ရောမ 2:4 - မြန်မာ့စံမီသမ္မာကျမ်း4 သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။ အခန်းကိုကြည့်ပါ။Common Language Bible4 သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။- အခန်းကိုကြည့်ပါ။Garrad Bible4 သို့ မ ဟုတ် ဘု ရား သ ခင်၏ မေ တ္တာ ကျေး ဇူး တော် သည် သင့် ကို နောင် တ ရ စေ ရန် ပို့ ဆောင် ကြောင်း မ သိ မ မှတ် ဘဲ ကိုယ် တော်၌ ကြွယ် ဝ သော က ရု ဏာ ရှိ ခြင်း၊ သည်း ခံ ခြင်း၊ စိတ် ရှည် ခြင်း များ ကို မ ထီ လေး စား ပြု သ လော။ အခန်းကိုကြည့်ပါ။Judson Bible4 ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 သို့မဟုတ် ဘုရားသခင်၏ ကြင်နာခြင်းသည် သင့်ကို နောင်တရစေရန်ဖြစ်သည်ကို နားမလည်ဘဲ ကိုယ်တော်၏ ကြွယ်ဝသောကျေးဇူးပြုခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို သင်သည် မထီမဲ့မြင်ပြုသလော။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားထံ “အို ထာဝရဘုရား၊ အကျွန်ုပ်၏နေရင်းပြည်၌ရှိစဉ်က ဤသို့ဖြစ်မည်ဟု အကျွန်ုပ်ပြောခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ကျွန်ုပ်လည်း တာရှုပြည်သို့ အမြန်ထွက်ပြေးခဲ့ပါ၏။ စင်စစ် ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား ဖြစ်တော်မူ၍ ဘေးဆိုးကျရောက်စေမည့်အမှုမှ စိတ်တော်ပြောင်းလဲတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။
ထို့ကြောင့် ဘုရားသခင်၏ပြင်းထန်သောစီရင်တော်မူခြင်းနှင့်ကျေးဇူးပြုတော်မူခြင်းတို့ကို ကြည့်ကြလော့။ ပြင်းထန်သောစီရင်တော်မူခြင်းသည် လဲကျသောသူတို့ပေါ်၌ရှိ၍ ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းမူကား သင်သည် ထိုကျေးဇူးပြုတော်မူခြင်း၌ ဆက်၍တည်နေလျှင် သင့်အပေါ်၌ရှိ၏။ ဆက်၍မတည်လျှင် သင်သည်လည်း ခုတ်ဖြတ်ခြင်းခံရလိမ့်မည်။