ဒေသနာကျမ်း။ 11:2 - မြန်မာ့စံမီသမ္မာကျမ်း2 သင်၏ဝေစုကို လူခုနစ်ဦးမက ရှစ်ဦးတို့အား ပေးအပ်ထားလော့။ အကြောင်းမူကား ကမ္ဘာမြေကြီးပေါ်တွင် မည်သို့သောဘေးဒုက္ခကျရောက်လာမည်ကို သင်မသိ။ အခန်းကိုကြည့်ပါ။Common Language Bible2 လူခုနစ်ယောက်မက၊ ရှစ်ယောက်တို့အား ဝေမျှ လော့။ မြေပေါ်မှာအဘယ်အမှုရောက်မည်ကို သင်မသိ။ အခန်းကိုကြည့်ပါ။Garrad Bible2 မြေ ပေါ် တွင် မည် သည့် အ မှု ရောက် မည် ကို မ သိ သော ကြောင့်၊ ခု နစ် ပုံ၊ မု ချ ဆို သော်၊ ရှစ် ပုံ ခွဲ၍ ဝေ မျှ လော့။ အခန်းကိုကြည့်ပါ။Judson Bible2 လူခုနစ်ယောက်မက၊ ရှစ်ယောက်တို့အား ဝေမျှလော့။ မြေပေါ်မှာ အဘယ်အမှုရောက်မည်ကို သင်မသိ။ အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်များသည် ရန်သူတို့လက်မှ ဂျူးလူမျိုးတို့ လွတ်မြောက်သောနေ့ဖြစ်၏။ ထိုလသည် ဝမ်းနည်းရာမှ ဝမ်းမြောက်ရသောလ၊ ငိုကြွေးမြည်တမ်းရာမှ ပျော်ပွဲကျင်းပရသောလ ဖြစ်၏။ ထို့ကြောင့် ထိုနေ့တို့၌ စားသောက်ပွဲကို ပျော်ရွှင်စွာကျင်းပရမည်။ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး စားသောက်ဖွယ်ရာများကို ပေးကမ်းဝေငှရမည်။ နွမ်းပါးသူတို့ကို ပေးကမ်းစွန့်ကြဲရမည်ဟု ပါရှိ၏။
ထို့နောက် နေဟမိက လူတို့အား “ချိုမြိန်သောစားကောင်းသောက်ဖွယ်တို့ကို သွား၍ စားသောက်ကြလော့။ စားသောက်စရာမရှိသူတို့အား ဝေငှပေးလော့။ ယနေ့သည် ငါတို့အရှင်သခင်အဖို့ သန့်ရှင်းသောနေ့ဖြစ်၍ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှ ဝမ်းမြောက်ခြင်းသည် သင်တို့အဖို့ ခွန်အားဖြစ်၏”ဟု ဆို၏။
အသင့်ငယ်သားတို့ကို မေးကြည့်ပါ။ သူတို့ပြောပြပါလိမ့်မည်။ ယခုလို နေ့ကောင်းနေ့မြတ်မှာ ရောက်လာကြသောအကျွန်ုပ်၏ငယ်သားတို့သည်လည်း အသင့်ထံမှ မျက်နှာသာရပါစေသော။ အသင်စိတ်စေတနာရှိသောအရာကို အသင့်အစေအပါးများနှင့် အသင့်သားဒါဝိဒ်အား ပေးလိုက်ပါလော့’ဟူ၍ သူ့အား ပြောကြားရမည်”ဟု မှာလိုက်လေ၏။