မြည်တမ်းစကား 2:10 - မြန်မာ့စံမီသမ္မာကျမ်း10 ဇိအုန်သမီးပျို၏သက်ကြီးဝါကြီးတို့သည် လျှော်တေအဝတ်ကိုဝတ်လျက်၊ မြေကြီးပေါ်၌ တိတ်ဆိတ်စွာထိုင်လျက်၊ မိမိတို့ခေါင်းပေါ်သို့ မြေမှုန့်ကိုပစ်တင်ကြပြီ။ ဂျေရုဆလင်အပျိုကညာတို့သည် မြေကြီးသို့ ခေါင်းငိုက်စိုက်ကျလေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible10 ယေရုရှလင်မြို့၏အသက်ကြီးသူတို့သည် လျှော်တေကိုဝတ်၍ မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့်များတင် ပြီးလျှင် မြေပေါ်၌ဆိတ်ငြိမ်စွာထိုင်နေကြ၏။ မြို့သူကညာများသည်လည်းခေါင်းကို ငိုက်စိုက်ညွှတ်လျက်နေကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible10 ဦး ခေါင်း ထက် မြေ မှုန့် ကို ကြဲ၍၊ လျှော် တေ ဝတ် ဆင် သော သ တို့ သ မီး ဇိ အုန်၏ လူ ကြီး တို့ သည်၊ မြေ ပေါ် တွင် ဆိတ် ဆိတ် ထိုင် လျက်၊ ယေ ရု ရှ လင် မြို့ သူ အ ပျို တို့ လည်း၊ မြေ သို့ ဦး စိုက် လျက် နေ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ်စွာနေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်းကို ငိုက်ဆိုက်ညွှတ်လျက် နေကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်သို့ပစ်တင်၍ ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြကာ ‘မိမိ၏အဖိုးတန်ပစ္စည်းများကြောင့် ပင်လယ်ထဲရှိသင်္ဘောများကို ပိုင်ဆိုင်သူရှိသမျှတို့အား ချမ်းသာစေခဲ့သည့် ကြီးမားသောမြို့၊ သင်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ လုံးလုံးဖျက်ဆီးခြင်းခံရသည်ဖြစ်၍ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား’ဟု အော်ဟစ်ပြောဆိုကြ၏။