မြည်တမ်းစကား 2:17 - မြန်မာ့စံမီသမ္မာကျမ်း17 ထာဝရဘုရားသည် ကြံစည်တော်မူသည့်အတိုင်း ပြုတော်မူပြီ။ ရှေးကာလက မိန့်တော်မူခဲ့သောစကားကို ပြည့်စုံစေတော်မူပြီ။ ညှာတာတော်မမူဘဲ ဖြိုဖျက်တော်မူပြီ။ ရန်သူက သင့်ကိုအနိုင်ရ၍ ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မူပြီ။ သင့်ရန်ဖက်တို့၏ဦးချိုကို ချီးမြှောက်တော်မူပြီ။ အခန်းကိုကြည့်ပါ။Common Language Bible17 နောက်ဆုံး၌ထာဝရဘုရားသည်မိမိ ကြုံးဝါးတော်မူခဲ့သည့်အတိုင်းပြုတော် မူလေပြီ။ ကိုယ်တော်သည်ရှေးကာလ သတိပေးတော်မူခဲ့သည့်အတိုင်းငါတို့အား သနားကရုဏာကင်းမဲ့စွာသုတ်သင်ဖျက်ဆီး တော်မူလေပြီ။ ကိုယ်တော်သည်ငါတို့ရန်သူများအား အောင်ပွဲကိုပေးတော်မူ၍ ငါတို့ပြိုလဲမှုအတွက်ဝမ်းမြောက်စေတော်မူပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ထာ ဝ ရ ဘု ရား သည် ပြ ဋ္ဌာန်း ခဲ့ သော အ ချက်၊ ရှေး ကာ လ ၌ မိန့် မှာ ခဲ့ သော အ ချက် ကို၊ အ ပြီး သတ် စီ ရင် တော် မူ သည့် အ တိုင်း၊ မ ညှာ တာ ဘဲ ဖြို လှဲ ခြင်း၊ သင့် အ ပေါ် တွင် ရန် သူ အောင် သံ လွှင့် ခြင်း၊ ရန် ဘက် တို့ ဦး ချို မြှောက် ခြင်း များ ကို ပြု တော် မူ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible17 ထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ။ ရှေးကာလ၌ မိန့်တော်မူသော စကားတော်ကို ပြည့်စုံစေတော်မူပြီ။ မနှမြောဘဲ ဖြိုဖျက်တော်မူပြီ။ ရန်သူသည် သင်၏အပေါ်မှာ ဝမ်းမြောက်ရသောအခွင့်ကို ပေး၍၊ ရန်သူ၏ဦးချိုကို ချီးမြှင့်တော်မူပြီ။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ခံရမည့် ဘေးအန္တရာယ်ကို ပြင်ဆင်နေပြီ။ သင်တို့ကိုဆန့်ကျင်မည့်အကြံအစည်ကို ကြံစည်နေပြီ။ မကောင်းသောလမ်းမှ အသီးသီးပြန်လာကြ။ သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြ”ဟူ၍ မိန့်တော်မူကြောင်း ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့အား ယခု ဆင့်ဆိုလော့။
အကျွန်ုပ်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခြင်းဖြင့် အကျွန်ုပ်တို့နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးသောအုပ်စိုးရှင်တို့အား ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားတော်ကို ပြည့်စုံစေတော်မူပြီ။ အကြောင်းမူကား ကောင်းကင်တစ်ခွင်အောက်၌ တစ်ခါမျှမဖြစ်ဖူးသောအရာသည် ဂျေရုဆလင်မြို့တွင် ဖြစ်လေပြီ။
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။