၃ ရာ 8:66 - မြန်မာ့စံမီသမ္မာကျမ်း66 ရှစ်ရက်မြောက်သောနေ့တွင် လူတို့ကို ပြန်လွှတ်လိုက်ရာ သူတို့သည်လည်း ရှင်ဘုရင်ကိုကောင်းချီးပေးပြီး ထာဝရဘုရားက မိမိအစေအပါးဒါဝိဒ်နှင့် မိမိလူမျိုးတော်အစ္စရေးတို့အဖို့ ပြုတော်မူသောကောင်းကျိုးချမ်းသာအလုံးစုံကြောင့် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် မိမိတို့နေရပ်သို့ပြန်သွားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible66 ရှစ်ရက်မြောက်သောနေ့၌မင်းကြီးသည်လူတို့ အား မိမိတို့ရပ်ရွာများသို့ပြန်စေတော်မူ၏။ ထိုသူအပေါင်းတို့သည်လည်းမင်းကြီးအား ထောမနာပြုကြပြီးလျှင် ထာဝရဘုရား ၏လူမျိုးတော်ဣသရေလအမျိုးသားတို့နှင့် ကိုယ်တော်၏အစေခံဒါဝိဒ်ခံယူရရှိသည့် ကျေးဇူးတော်ကြောင့်ရွှင်လန်းဝမ်းမြောက်စွာ မိမိတို့ရပ်ရွာများသို့ပြန်သွားကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible66 ရှစ် ရက် မြောက် သော နေ့ တွင် ပ ရိ သတ် ကို လွှတ် လိုက် ရာ သူ တို့ သည် ဘု ရင် မင်း ကို သြ ဘာ ဆက် လျက် ကျွန် တော် ရင်း ဒါ ဝိဒ် မင်း နှင့် ဣ သ ရေ လူ မျိုး တော် အား ထာ ဝ ရ ဘု ရား ပြု တော် မူ သ မျှ ကျေး ဇူး တော် ကြောင့် အား ရ ဝမ်း မြောက် စွာ နေ အိမ် များ သို့ ပြန် သွား ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible66 ရှစ်ရက်မြောက်သောနေ့၌ လူများတို့ကို လွှတ်လိုက်တော်မူ၏။ သူတို့သည် ရှင်ဘုရင်ကို ကောင်းချီးပေးလျက်၊ ထာဝရဘုရားသည် မိမိကျွန်ဒါဝိဒ်နှင့် မိမိလူဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှသော ကျေးဇူးတော်ကြောင့်၊ ဝမ်းမြောက်ရွှင်လန်းလျက် မိမိတို့နေရာသို့ ပြန်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက်တွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ်မြို့ခေါ်ဇိအုန်မြို့သို့ ယူဆောင်လာရန် ရှောလမုန်မင်းကြီးသည် အစ္စရေးသက်ကြီးဝါကြီးများ၊ အစ္စရေးအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်များဖြစ်သော အမျိုးအနွယ်တို့၏အကြီးအမှူးအပေါင်းတို့အား ရှောလမုန်မင်းကြီးရှိရာ ဂျေရုဆလင်မြို့သို့ လာရောက်စုရုံးစေ၏။
ထို့နောက် နေဟမိက လူတို့အား “ချိုမြိန်သောစားကောင်းသောက်ဖွယ်တို့ကို သွား၍ စားသောက်ကြလော့။ စားသောက်စရာမရှိသူတို့အား ဝေငှပေးလော့။ ယနေ့သည် ငါတို့အရှင်သခင်အဖို့ သန့်ရှင်းသောနေ့ဖြစ်၍ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှ ဝမ်းမြောက်ခြင်းသည် သင်တို့အဖို့ ခွန်အားဖြစ်၏”ဟု ဆို၏။
သူတို့သည် ခိုင်ခံ့သောမြို့များနှင့် မြေဩဇာကောင်းသောပြည်ကို သိမ်းပိုက်ကြ၏။ ဥစ္စာရတနာနှင့်ပြည့်သောအိမ်များ၊ တူးပြီးသောရေတွင်းများ၊ စပျစ်ခြံများ၊ သံလွင်ခြံများ၊ သီးစားပင်များစွာကို သိမ်းယူကြ၏။ သူတို့သည် ဝလင်စွာစားကြပြီး ဝဖြိုးကြ၏။ ကိုယ်တော်၏ကြီးမားလှသောကောင်းမြတ်ခြင်းကြောင့် သူတို့ ပျော်ရွှင်ကြည်နူးကြရ၏။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
သင်မှစ၍ သင်၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင်၏မြို့တံခါးအတွင်းရှိ လေဝိအမျိုးများသည် ထိုပူဇော်သက္ကာတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၊ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ စားရမည်။ သင်လုပ်ဆောင်လေရာရာအတွက် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။