လုကာ 2:14 - မြန်မာ့စံမီသမ္မာကျမ်း14 “အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့အပေါ် ငြိမ်သက်ခြင်းရှိစေသတည်း”ဟု မြွက်ဆိုကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ``ကောင်းကင်ဘဝဂ်ဝယ်ထာဝရဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ ကမ္ဘာပေါ်တွင်ကိုယ်တော်နှစ်သက်တော်မူသော လူအပေါင်းတို့၌ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း'' ဟုမြွက်ဆိုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ကောင်း ကင် ဘ ဝဂ် တွင် ဘု ရား သ ခင်၌ ဘုန်း ကြီး ခြင်း၊ မြေ ကြီး ပေါ် တွင် နှစ် သက် တော် မူ သော လူ သ တ္တ ဝါ တို့၌ ငြိမ် သက် ခြင်း ရှိ ပါ စေ သ တည်း ဟု မြွက် ဆို၍ ဘု ရား သ ခင် ကို ထော မ နာ ပြု ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်းဟု ဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 “အမြင့်ဆုံးသောကောင်းကင်ဘုံ၌ ရှိတော်မူသောဘုရားသခင်သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီးပေါ်၌ ဘုရားသခင်နှစ်သက်တော်မူသော သူတို့အပေါ်တွင် ငြိမ်းချမ်းခြင်းရှိပါစေ” ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ14 ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်းဟု ဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့ပြင် ကောင်းကင်နှင့်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်နှင့်ပင်လယ်ထဲ၌လည်းကောင်း ရှိကြသော သတ္တဝါအပေါင်းတို့နှင့် ခပ်သိမ်းသောအရာတို့က “ကောင်းချီးမင်္ဂလာ၊ ဂုဏ်သရေ၊ ဘုန်းအသရေနှင့် တန်ခိုးအရှိန်အဝါတို့သည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်နှင့် သိုးသငယ်တော်၌ ကမ္ဘာအဆက်ဆက်ရှိပါစေသော”ဟု ကြွေးကြော်ကြသည်ကို ငါကြားရ၏။
အို မိုးကောင်းကင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပြီဖြစ်၍ ရွှင်လန်းစွာသီချင်းဆိုလော့။ မြေကြီး၏နက်ရှိုင်းသောအရပ်တို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အို တောင်တို့၊ ဟစ်ကြော်ကြလော့။ တောနှင့်တကွ သစ်ပင်အပေါင်းတို့၊ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ အစ္စရေးလူမျိုး၌ ဘုန်းထင်ရှားတော်မူပြီ။