သင်မူကား သင့်ရှေ့ကလူအပေါင်းတို့ထက် ဆိုးညစ်မှုများကို ပြုလေပြီ။ သင်သည် ငါ့ကိုကျောခိုင်းပြီး အခြားဘုရားများ၊ ရုပ်တုများကို ပြုလုပ်ကာ ငါ့ကိုအမျက်ထွက်စေပြီ။
နေဟမိ 9:25 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ခိုင်ခံ့သောမြို့များနှင့် မြေဩဇာကောင်းသောပြည်ကို သိမ်းပိုက်ကြ၏။ ဥစ္စာရတနာနှင့်ပြည့်သောအိမ်များ၊ တူးပြီးသောရေတွင်းများ၊ စပျစ်ခြံများ၊ သံလွင်ခြံများ၊ သီးစားပင်များစွာကို သိမ်းယူကြ၏။ သူတို့သည် ဝလင်စွာစားကြပြီး ဝဖြိုးကြ၏။ ကိုယ်တော်၏ကြီးမားလှသောကောင်းမြတ်ခြင်းကြောင့် သူတို့ ပျော်ရွှင်ကြည်နူးကြရ၏။ Common Language Bible ကိုယ်တော်၏လူမျိုးတော်သည်ခံတပ်မြို့များ၊ မြေသြဇာကောင်းသည့်ပြည်၊ ဘဏ္ဍာအမျိုးမျိုးနှင့်ပြည့်ဝသည့်အိမ်များ အဆင်သင့်တူးထားပြီး ရေတွင်းများသံလွင်ပင်များသစ်သီးပင်များနှင့် စပျစ်ဥယျာဉ်များကိုသိမ်းယူကြရပါ၏။ သူတို့သည်စိတ်ရှိသမျှစားသောက်ကာ ဝဖြိုးလာကြပါ၏။ ကိုယ်တော်ပေးတော်မူသောကောင်းမြတ်သည့် အရာတို့ကိုခံစားကြရပါ၏။ Garrad Bible သူ တို့ သည် ပြန့် ပြော သော ပြည်၊ ခံ တပ် မြို့ များ ကို သိမ်း ယူ၍။ ဘ ဏ္ဍာ အ မျိုး မျိုး ပြည့် သော တိုက် အိမ်၊ ဖော် ပြီး ရေ ကန်၊ စ ပျစ်၊ သံ လွင် ခြံ၊ အ သီး သီး သော အ ပင် ပါ၊ အ မြောက် အ မြား ကို ပိုင် ရ သ ဖြင့်၊ မ ဟာ ကျေး ဇူး တော် ကြောင့် စား သောက် ဝ ဖြိုး ရွှင် မြူး ကြ ကုန်၏။ Judson Bible ထိုသို့ သူတို့သည် ခိုင်ခံ့သောမြို့များ၊ မြေကောင်းသောပြည်၊ ဥစ္စာနှင့်ပြည့်သောအိမ်၊ တူးပြီးသောရေတွင်း၊ များပြားသော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အသီးသီးသော အပင်တို့ကို သိမ်းယူ၍၊ ဝစွာစားသောက်လျက် အသားဆူဖြိုး၍ ကျေးဇူးတော်ကြွယ်ဝခြင်း၌ မွေ့လျော်ကြ၏။ |
သင်မူကား သင့်ရှေ့ကလူအပေါင်းတို့ထက် ဆိုးညစ်မှုများကို ပြုလေပြီ။ သင်သည် ငါ့ကိုကျောခိုင်းပြီး အခြားဘုရားများ၊ ရုပ်တုများကို ပြုလုပ်ကာ ငါ့ကိုအမျက်ထွက်စေပြီ။
ရှစ်ရက်မြောက်သောနေ့တွင် လူတို့ကို ပြန်လွှတ်လိုက်ရာ သူတို့သည်လည်း ရှင်ဘုရင်ကိုကောင်းချီးပေးပြီး ထာဝရဘုရားက မိမိအစေအပါးဒါဝိဒ်နှင့် မိမိလူမျိုးတော်အစ္စရေးတို့အဖို့ ပြုတော်မူသောကောင်းကျိုးချမ်းသာအလုံးစုံကြောင့် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် မိမိတို့နေရပ်သို့ပြန်သွားကြ၏။
သူတို့သည် ကိုယ့်နိုင်ငံနှင့်ကိုယ်နေရပြီး ကိုယ်တော်ပေးသနားတော်မူသော ကောင်းမြတ်ခြင်းအလုံးစုံခံစားရလျက်၊ ကျယ်ဝန်း၍မြေဩဇာကောင်းသောပြည်ကို သူတို့အား ပေးသနားတော်မူလျက်နှင့်ပင် ကိုယ်တော်ကိုဝတ်မပြုကြ၊ သူတို့ပြုသောမကောင်းမှုကိုမစွန့်ကြ။
ကိုယ်တော်သည် လူမျိုးခြားတို့၏ပြည်ကို သူတို့အား ပေးတော်မူသဖြင့် သူတို့သည် ထိုလူမျိုးတို့၏ကြိုးပမ်းအားထုတ်မှုအကျိုးကို အမွေဆက်ခံရကြ၏။
ကိုယ်တော်သည် တစ်နှစ်တာကာလကို မိမိ၏ကောင်းမြတ်ခြင်းသရဖူ ဆောင်းပေးတော်မူ၏။ ကိုယ်တော်၏လမ်းတော်တို့သည်လည်း ကြွယ်ဝခြင်းနှင့်ပြည့်လျှံလျက်ရှိပါ၏။
သို့မဟုတ်လျှင် အကျွန်ုပ်သည် ပြည့်စုံကြွယ်ဝ၍ “ထာဝရဘုရားသည် မည်သူနည်း”ဟု ဆိုလျက် ကိုယ်တော်ကိုငြင်းပယ်မိပါလိမ့်မည်။ သို့တည်းမဟုတ် အကျွန်ုပ်သည် ဆင်းရဲ၍ခိုးယူကာ အကျွန်ုပ်ဘုရားသခင်၏နာမတော်ကို ထိခိုက်မိစေပါလိမ့်မည်။
ဤလူမျိုး၏စိတ်နှလုံးကို ထုံထိုင်းစေ၍ သူတို့၏နားကို လေးစေလော့။ သူတို့မျက်စိကိုလည်း ကန်းစေလော့။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊ စိတ်နှလုံးဖြင့်နားလည်လျက် ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါတို့အတွက် ထာဝရဘုရား ပြုတော်မူခဲ့သောအရာအလုံးစုံနှင့်အညီ ထာဝရဘုရား၏မေတ္တာကရုဏာတော်၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်တို့ကို ငါဖော်ပြမည်။ ကိုယ်တော်၏ကြွယ်ဝသောမေတ္တာကရုဏာတော်နှင့်အညီ အစ္စရေးအမျိုးသားတို့အတွက် ပြုတော်မူခဲ့သည့် ကောင်းမြတ်ခြင်းအလုံးစုံတို့ကို ငါဖော်ပြမည်။
ကောင်းသောအသီးအနှံတို့ကို စားရမည့်အကြောင်း သင်တို့အား သီးနှံဖြစ်ထွန်းသောပြည်သို့ ငါခေါ်ဆောင်လာ၏။ သို့သော် သင်တို့ရောက်လာ၍ ငါ့ပြည်ကိုညစ်ညူးစေကြ၏။ အမွေပြည်ကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေကြ၏။
ထာဝရဘုရားက “ငါသည် ယဇ်ပုရောဟိတ်တို့၏စိတ်ဝိညာဉ်ကို အဆီအနှစ်နှင့်ပြည့်သောအစာဖြင့် ကျေနပ်အားရစေမည်။ ငါ၏လူမျိုးတော်သည် ကောင်းမြတ်သောအရာများနှင့် ပြည့်စုံကြွယ်ဝကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် ထိုပြည်ကို ဝင်ရောက်သိမ်းပိုက်ကြသော်လည်း စကားတော်ကိုနားမထောင်ကြ။ တရားတော်အတိုင်း မလိုက်လျှောက်ကြ။ ကိုယ်တော်မိန့်မှာသောအမှုတို့ကိုလည်း တစ်စုံတစ်ခုမျှမလုပ်ဆောင်ကြ။ သို့ဖြစ်၍ ကိုယ်တော်သည် ဤဘေးအန္တရာယ်အပေါင်းတို့ကို သူတို့အပေါ်သို့ ကျရောက်စေတော်မူပြီ။
ထိုနေ့တွင်ပင် သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ပြည်တကာတို့ထက် သာယာဝပြောသောပြည်၊ သူတို့အဖို့ ရွေးချယ်ထားသော ‘နို့နှင့်ပျားရည်စီးသောပြည်’သို့ ပို့ဆောင်ပေးမည်ဟု ကတိသစ္စာပြုခဲ့၏။
ငြိမ်းချမ်းသောကာလတွင် သူသည် ချမ်းသာကြွယ်ဝသောနိုင်ငံကြီးကို ဝင်တိုက်လိမ့်မည်။ သူ၏ဘိုးဘေးများနှင့် ဘိုးဘေးတို့၏ဘိုးဘေးများပင် မပြုသောအမှုကို သူပြုလိမ့်မည်။ တိုက်ခိုက်သိမ်းပိုက်ထားသောဥစ္စာပစ္စည်းတို့ကို ခွဲဝေပေးလိမ့်မည်။ ခံတပ်မြို့တို့ကို လုပ်ကြံသိမ်းယူလိမ့်မည်။ သို့သော် တစ်ခဏသာ ဖြစ်လိမ့်မည်။
သူတို့ကို ဝလင်စွာကျွေးမွေးခဲ့၏။ သူတို့ဝလင်လာသောအခါ ထောင်လွှားသောစိတ်ဝင်၍ ငါ့ကို မေ့လျော့လာကြ၏။
ထို့နောက်မှ အစ္စရေးအမျိုးသားတို့သည် ပြန်လာ၍ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကို ရှာကြလိမ့်မည်။ နောက်ဆုံးသောနေ့တွင် ထာဝရဘုရားထံမှ ကောင်းချီးခံစားရမည့်အကြောင်း ထာဝရဘုရားထံ ကြောက်ရွံ့ရိုသေစွာ ပြန်လာကြလိမ့်မည်။
သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။
ထိုမြို့အားလုံးသည် မြင့်မားသောတံတိုင်း၊ တံခါးများ၊ ကန့်လန့်ကျင်များရှိ၍ ခိုင်ခံ့သောမြို့များဖြစ်ကြ၏။ တောမြို့တို့ကိုလည်း အမြောက်အမြားသိမ်းပိုက်၍
ကိုယ်တော်သည် သူ့ကို မြေကြီးပေါ်ရှိ မြင့်ရာအရပ်တို့၌နေရာချထား၍ သူသည် လယ်ယာသီးနှံကိုစားရ၏။ ကိုယ်တော်သည် သူ့ကို ကျောက်တောင်ထဲမှပျားရည်ဖြင့်လည်းကောင်း၊ မီးခတ်ကျောက်ဆောင်ထဲမှဆီဖြင့်လည်းကောင်း၊
နွားမှရသောထောပတ်၊ သိုးမှရသောသိုးနို့၊ သိုးသငယ်အဆီ၊ ဗာရှန်ပြည်သိုးထီး၊ ဆိတ်ထီးနှင့်တကွ အကောင်းဆုံးဂျုံဖြင့်လည်းကောင်း ကျွေးမွေးတော်မူ၏။ စပျစ်သွေးတည်းဟူသောဝိုင်နီကိုလည်း သောက်ရ၏။
အို ယေရှုရုန်၊ သင်သည် ဝဖြိုးလာသဖြင့် ခြေစုံကန်လေပြီ။ ဝဖြိုးတုတ်ခဲပြီး ဖောင်းကားလာသောအခါ မိမိကိုဖန်ဆင်းတော်မူသောဘုရားသခင်ကို ပစ်ပယ်လေပြီ။ မိမိ၏ကယ်တင်ရာကျောက်ဆောင်ကို မထီမဲ့မြင်ပြုလေပြီ။