နေဟမိ 9:35 - မြန်မာ့စံမီသမ္မာကျမ်း35 သူတို့သည် ကိုယ့်နိုင်ငံနှင့်ကိုယ်နေရပြီး ကိုယ်တော်ပေးသနားတော်မူသော ကောင်းမြတ်ခြင်းအလုံးစုံခံစားရလျက်၊ ကျယ်ဝန်း၍မြေဩဇာကောင်းသောပြည်ကို သူတို့အား ပေးသနားတော်မူလျက်နှင့်ပင် ကိုယ်တော်ကိုဝတ်မပြုကြ၊ သူတို့ပြုသောမကောင်းမှုကိုမစွန့်ကြ။ အခန်းကိုကြည့်ပါ။Common Language Bible35 အကျွန်ုပ်တို့၏ဘုရင်များသည် ကိုယ်တော်ပေးအပ်တော်မူသောကျယ်ပြန့် စိုပြေသည့် ပြည်တော်တွင်နေထိုင်ရစဉ်အခါ၌ ကိုယ်တော်၏ကောင်းချီးခံစားရသည်နှင့်အညီ ကိုယ်တော်၏လူမျိုးတော်အားအုပ်စိုးကြရပါ၏။ သို့ရာတွင်သူတို့သည်အပြစ်ဒုစရိုက်ကို မကြဉ်မရှောင်၊ ကိုယ်တော်၏အမှုတော်ကိုလည်း မဆောင်ရွက်ကြ။ အခန်းကိုကြည့်ပါ။Garrad Bible35 ထို သူ တို့ သည်၊ ကိုယ့် နိုင် ငံ၌ လည်း ကောင်း၊ ပေး သ နား တော် မူ သော မ ဟာ ကျေး ဇူး တော် နှင့် အ ညီ ပြန့် ပြော ကျယ် ဝန်း ရာ ပြည် ၌ လည်း ကောင်း၊ အ မှု တော် ကို မ ဆောင်၊ ဒု စ ရိုက် ကို လည်း မ ကြဉ် မ ရှောင် ကြ ချေ။ အခန်းကိုကြည့်ပါ။Judson Bible35 ကြီးသောကျေးဇူးကို ပြုလျက် အပ်ပေးတော်မူ၍၊ သူတို့ပိုင်သောနိုင်ငံ၊ သနားတော်မူသောပြည်ကြီး၊ ပြည်ကောင်း၌ နေရသော်လည်း၊ အမှုတော်ကိုမဆောင်မရွက်၊ မိမိတို့ပြုသော ဒုစရိုက်ကို မရှောင်ဘဲနေကြပါ၏။ အခန်းကိုကြည့်ပါ။ |
‘ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို အဘယ်ကြောင့် ဤအမှုအလုံးစုံတို့နှင့် ကြုံစေသနည်း’ဟု သူတို့မေးကြလျှင် ‘သင်တို့သည် ငါ့ကိုစွန့်ပယ်၍ သင်တို့၏ပြည်၌ပင် တိုင်းတစ်ပါးသားတို့၏ဘုရားများကို အစေခံသည့်နည်းတူ သင်တို့ပြည်မဟုတ်သောပြည်၌ သူစိမ်းတို့ကို အစေခံရလိမ့်မည်’ဟု သင်ပြန်ဖြေလော့။
သူတို့သည် ခိုင်ခံ့သောမြို့များနှင့် မြေဩဇာကောင်းသောပြည်ကို သိမ်းပိုက်ကြ၏။ ဥစ္စာရတနာနှင့်ပြည့်သောအိမ်များ၊ တူးပြီးသောရေတွင်းများ၊ စပျစ်ခြံများ၊ သံလွင်ခြံများ၊ သီးစားပင်များစွာကို သိမ်းယူကြ၏။ သူတို့သည် ဝလင်စွာစားကြပြီး ဝဖြိုးကြ၏။ ကိုယ်တော်၏ကြီးမားလှသောကောင်းမြတ်ခြင်းကြောင့် သူတို့ ပျော်ရွှင်ကြည်နူးကြရ၏။
သူတို့သည် ဘေးအန္တရာယ်နှင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ရသောအခါ ဤသီချင်းသည် သူတို့ကို ဆန့်ကျင်သော သက်သေဖြစ်လိမ့်မည်။ သူတို့၏သားစဉ်မြေးဆက်တို့သည် ဤသီချင်းကိုမမေ့လျော့ဘဲ နှုတ်၌အစဉ်ရှိနေမည်။ သူတို့အား ပေးမည်ဟု ငါကျိန်ဆိုခဲ့သောပြည်သို့ သူတို့ကိုမပို့ဆောင်မီ ယနေ့ သူတို့ကြံစည်နေသောအကြံအစည်ကို ငါသိ၏”ဟု မိန့်တော်မူ၏။
သို့သော် သူသည် ဆိုးယုတ်သောအမှုကိုပြုလျက် လူမျိုးတကာတို့ထက် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို သာ၍ဖီဆန်ကြ၏။ သူ့ဝန်းကျင်ရှိ တိုင်းနိုင်ငံများထက် ငါ့ပြဋ္ဌာန်းချက်တို့ကို သာ၍ဖီဆန်ကြ၏။ စင်စစ် သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်နာဘဲနေကြ၏’ဟု မိန့်တော်မူ၏။