ဟေရှာယ 42:24 - မြန်မာ့စံမီသမ္မာကျမ်း24 ယာကုပ်အမျိုးကို လုယက်သူလက်သို့ မည်သူအပ်သနည်း။ အစ္စရေးလူမျိုးကို လုယူသူတို့လက်သို့ မည်သူအပ်သနည်း။ ငါတို့ပြစ်မှားခဲ့သော ထာဝရဘုရားပင် မဟုတ်လော။ သူတို့သည် ကိုယ်တော်၏လမ်း၌ မလျှောက်လိုကြ။ ကိုယ်တော်၏ပညတ်တရားတော်ကိုလည်း မနာခံကြ။ အခန်းကိုကြည့်ပါ။Common Language Bible24 အဘယ်သူသည်ဣသရေလအမျိုးသား တို့အား၊ တိုက်ခိုက်လုယက်သူတို့လက်သို့အပ်နှံပါ သနည်း။ ထိုသူကားငါတို့ပြစ်မှားကြသည့်ထာဝရ ဘုရားပင် ဖြစ်ပါသည်တကား။ ငါတို့သည်ကိုယ်တော်အလိုရှိတော်မူသကဲ့သို့ မနေမထိုင်ကြ။ ကိုယ်တော်ပေးတော်မူသည့်သြဝါဒတော်တို့ကိုလည်း မလိုက်လျှောက်ကြ။ အခန်းကိုကြည့်ပါ။Garrad Bible24 သုံ့ ပန်း သူ တို့ အား ယာ ကုပ် ကို လည်း ကောင်း၊ လု ယက် သူ တို့ အား ဣ သ ရေ လ ကို လည်း ကောင်း၊ မည် သူ အပ် ခဲ့ သ နည်း။ နည်း လမ်း တော် ၌ မ လျောက် မ လိုက် လို၊ တ ရား တော် ကို မ ကျင့် မ စောင့် ဘဲ၊ ငါ တို့ ပြစ် မှား ကြ ရာ ထာ ဝ ရ ဘု ရား ကို မ ဟုတ် တုံ လော။ အခန်းကိုကြည့်ပါ။Judson Bible24 လုယူရာဖြစ်စေခြင်းငှာ ယာကုပ်ကိုလည်းကောင်း၊ ဓားပြတို့လက်သို့ ဣသရေလကိုလည်းကောင်း အဘယ်သူအပ်သနည်း။ ငါတို့ပြစ်မှားသော အရှင်ထာဝရဘုရား အပ်တော်မူသည် မဟုတ်လော။ သူတို့သည် နောက်တော်သို့မလိုက်၊ တရားတော်ကို မကျင့်ဘဲ နေကြ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားရှင်သည် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်တကွ ဘုရားသခင်၏အိမ်တော်တန်ဆာပလာအချို့ကို နေဗုခဒ်နေဇာလက်သို့ အပ်လိုက်တော်မူ၏။ ရှင်ဘုရင်သည်လည်း ထိုအရာတို့ကို ရှိနာပြည်ရှိ မိမိဘုရားများ၏ဗိမာန်သို့ယူဆောင်သွား၍ ထိုတန်ဆာပလာတို့ကို မိမိဘုရားအများ၏ဘဏ္ဍာတိုက်ထဲသို့ သွင်းထားလေ၏။