အဆီးရီးယားဘုရင်သည် အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွားပြီး ဟာလာအရပ်၊ ဂေါဇန်နယ်ရှိ ဟာဗော်မြစ်နား၊ မေဒိမြို့ရွာများတွင် နေရာချထား၏။
နေဟမိ 9:30 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် သူတို့အားနှစ်ပေါင်းများစွာသည်းခံတော်မူ၍ ကိုယ်တော်၏ဝိညာဉ်တော်ခံရသော ပရောဖက်များအားဖြင့် သူတို့ကို သတိပေးသော်လည်း ဂရုမစိုက်ကြသောကြောင့် သူတို့ကို ဤပြည်ရှိ လူမျိုးခြားတို့လက်သို့ အပ်လိုက်တော်မူ၏။ Common Language Bible ကိုယ်တော်သည်သူတို့အားတစ်နှစ်ပြီးတစ်နှစ် သည်းခံ၍သတိပေးတော်မူပါ၏။ ကိုယ်တော်၏နှိုးဆော်သူပရောဖက်များက ပြောဆိုဆုံးမကြသော်လည်း ကိုယ်တော်၏လူမျိုးတော်သည်နားပင်းလျက် နေကြပါ၏။ သို့ဖြစ်၍ကိုယ်တော်သည်လူမျိုးခြားတို့အား ကိုယ်တော်၏လူမျိုးတော်ကိုနှိမ်နင်းခွင့် ပေးတော်မူပါ၏။ Garrad Bible နှစ် ကာ လ များ စွာ သည်း ခံ၍၊ ဝိ ညာဉ် တော် ထောက် ခံ သူ ပ ရော ဖက် တော် တို့ အား ဖြင့်၊ နှိုး ဆော် တော် မူ သော် လည်း၊ နား မ ထောင် ကြ သ ဖြင့်၊ ဤ နိုင် ငံ သား တို့ လက် တွင်း သို့ အပ် နှင်း တော် မူ ရာ၊ Judson Bible နှစ်ပေါင်းများစွာ သူတို့ကိုသည်းခံ၍၊ ကိုယ်တော်၏ ပရောဖက်တို့၌ရှိသော ကိုယ်တော်၏ ဝိညာဉ်အားဖြင့် ဆုံးမတော်မူသော်လည်း သူတို့သည် နားမထောင်သောကြောင့်၊ ဤပြည်သူပြည်သားတို့လက်သို့ အပ်တော်မူ၏။ |
အဆီးရီးယားဘုရင်သည် အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွားပြီး ဟာလာအရပ်၊ ဂေါဇန်နယ်ရှိ ဟာဗော်မြစ်နား၊ မေဒိမြို့ရွာများတွင် နေရာချထား၏။
ထာဝရဘုရားထံ ပြန်လှည့်လာကြရန် ပရောဖက်များကို သူတို့ထံ စေလွှတ်တော်မူ၏။ ပရောဖက်တို့သည် သူတို့ကိုသတိပေးသော်လည်း သူတို့ နားမထောင်ကြ။
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ဤသို့ဖြစ်ပျက်ပြီးမှ ယခု အကျွန်ုပ်တို့ မည်သို့လျှောက်ရပါမည်နည်း။ အကျွန်ုပ်တို့သည် ပညတ်တော်ကို စွန့်ပယ်ကြပါပြီ။
သူတို့အားလမ်းပြသွန်သင်ပေးရန် ကိုယ်တော်၏ကောင်းမြတ်သောဝိညာဉ်တော်ကို ချပေးတော်မူ၏။ ကိုယ်တော်၏မန္နမုန့်ကို သူတို့ပါးစပ်နှင့်မပြတ်စေဘဲ ရေဆာသောအခါတွင်လည်း ရေကိုပေးတော်မူ၏။
သို့သော် သူတို့သည် နာခံမှုမရှိ။ ကိုယ်တော်ကိုပုန်ကန်ကြ၏။ ပညတ်တရားကို ကျောခိုင်းကြ၏။ ကိုယ်တော့်ထံသို့ပြန်လာရန် သူတို့ကိုသတိပေးသော ကိုယ်တော်၏ပရောဖက်များကိုသတ်ဖြတ်ကြ၏။ လွန်စွာပြစ်မှားစော်ကားကြ၏။
ပညတ်တရားတော်ကို လိုက်နာရန် ကိုယ်တော်သည် သူတို့ကို သတိပေးခဲ့၏။ သို့သော် သူတို့သည် မာနထောင်လွှားလျက် ကိုယ်တော်၏ပညတ်ချက်တို့ကို မနာခံကြ။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော စီရင်ထုံးဖွဲ့ချက်များကို ဆန့်ကျင်၍ အပြစ်ပြုကြ၏။ သူတို့သည် ကိုယ်တော့်ကို ကျောခိုင်း၍ ဆန့်ကျင်ပုန်ကန်လျက်၊ ခေါင်းမာလျက် မနာခံဘဲနေကြ၏။
သို့သော် အို ဘုရားရှင်၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘောနှင့်ပြည့်စုံသော ဘုရားသခင်ဖြစ်တော်မူပြီး စိတ်ရှည်သောသဘော၊ သမ္မာတရားနှင့်မေတ္တာကရုဏာကြွယ်ဝသော သဘောရှိတော်မူ၏။
ငါသည် အနှစ်လေးဆယ်အတွင်း ထိုမျိုးဆက်ကိုစက်ဆုပ်၍ “သူတို့သည် စိတ်သဘောမှားယွင်းသောလူမျိုးဖြစ်ကြ၏။ ငါ၏လမ်းတို့ကိုလည်း မသိကြ”ဟု ဆို၏။
ပညတ်ချက်တစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ စည်းမျဉ်းတစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ သည်နည်းနည်းဟိုနည်းနည်း ဖြစ်ပါသည်တကား”ဟု ဆိုကြ၏။
ယာကုပ်အမျိုးကို လုယက်သူလက်သို့ မည်သူအပ်သနည်း။ အစ္စရေးလူမျိုးကို လုယူသူတို့လက်သို့ မည်သူအပ်သနည်း။ ငါတို့ပြစ်မှားခဲ့သော ထာဝရဘုရားပင် မဟုတ်လော။ သူတို့သည် ကိုယ်တော်၏လမ်း၌ မလျှောက်လိုကြ။ ကိုယ်တော်၏ပညတ်တရားတော်ကိုလည်း မနာခံကြ။
ငါ့နာမကိုထောက်၍ ငါ့အမျက်ကို ရွှေ့ဆိုင်းမည်။ သင့်ကို ငါမဖျက်ဆီးမိစေရန် ငါ့ဂုဏ်သရေကိုထောက်၍ ငါ့အမျက်ကို ငါထိန်းချုပ်မည်။
သို့သော် သူတို့သည်ပုန်ကန်ခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းနည်းစေခဲ့သောကြောင့် ကိုယ်တော်သည် သူတို့၏ရန်သူဖြစ်သွား၍ သူတို့ကိုတိုက်ခိုက်တော်မူ၏။
ထာဝရဘုရားသည် မိမိ၏အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်ဆင့်ဆိုစေသော်လည်း သင်တို့နားမထောင်ကြ။ ဂရုမစိုက်ကြ။
သင်တို့၏ဆိုးညစ်သောလုပ်ရပ်၊ သင်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုများကို ထာဝရဘုရားသည် ဆက်၍သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သင်တို့ပြည်သည် ယခုကဲ့သို့ ပြိုပျက်ရာ၊ ထိတ်လန့်စရာ၊ ကျိန်ဆဲစရာ၊ လူသူကင်းမဲ့ရာ ဖြစ်လေပြီ။
ငါ့အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်၍ ငါမုန်းသော ဤစက်ဆုပ်ရွံရှာဖွယ်အမှုကို မပြုကြနှင့်ဟု ဆင့်ဆိုစေခဲ့၏။
သို့သော် သူတို့ နားမထောင်ကြ၊ ဂရုမစိုက်ကြ။ သူတို့ ပြုသောမကောင်းမှုအတွက် နောင်တမရဘဲ အခြားသောဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်လျက်နေကြ၏။
အီဂျစ်ပြည်မှ သင်တို့၏ဘိုးဘေးများထွက်လာသည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် ငါ၏အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ထံသို့ အကြိမ်ကြိမ်စေလွှတ်ခဲ့၏။
ထာဝရဘုရားသည် ကြံစည်တော်မူသည့်အတိုင်း ပြုတော်မူပြီ။ ရှေးကာလက မိန့်တော်မူခဲ့သောစကားကို ပြည့်စုံစေတော်မူပြီ။ ညှာတာတော်မမူဘဲ ဖြိုဖျက်တော်မူပြီ။ ရန်သူက သင့်ကိုအနိုင်ရ၍ ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မူပြီ။ သင့်ရန်ဖက်တို့၏ဦးချိုကို ချီးမြှောက်တော်မူပြီ။
ကိုယ်တော်၏အစေအပါး ပရောဖက်တို့က နာမတော်ကိုအမှီပြု၍ အကျွန်ုပ်တို့၏ဘုရင်များ၊ အကြီးအကဲများ၊ ဘိုးဘေးများမှစ၍ ပြည်သူပြည်သားတို့အား ဟောပြောခဲ့သည်ကို အကျွန်ုပ်တို့ နားမထောင်ခဲ့ပါ။
သူတို့၏စိတ်ကို စိန်ကဲ့သို့မာကျောစေကြသဖြင့် ရှေးပရောဖက်တို့မှတစ်ဆင့် ဝိညာဉ်တော်အားဖြင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေးတော်မူသော ပညတ်တရားများနှင့် နှုတ်တော်ထွက်စကားများကို မလိုက်နာကြ။ ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူ၏။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ငါခေါ်သောအခါ သူတို့မထူးသကဲ့သို့ သူတို့ခေါ်သောအခါ၌လည်း ငါမထူး’ဟု မိန့်တော်မူ၏။
သို့သော် ဧလဒဒ်နှင့် မေဒဒ် အမည်ရှိသောသူနှစ်ယောက်သည် လူခုနစ်ဆယ်ထဲတွင်စာရင်းဝင်သော်လည်း သူတို့သည် တဲတော်သို့မသွားဘဲ တပ်စခန်း၌ ကျန်နေခဲ့၏။ ဝိညာဉ်တော်သည် သူတို့၌လည်း ကိန်းဝပ်တော်မူသဖြင့် သူတို့သည် တပ်စခန်းထဲ၌ ပရောဖက်ပြုဟောပြောကြ၏။
ထိုအခါ အချင်းချင်းကြား၌ သဘောထားကွဲလွဲသဖြင့် ပြန်သွားကြစဉ်တွင် ပေါလုက “သန့်ရှင်းသောဝိညာဉ်တော်သည် ပရောဖက်ဟေရှာယအားဖြင့် သင်တို့ဘိုးဘေးတို့အား လျောက်ပတ်စွာဟောပြောခဲ့သည်ကား
ခေါင်းမာ၍ နားနှင့်စိတ်နှလုံးတို့၌ အရေဖျားလှီးခြင်းမရှိသောသူတို့၊ သင်တို့သည်လည်း သင်တို့၏ဘိုးဘေးများနည်းတူ သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ဆန့်ကျင်ဘက်ပြုကြ၏။
သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။
သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်တော်သည် ခရစ်တော်၏ဒုက္ခဝေဒနာများနှင့် ထိုဝေဒနာများနောက်တွင်ဖြစ်လာမည့် ဘုန်းအသရေတို့အကြောင်းကို ကြိုတင်သက်သေခံသောအခါ မည်သူ၊ သို့မဟုတ် မည်သည့်အချိန်ကိုဆိုလိုကြောင်း သူတို့စူးစမ်းလေ့လာကြ၏။
အကြောင်းမူကား ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ၏အလိုဆန္ဒအရဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှလာသောစကားကို ဟောပြောကြခြင်းဖြစ်၏။
နှောင့်နှေးသည်ဟု အချို့တို့ကမှတ်ယူသကဲ့သို့ ထာဝရဘုရားသည် ကတိတော်ကို နှောင့်နှေးစေတော်မူသည်မဟုတ်။ မည်သူမျှမပျက်စီးဘဲ လူတိုင်းနောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ်စိတ်ရှည်သည်းခံလျက်နေတော်မူခြင်းသာဖြစ်၏။