ဇာခရိ 12:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထိုနေ့ရက်တွင် ငါသည် ယုဒသူကြီးတို့ကို ထင်းမီးဖို၊ ကောက်လှိုင်းမီးတုတ် ဖြစ်စေသဖြင့် လက်ယာဘက်၊ လက်ဝဲဘက် ဝန်းကျင်ရှိလူမျိုးအပေါင်းတို့ကို လောင်ကျွမ်းလိမ့်မည်။ ဂျေရုဆလင်မြို့မူကား ယခင်နေရာဖြစ်သည့် ဂျေရုဆလင်မြို့၌ တည်ရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible6 ``ထိုအခါငါသည်ယုဒနွယ်သားစုများ ကိုတောမီးကဲ့သို့လည်းကောင်း၊ စပါးမှည့် လျက်နေသည့်လယ်ကွက်တွင်လောင်သောမီး ကဲ့သို့သော်လည်းကောင်းဖြစ်စေမည်။ သူတို့ သည်မိမိတို့အနီးအနားရှိလူမျိုးအပေါင်း တို့ကိုသုတ်သင်ဖျက်ဆီးကြလိမ့်မည်။ ယေရု ရှလင်မြို့သူမြို့သားတို့မူကား မိမိတို့မြို့ တွင်း၌ဘေးမဲ့လုံခြုံစွာနေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible6 ထို နေ့ ရက် ကာ လ၊ ယု ဒ အ ကြီး အ ကဲ တို့ ကို ထင်း ပုံ တွင် မီး ဖို၊ ကောက် လှိုင်း ပုံ တွင်း မီး ရှူး သ ဖွယ်၊ ငါ ဖြစ် စေ မည့် အ လျောက်၊ ထို သူ တို့ သည်၊ ပတ် ဝန်း ကျင် ရှိ လူ အ မျိုး မျိုး တို့ ကို၊ ဝဲ ယာ ကျွမ်း လောင် လျက်၊ ယေ ရု ရှ လင် မြို့ လည်း၊ ရှိ ရင်း အ ရပ်၌ တည် မြဲ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible6 ထိုကာလ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့လည်းကောင်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့လည်းကောင်း ဖြစ်စေသဖြင့်၊ လက်ယာဘက်၊ လက်ဝဲဘက်၊ ပတ်လည်၌ရှိသော လူမျိုးအပေါင်းတို့ကို မီးလောင်လိမ့်မည်။ ယေရုရှလင်မြို့သည်လည်း မြို့ရာဟောင်း၌ တည်မြဲတည်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
“အို ဇိအုန်သမီးပျို၊ ထ၍ တလင်းနယ်လော့။ ငါသည် သင့်အား သံဦးချိုနှင့် ကြေးဝါခွာကို ပေးမည်။ သင်သည် လူမျိုးများစွာတို့ကို ညက်ညက်ကြေအောင် နင်းနယ်လိမ့်မည်။ သင်သည် သူတို့၏မတရားသောအကျိုးစီးပွားကို ထာဝရဘုရားထံတော်သို့လည်းကောင်း၊ သူတို့၏ဥစ္စာပစ္စည်းတို့ကို မြေတစ်ပြင်လုံး၏အရှင်ထံသို့လည်းကောင်း ဆက်ကပ်လိမ့်မည်။”