ဆင်းရဲဒုက္ခခြောက်မျိုးထဲမှ သင့်ကို ကယ်နုတ်တော်မူမည်။ ခုနစ်မျိုးသောဘေးအန္တရာယ်သည်လည်း သင့်ကို ထိခိုက်နိုင်မည်မဟုတ်။
မိက္ခာ 5:5 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ငြိမ်းချမ်းခြင်းအကြောင်း ဖြစ်လိမ့်မည်။ အဆီးရီးယားလူမျိုးတို့သည် ငါတို့ပြည်သို့ ချီလာ၍ ငါတို့၏ခံတပ်များထဲသို့ ကျူးကျော်ဝင်ရောက်သောအခါ သူတို့ကို တိုက်ခိုက်မည့် သိုးထိန်းခုနစ်ပါး၊ မင်းညီမင်းသားရှစ်ပါးကို ငါတို့တင်မြှောက်ကြမည်။ Common Language Bible တိုင်းပြည်သည်လည်းငြိမ်းချမ်းသာယာ လိမ့်မည်။ အာရှုရိအမျိုးသားတို့သည်ငါတို့၏နိုင်ငံ ကိုတိုက်ခိုက်၍ ငါတို့၏ခံတပ်များကိုချိုး ဖောက်ဝင်ရောက်ကြသောအခါ၊ ငါတို့တွင် ခွန်အားကြီးသောခေါင်းဆောင်များကိုစေ လွှတ်၍ ရန်သူတို့ကိုခုခံတိုက်ခိုက်မည်။- Garrad Bible အာ ရှု ရိ၊ နိမ် ရော ဓ ပြည် ဝင် ပေါက် များ ကို ဓား ဖြင့် သုတ် သင် ကြ သည် နှင့်၊ ငါ တို့ ပြည် သို့ ချီ ဝင်၍ နယ် နိ မိတ် အ တွင်း ကျော် နင်း သော အာ ရှု ရိ လူ မျိုး လက် တွင်း မှ၊ ထို မင်း ကယ် ဆယ် တော် မူ လိမ့် မည်။ Judson Bible အာရှုရိလူသည် ငါတို့ပြည်သို့လာ၍၊ ငါတို့ ဘုံဗိမာန်များကိုနင်းသောအခါ၊ သိုးထိန်းခုနစ်ပါးနှင့် လူကြီးရှစ်ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း၍၊ |
ဆင်းရဲဒုက္ခခြောက်မျိုးထဲမှ သင့်ကို ကယ်နုတ်တော်မူမည်။ ခုနစ်မျိုးသောဘေးအန္တရာယ်သည်လည်း သင့်ကို ထိခိုက်နိုင်မည်မဟုတ်။
သူ၏လက်ထက်၌ ဖြောင့်မတ်သောသူသည် ကြီးပွား၍ လကွယ်ပျောက်သွားသည်အထိ ငြိမ်းချမ်းမှုအပြည့်ရှိပါစေသော။
ခံ့ညားစွာခြေလှမ်းလှမ်းတတ်သောအရာသုံးပါးမက ခံ့ညားစွာလှမ်းလျှောက်တတ်သောအရာလေးပါးမှာ
ထာဝရဘုရားမုန်းတော်မူသောအရာခြောက်ပါးမက ကိုယ်တော်၏စိတ်ဝိညာဉ် စက်ဆုပ်ရွံရှာတော်မူသောအရာခုနစ်ပါးမှာ
သင်၏ဝေစုကို လူခုနစ်ဦးမက ရှစ်ဦးတို့အား ပေးအပ်ထားလော့။ အကြောင်းမူကား ကမ္ဘာမြေကြီးပေါ်တွင် မည်သို့သောဘေးဒုက္ခကျရောက်လာမည်ကို သင်မသိ။
အဆီးရီးယားလူမျိုးကို ငါ့ပြည်တွင် ချိုးဖဲ့မည်။ ငါ့တောင်များပေါ်တွင် ငါနင်းချေမည်။ သူ၏ထမ်းပိုးကို အစ္စရေးလူမျိုးတို့အပေါ်မှ ဖယ်ရှားမည်။ သူ၏ဝန်ကို အစ္စရေးလူမျိုးတို့၏ပခုံးပေါ်မှဖယ်ရှားမည်”ဟု ကျိန်ဆိုတော်မူ၏။
ကုရုမင်းကြီးနှင့်ပတ်သက်၍ ‘သူသည် ငါ၏သိုးထိန်းဖြစ်၍ ငါ့အလိုဆန္ဒရှိသမျှကို သူပြည့်စုံစေမည်’ဟု ငါမိန့်ဆို၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့ကို တည်ဆောက်ကြလိမ့်မည်’၊ ဗိမာန်တော်နှင့်ပတ်သက်၍ ‘ဗိမာန်တော်ကို အုတ်မြစ်ချကြလိမ့်မည်’ဟု ငါမိန့်ဆို၏”ဟူ၍ မိန့်တော်မူ၏။
ထို့ကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို အနောက်အရပ်မှလည်းကောင်း၊ ဘုန်းအသရေတော်ကို နေထွက်ရာအရပ်မှလည်းကောင်း ကြောက်ရွံ့ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား၏ထွက်သက်လေမှုတ်ထုတ်တော်မူ၍ အရှိန်အဟုန်နှင့်စီးဆင်းသောမြစ်ရေကဲ့သို့ ကိုယ်တော်ကြွလာတော်မူမည်။
ထာဝရဘုရားက “စပျစ်ဝိုင်အသစ်ထွက်နိုင်သေးသော စပျစ်ခိုင်ကို တွေ့ရှိသောအခါ ‘မဖျက်ဆီးနှင့်၊ ကောင်းချီးမင်္ဂလာရှိသည်’ဟု လူတို့ပြောဆိုတတ်၏။ ငါသည်လည်း ငါ့အစေအပါးတို့ကိုထောက်၍ ထို့အတူပြုမည်။ ငါသည် အကုန်အစင်မဖျက်ဆီး။
ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
ထိုနေ့ ထိုအချိန်၌ ဖြောင့်မတ်ခြင်းအကိုင်းကို ဒါဝိဒ်အမျိုးထဲမှ ငါပေါ်ထွက်စေမည်။ သူသည် မြေကြီးပေါ်၌ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်လိမ့်မည်။
ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ “ဒမတ်စကပ်မြို့သားတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ဂိလဒ်ပြည်ကို ကောက်နယ်သံတလိမ့်တုံးဖြင့် နင်းနယ်လေပြီ။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ “ဂါဇမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ပြည်သူတစ်ရပ်လုံးကိုဖမ်းခေါ်သွားပြီး ဧဒုံပြည်သို့ အပ်လိုက်လေပြီ။
သူတို့သည် ဒုက္ခပင်လယ်ကို ဖြတ်ကျော်၍ ပင်လယ်လှိုင်းတံပိုးတို့ကို ဒဏ်ခတ်လိမ့်မည်။ နိုင်းမြစ်ရေထုကြီးလည်း ခန်းခြောက်သွားလိမ့်မည်။ အဆီးရီးယားပြည်၏မာန ချိုးဖျက်ခံရလိမ့်မည်။ အီဂျစ်ပြည်၏ရာဇလှံတံလည်း ကွယ်ပျောက်ရလိမ့်မည်။
“သိုးထိန်းတို့ကို ငါအမျက်ထွက်၏။ ခေါင်းဆောင်တို့ကို ငါဒဏ်ခတ်မည်။ အကြောင်းမူကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် မိမိ၏သိုးစုယုဒအမျိုးအနွယ်ကို ကြည့်ရှုထောက်မ၍ သူတို့ကို ရဲစွမ်းသတ္တိရှိသောစစ်မြင်းကဲ့သို့ ဖြစ်စေမည်။
ထိုနေ့ရက်တွင် ငါသည် ယုဒသူကြီးတို့ကို ထင်းမီးဖို၊ ကောက်လှိုင်းမီးတုတ် ဖြစ်စေသဖြင့် လက်ယာဘက်၊ လက်ဝဲဘက် ဝန်းကျင်ရှိလူမျိုးအပေါင်းတို့ကို လောင်ကျွမ်းလိမ့်မည်။ ဂျေရုဆလင်မြို့မူကား ယခင်နေရာဖြစ်သည့် ဂျေရုဆလင်မြို့၌ တည်ရှိလိမ့်မည်။
ဧဖရိမ်ပြည်၏စစ်ရထား၊ ဂျေရုဆလင်မြို့၏မြင်းတို့ကို ငါဖယ်ရှားပစ်မည်။ စစ်လေးလက်နက်တို့သည်လည်း ကျိုးပဲ့ကုန်လိမ့်မည်။ ရှင်ဘုရင်သည် လူမျိုးတကာတို့ကို ငြိမ်းချမ်းရေးသတင်းစကားပြောကြားလိမ့်မည်။ သူ၏အုပ်စိုးမှုအာဏာစက်သည် တစ်ပင်လယ်မှ တစ်ပင်လယ်တိုင်အောင်လည်းကောင်း၊ ယူဖရေးတီးမြစ်မှ မြေကြီးစွန်းတိုင်အောင်လည်းကောင်း ရောက်လိမ့်မည်။
ငါသည် ယုဒကို လေးသဖွယ် တင်မည်၊ ဧဖရိမ်ကို မြားသဖွယ် ပြုမည်။ အို ဇိအုန်၊ သင့်သားတို့ကို ငါနှိုးဆော်မည်။ အို ဂရိ၊ သင့်သားတို့ကို ငါဆန့်ကျင်မည်။ သင့်ကို စစ်သူရဲ၏ဓားသဖွယ် ဖြစ်စေမည်။”
“အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့အပေါ် ငြိမ်သက်ခြင်းရှိစေသတည်း”ဟု မြွက်ဆိုကြ၏။
ငါသည် ငြိမ်သက်ခြင်းကို သင်တို့၌ထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ ဤလောကပေးသည့်အတိုင်း သင်တို့အား ငါပေးသည်မဟုတ်။ သင်တို့စိတ်ပူပန်ခြင်းမရှိကြနှင့်။ ကြောက်ရွံ့ခြင်းလည်းမရှိကြနှင့်။
သင်တို့သည် ငါ့အားဖြင့် ငြိမ်သက်ခြင်းရှိကြစေရန် ဤအရာများကို သင်တို့အား ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။ သို့သော် မစိုးရိမ်ကြနှင့်။ ငါသည် ဤလောကကိုအောင်နိုင်ပြီ”ဟု ပြန်၍မိန့်တော်မူ၏။
သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။
ကောင်းကင်ဗိုလ်ခြေတို့သည် စင်ကြယ်သောပိတ်ချောဖြူကိုဝတ်ဆင်လျက် မြင်းဖြူကိုစီးကာ သူ၏နောက်သို့လိုက်ကြ၏။