နေဟမိ 9:24 - မြန်မာ့စံမီသမ္မာကျမ်း24 သူတို့၏သားမြေးတို့သည် ထိုပြည်ကိုဝင်ရောက်သိမ်းပိုက်သောအခါ ကိုယ်တော်သည် ထိုပြည်သားခါနာန်လူမျိုးတို့ကို သူတို့ရှေ့တွင်နှိမ်နင်းတော်မူ၏။ ရှင်ဘုရင်နှင့်တကွ ပြည်သူပြည်သားတို့ကို သူတို့လက်သို့အပ်တော်မူ၍ သူတို့အလိုရှိသည့်အတိုင်းပြုကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible24 သူတို့သည်ခါနာန်ပြည်ကိုသိမ်းယူကြ ရပါ၏။ ထိုပြည်တွင်နေထိုင်သူတို့အားကိုယ်တော် နှိမ်နင်းတော်မူပါ၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ခါနာန်ပြည်ဘုရင်များနှင့် ပြည်သူတို့ကိုပြုချင်သလိုပြုနိုင်သော တန်ခိုးပေးတော်မူပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible24 သား မြေး တို့ ဝင် ရောက် ပိုင် ယူ ကြ ရာ၊ ခါ န နိ လူ မျိုး မှ စ သော တိုင်း ရင်း သား တို့ ကို၊ ဘု ရင် မင်း များ ပါ၊ သူ တို့ ရှေ့ ရှုံး နိမ့် လျက်၊ အ လို ရှိ ရာ ပြု နိုင် ကြ စေ ရန် လက် တွင်း သို့ အပ် နှင်း တော် မူ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible24 သားမြေးတို့သည်ဝင်၍ သိမ်းယူကြ၏။ သူတို့ရှေ့မှာ ထိုပြည်သား ခါနာနိလူတို့ကို နှိပ်စက်တော်မူ၍၊ ရှင်ဘုရင်အစရှိသော ပြည်သူပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူတို့လက်သို့ အပ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |