Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟော​ရှေ 13:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သူ​တို့​ကို ဝလင်​စွာ​ကျွေးမွေး​ခဲ့​၏​။ သူ​တို့​ဝလင်​လာ​သောအခါ ထောင်လွှား​သော​စိတ်​ဝင်​၍ ငါ့​ကို မေ့လျော့​လာ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သို့​ရာ​တွင်​သင်​တို့​တွင်​သာ​ယာ​စို​ပြေ သော​ပြည်​သို့​ဝင်​ရောက်​၍​အ​စား​အ​စာ ဝ​စွာ​စား​ရ​သ​ဖြင့် ကျေ​နပ်​နှစ်​သိမ့်​လာ သော​အ​ခါ​မာ​န​ကြီး​၍​ငါ့​ကို​မေ့​လျော့ ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 နောင် ကာ လ စား ကျက် ကောင်း သည် နှင့် အ မျှ ဝ စွာ စား ရ လျက် ပင်၊ ဝ သည် နှင့် အ မျှ စိတ် နေ မြင့်၍၊ ငါ့ ကို သ တိ လစ် ကြ လေ စွ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဝ​သော​အ​ခါ ဝါ​ကြွား​သော​စိတ်​ရှိ၍ ငါ့​ကို မေ့​လျော့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 13:6
23 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ကိုယ့်​နိုင်ငံ​နှင့်​ကိုယ်​နေ​ရ​ပြီး ကိုယ်တော်​ပေးသနား​တော်မူ​သော ကောင်းမြတ်​ခြင်း​အလုံးစုံ​ခံစား​ရ​လျက်​၊ ကျယ်ဝန်း​၍​မြေဩဇာ​ကောင်း​သော​ပြည်​ကို သူ​တို့​အား ပေးသနား​တော်မူ​လျက်​နှင့်​ပင် ကိုယ်တော်​ကို​ဝတ်​မ​ပြု​ကြ​၊ သူ​တို့​ပြု​သော​မကောင်းမှု​ကို​မ​စွန့်​ကြ​။


ဆိုးယုတ်​သော​သူ​သည် ဘဝင်မြင့်​၍ ကိုယ်တော်​ကို​မ​ရှာ​တတ်​။ “​ဘုရားသခင်​မ​ရှိ​”​ဟု အစဉ်​တွေးတော​တတ်​၏​။


သို့မဟုတ်လျှင် အကျွန်ုပ်​သည် ပြည့်စုံကြွယ်ဝ​၍ “​ထာဝရဘုရား​သည် မည်သူ​နည်း​”​ဟု ဆို​လျက် ကိုယ်တော်​ကို​ငြင်းပယ်​မိ​ပါ​လိမ့်မည်​။ သို့တည်းမဟုတ် အကျွန်ုပ်​သည် ဆင်းရဲ​၍​ခိုးယူ​ကာ အကျွန်ုပ်​ဘုရားသခင်​၏​နာမ​တော်​ကို ထိခိုက်​မိ​စေ​ပါ​လိမ့်မည်​။


သင်​သည် သင့်​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ကို မေ့လျော့​၍ သင်​၏​မှီခို​ရာ​ကျောက်ဆောင်​ကို မ​အောက်မေ့​။ ထို့ကြောင့် နှစ်သက်​ဖွယ်​သော​အပင်​တို့​ကို​စိုက်ပျိုး​လိမ့်မည်​။ တစ်ပါးအမျိုးသား​၏​စပျစ်ကိုင်း​ကို စိုက်​လိမ့်မည်​။


“​သင့်​ကို ငါ​မည်သို့ ခွင့်လွှတ်​နိုင်​မည်နည်း​။ သင်​၏​သားသမီး​တို့​သည် ငါ့​ကို​စွန့်ပစ်​၍ ဘုရား​မ​ဟုတ်​သော​ဘုရား​တို့​ကို တိုင်တည်ကျိန်ဆို​ကြ​ပြီ​။ ငါ​သည် သူ​တို့​ကို ပြည့်စုံကြွယ်ဝ​စေ​သော်လည်း သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ ပြည့်တန်ဆာ​အိမ်​၌ စုဝေး​ကြ​ပြီ​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘​သင်​သည် ငါ့​ကို​မေ့လျော့​ပြီး လျစ်လျူရှု​ထား​၏​။ ထို့ကြောင့် သင်​ပြု​သော​ညစ်ညမ်းမှု​၊ ဖောက်ပြန်မှားယွင်း​မှု​များ​၏​အကျိုးဆက်​ကို သင်​ပြန်​ခံရ​မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။


သင်​သည် ကုန်သွယ်​ရာ​၌ ကျွမ်းကျင်​လွန်း​၍ ဥစ္စာပစ္စည်း​တိုးပွား​လာ​၏​။ သင်​၏​ဥစ္စာပစ္စည်း​ကြောင့် ဘဝင်မြင့်​၏’​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​သည် အသီး​များစွာ​သီး​သော​စပျစ်ပင်​နှင့် တူ​၏​။ ကိုယ့်​အဖို့​သာ သီး​၏​။ အသီး​များစွာ​သီး​လေလေ ယဇ်ပလ္လင်​များစွာ တည်​လေလေ​၊ တိုင်းပြည်​သာယာဝပြော​လေလေ အထွတ်အမြတ်​ထား​ရာ​ကျောက်တိုင်​များ​လည်း ပို၍​ကောင်း​အောင်​စိုက်ထူ​ကြ​လေလေ ဖြစ်​၏​။


ဧဖရိမ်​က ‘ငါ​ကိုယ်တိုင် ဥစ္စာဓန​ကို ရှာတွေ့​၍ ချမ်းသာကြွယ်ဝ​ပြီ​။ ထို​ဥစ္စာဓန​တို့​ကို ဒုစရိုက်​ပြု​ခြင်း​ဖြင့် ရရှိ​သည်​ဟု မည်သူ​မျှ ငါ့​ကို​အပြစ်​ဆိုစရာ​အကြောင်း​မ​ရှိ’​ဟု ဆို​၏​။


သူ​သည် ဗာလ​ဘုရား​ပွဲ​နေ့​များ​၌ နံ့သာပေါင်း​ကို​မီးရှို့​၍ နှာကွင်း​နှင့် လက်ဝတ်ရတနာ​ကို​ဆင်မြန်း​လျက် ချစ်သူ​များ​နောက်သို့​လိုက်​ပြီး ငါ့​ကို​မေ့လျော့​သည့်​အတွက် သူ့​အား ငါ​ဒဏ်ခတ်​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သူ​သည် သူ့​ချစ်သူ​တို့​နောက်​သို့​လိုက်​သော်လည်း မီ​မည်​မ​ဟုတ်​။ သူ​တို့​ကို​ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​။ ထိုအခါ သူ​က ‘​ယခင်​ယောက်ျား​ထံ ပြန်သွား​မည်​၊ သူ​သည် အခြားသူ​တို့​ထက် ပိုကောင်း​၏​’​ဟု ဆို​လိမ့်မည်​။


ငါ့​လူမျိုး​တော်​သည် အသိပညာ​မဲ့​သောကြောင့် ပျက်စီး​ရ​လေ​ပြီ​။ သင်​သည် အသိပညာ​ကို ငြင်းပယ်​သောကြောင့် သင့်​ကို ယဇ်ပုရောဟိတ်​အဖြစ်​မှ ငါ​စွန့်ပယ်​မည်​။ သင်​သည် ဘုရားသခင်​၏​ပညတ်တရားတော်​ကို မေ့လျော့​သောကြောင့် သင့်​သားသမီး​တို့​ကို ငါ​မေ့လျော့​မည်​။


သူ​တို့​သည် လူဦးရေ​တိုးလာ​သည်​နှင့်အမျှ ငါ့​ကို​ဆန့်ကျင်​၍ အပြစ်ပြု​ကြ​လေ​ပြီ​။ ထို့ကြောင့် သူ​တို့​၏​ဂုဏ်သရေ​ကို အရှက်ကွဲ​ခြင်း​နှင့် လဲပစ်​မည်​။


ငါ​သည် ဧဖရိမ်​အဖို့ ခြင်္သေ့​ကြီး​ကဲ့သို့​လည်းကောင်း​၊ ယုဒ​အမျိုးအနွယ်​အဖို့ ခြင်္သေ့ပျို​ကဲ့သို့​လည်းကောင်း ဖြစ်​၏​။ ငါ​ကိုယ်တော်တိုင် သူ​တို့​ကို ကိုက်ဖြဲ​ပြီး ချီယူ​သွား​မည်​။ သူ​တို့​ကို မည်သူ​မျှ ကယ်တင်​နိုင်​မည်​မ​ဟုတ်​။


အိပ်ရာ​ထက်​တွင် ညည်းတွားမြည်တမ်း​ကြ​သော်လည်း စိတ်နှလုံး​ပါ​လျက် ငါ့​ထံ​ဆု​မ​တောင်း​ကြ​။ ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ရရှိ​ရန် စုရုံး​ကြ​ပြီး ငါ့​ကို ကျောခိုင်း​သွား​ကြ​ပြီ​။


အစ္စရေး​သည် သူ့​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​ကို မေ့လျော့​၍ ဘုံဗိမာန်​များစွာ​ကို တည်​လေ​ပြီ​။ ယုဒ​သည်​လည်း ခံတပ်​မြို့​များ​ကို တည်​လေ​ပြီ​။ သို့သော် ငါ​သည် ထို​မြို့​များ​အပေါ်​သို့ မီး​ကို​ကျရောက်​စေ​၍ ခံတပ်​မြို့​များ​ကို လောင်ကျွမ်း​စေ​မည်​။”


သူ​တို့​သည် ငါ​ခွင့်​မ​ပြု​ဘဲ ဘုရင်​ကို တင်မြှောက်​ကြ​၏​။ ငါ​မ​သိ​ဘဲ အုပ်ချုပ်သူ​ကို ခန့်ထား​ကြ​၏​။ ရွှေ​ငွေ​တို့​ဖြင့် ရုပ်တု​များ​ကို​ပြုလုပ်​ကြ​သည်​ဖြစ်၍ ဖျက်ဆီး​ခံရ​ကြ​လိမ့်မည်​။


သင်​၏​မွေးသဖခင်​ကျောက်ဆောင်​ကို သင်​သတိမရ​၊ သင့်​ကို​မွေးဖွား​တော်မူ​သော​ဘုရားသခင်​ကို သင်​မေ့လျော့​လေ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ