ယုဒ​ဘုရင်​ဇေဒကိ​မှစ၍ သူ​၏​မှူးမတ်​များ​နှင့် ဤ​ပြည်​၌​ကျန်ရစ်​သော ဂျေရုဆလင်​မြို့သူမြို့သား​များ​၊ အီဂျစ်​ပြည်​သို့​ပြောင်းရွှေ့​နေထိုင်​သော​သူ​များ​ကို စား​၍​မ​ရ​အောင်​ပုပ်​နေ​သော​သဖန်းသီး​ကဲ့သို့ ဖြစ်​စေ​မည်​။


ဇေဒကိ​ကို ဘေဘီလုံ​မြို့​သို့​ခေါ်ဆောင်​သွား​လိမ့်မည်​။ သူ့​ကို ငါ​ထာဝရဘုရား​အကြည့်အရှု​မ​ကြွလာ​မ​ချင်း ထို​မြို့​၌ သူ​နေ​ရ​လိမ့်မည်​။ သင်​တို့​သည် ခါလဒဲ​၏​တပ်​ကို တိုက်​သော်လည်း နိုင်​လိမ့်မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်​ဟု ပရောဖက်ပြု​ဟောပြော​ရ​သနည်း”​ဟု မိန့်ဆို​၏​။


သင်​သည် ဘေဘီလုံ​ဘုရင်​၏​လက်​မှ​လွတ်မြောက်​မည်​မ​ဟုတ်​။ ဖမ်းဆီး​ခြင်း အမှန်​ခံရ​မည်​။ ထို​ဘုရင်​လက်အောက်​သို့ ရောက်​ရ​လိမ့်မည်​။ သူ​နှင့် မျက်နှာချင်းဆိုင် တစ်ယောက်​ကို​တစ်ယောက်​ကြည့်​ပြီး စကားပြော​ရ​လိမ့်မည်​။ ဘေဘီလုံ​မြို့​သို့ လိုက်ပါ​သွား​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​ဟု ပြောကြား​လော့​။


ဇေဒကိ​မင်းကြီး​သည် လူ​လွှတ်​၍ ယေရမိ​ကို နန်းတော်​သို့​ခေါ်လာ​စေ​ပြီးလျှင် “​ထာဝရဘုရား​ထံ​တော်​မှ နှုတ်ကပတ်တော်​ရောက်လာ​သေး​သလော​”​ဟု လျှို့ဝှက်​စွာ​မေးမြန်း​၏​။ ယေရမိ​က “​နှုတ်ကပတ်တော်​ရောက်လာ​ပါ​၏​။ အရှင်မင်းကြီး​သည် ဘေဘီလုံ​ဘုရင်​၏​လက်​ထဲသို့​ရောက်​ရ​လိမ့်မည်​”​ဟု ပြန်လျှောက်​၏​။


ဇေဒကိ​မင်းကြီး​၏​မျက်လုံး​များ​ကို​လည်း ဖောက်ထုတ်​ပြီး သူ့​ကို ကြေးနီ​ခြေချင်းခတ်​လျက် ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။


အို ဘေဘီလုံ​မြို့​၊ သင်​သည် ငါ​ထောင်​ထား​သော ကျော့ကွင်း​၌​မိ​ပြီ​။ သင်​သည် ထာဝရဘုရား​ကို အာခံ​သောကြောင့် သင်​မ​သိ​မ​မြင်​လိုက်​သော​အချိန်​တွင်​ပင် ကျော့မိ​လေ​ပြီ​။


ကိုယ်တော်​သည် ကောင်းကင်​မှ​မီး​ကို စေလွှတ်​၍ ငါ့​အရိုး​များ​ကို လောင်ကျွမ်း​စေ​တော်မူ​ပြီ​။ ငါ့​ခြေ​ရှေ့​၌ ပိုက်ကွန်​ကို​ဖြန့်​ထား​ပြီ​။ ငါ့​ကို​နောက်​သို့​ပြန်လှည့်​စေ​တော်မူ​ပြီ​။ ငါ့​ကို အထီးကျန်​စေ​တော်မူ​၍ ငါ​သည် တစ်နေ့လုံး ညှိုးငယ်​လျက်​နေ​ရ​ပါ​ပြီ​။


ငါ​တို့​သည် ကြောက်မက်ဖွယ်ဘေး​နှင့် ကြုံ​ရ​ပြီ​။ မြေတွင်း​ထဲသို့ ကျ​လေ​ပြီ။ အထီးကျန်​ခြင်း​၊ ပျက်စီး​ခြင်း​သို့​ရောက်​ပါ​ပြီ​။


ခါလဒဲ​ပြည်​၊ ခေဗာ​မြစ်​နား​တွင်​ရှိ​စဉ် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဗုဇိ​၏​သား​၊ ယဇ်ပုရောဟိတ် ယေဇကျေလ​ထံသို့ ရောက်လာ​၏​။ ထို​အရပ်​၌ ထာဝရဘုရား​သည် လက်​တော်​ကို သူ့​အပေါ်​တင်​လျက်​ရှိ​၏​။


သူ​တို့​မျက်စိ​ရှေ့​တွင်ပင် အထုပ်​ကို သင့်​ပခုံး​ပေါ်တွင်​ထမ်း​၍ အမှောင်​ထဲသို့​ထွက်သွား​လော့​။ ဘာမျှ​မ​မြင်​ရ​အောင် မျက်နှာ​ကို​ဖုံး​ထား​လော့​။ ငါ​သည် သင့်​ကို အစ္စရေး​အမျိုးအနွယ်​တို့​အဖို့ နိမိတ်လက္ခဏာ​ဖြစ်​စေ​ပြီ​”​ဟု မိန့်ဆို​၏​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘​ငါ​အသက်ရှင်​သည်​နှင့်အညီ သူ့​အား နန်းတင်​ပေး​ခဲ့​သည့် ဘုရင်​နှင့် သူ​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ချိုးဖောက်​ခြင်း​ဖြင့် ထို​ဘုရင်​နှင့်​ကျိန်ဆို​ခဲ့​သည်​ကို သူ​မထီမဲ့မြင်ပြု​သောကြောင့် ထို​ဘုရင်​၏​တိုင်းပြည်​ဘေဘီလုံ​မြို့​တွင်ပင် သေဆုံး​ရ​မည်​။


ငါ​သည် သူ့​ကို​ပိုက်ကွန်​နှင့်​အုပ်​သဖြင့် သူ​သည် ပိုက်ကွန်​၌​မိ​လိမ့်မည်​။ သူ့​ကို ဘေဘီလုံ​ပြည်​သို့​ခေါ်ဆောင်​သွား​မည်​။ သူ​သည် ဖောက်ပြန်​၍ ငါ့​ကို​ပြစ်မှား​သောကြောင့် ထို​အရပ်​၌​ပင် သူ့​ကို ငါ​စစ်ကြောစီရင်​မည်​။


ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် များစွာ​သော​လူ​အလုံးအရင်း​နှင့်အတူ သင့်​ကို ငါ့​ပိုက်ကွန်​ဖြင့် အုပ်​မည်​။ သူ​တို့​သည် ထို​ပိုက်ကွန်​ဖြင့် သင့်​ကို​ဆွဲယူ​ကြ​လိမ့်မည်​။


သူ​တို့​သွား​လေရာရာ​သို့ ငါ့​ပိုက်ကွန်​ဖြင့် လိုက်အုပ်​မည်​။ မိုးကောင်းကင်​ငှက်​ကဲ့သို့ သူ​တို့​ကို ဆွဲချ​မည်​။ သူ​တို့​လူအုပ်ကြီး​ကို သတိပေး​ခဲ့​သည့်​အတိုင်း သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။


အကြောင်းမူကား ထို​နေ့ရက်​သည် မြေ​တစ်ပြင်လုံး​၌​နေထိုင်​သူ​အပေါင်း​တို့​အပေါ်သို့ သက်ရောက်​လာ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ