ဟေရှာယ 14:25 - မြန်မာ့စံမီသမ္မာကျမ်း25 အဆီးရီးယားလူမျိုးကို ငါ့ပြည်တွင် ချိုးဖဲ့မည်။ ငါ့တောင်များပေါ်တွင် ငါနင်းချေမည်။ သူ၏ထမ်းပိုးကို အစ္စရေးလူမျိုးတို့အပေါ်မှ ဖယ်ရှားမည်။ သူ၏ဝန်ကို အစ္စရေးလူမျိုးတို့၏ပခုံးပေါ်မှဖယ်ရှားမည်”ဟု ကျိန်ဆိုတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible25 ငါသည်မိမိ၏ဣသရေလပြည်တော်တွင် အာရှုရိအမျိုးသားတို့အားသုတ်သင်ဖျက် ဆီး၍၊ ငါ၏တောင်ရိုးများအပေါ်တွင်သူ တို့ကိုခြေနှင့်ကျော်နင်းပစ်မည်။ ငါ၏လူမျိုး တော်အား သူတို့ထမ်းရကြသည့်ထမ်းပိုး နှင့်ဒုက္ခဝန်ထုပ်များမှလွတ်မြောက်စေမည်။- အခန်းကိုကြည့်ပါ။Judson Bible25 ငါ၏မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည်။ ငါ၏တောင်ရိုးပေါ်မှာ ခြေဖြင့်ကျော်နင်းမည်ဟု ငါကြံစည်သည်အတိုင်းဖြစ်၍၊ ငါစီရင်ချက်လည်း တည်ရလိမ့်မည်။ ထိုအခါ သူ၏ထမ်းပိုးကို သူတစ်ပါးအပေါ်ကရွှေ့၍၊ သူတို့ပခုံးပေါ်မှာ တင်သောဝန်ကို ချရသောအခွင့်ရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ထာဝရဘုရားသည် ကောင်းကင်တမန်ကိုစေလွှတ်၍ အဆီးရီးယားဘုရင်၏တပ်စခန်းရှိ စစ်သူရဲများ၊ တပ်မှူးများ၊ စစ်သူကြီးများ အားလုံးကို သုတ်သင်ပစ်လေ၏။ ထို့ကြောင့် အဆီးရီးယားဘုရင်သည် မိမိပြည်သို့ အရှက်ရသောမျက်နှာနှင့် ပြန်ဆုတ်သွားပြီး မိမိဘုရားဝတ်ကျောင်းသို့ဝင်သွားလျှင် သားတော်အရင်းတို့ကပင် သူ့ကို ဓားဖြင့်ကွပ်မျက်ပစ်ကြလေ၏။