Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 32:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 သူ​တို့​သည် ထို​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​ကြ​သော်လည်း စကား​တော်​ကို​နား​မ​ထောင်​ကြ​။ တရားတော်​အတိုင်း မ​လိုက်လျှောက်​ကြ​။ ကိုယ်တော်​မိန့်မှာ​သော​အမှု​တို့​ကို​လည်း တစ်စုံတစ်ခု​မျှ​မ​လုပ်ဆောင်​ကြ​။ သို့ဖြစ်၍ ကိုယ်တော်​သည် ဤ​ဘေးအန္တရာယ်​အပေါင်း​တို့​ကို သူ​တို့​အပေါ်​သို့ ကျရောက်​စေ​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 သို့​ရာ​တွင်​သူ​တို့​သည်​ဤ​ပြည်​ကို​ဝင်​ရောက် သိမ်း​ပိုက်​ရ​ကြ​သော​အ​ခါ ကိုယ်​တော်​ရှင် ၏​အ​မိန့်​တော်​များ​ကို​မ​လိုက်​နာ​ကြ​ပါ။ သြ​ဝါ​ဒ​တော်​တို့​ကို​လည်း​မ​ကျင့်​သုံး ကြ​ပါ။ ကိုယ်​တော်​ရှင်​ခိုင်း​စေ​သည့်​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ပြု​မ​လုပ်​ကြ​ပါ။ ထို့​ကြောင့်​ကိုယ်​တော်​ရှင်​သည်​ဤ​ဘေး အန္တ​ရာယ်​ဆိုး​ကို​သူ​တို့​အ​ပေါ်​သို့​သက် ရောက်​စေ​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ဝင် ရောက် ပိုင် ယူ သော် လည်း၊ ဗျာ ဒိတ် တော် သံ ကို မ နာ မ ခံ၊ ပ ညတ် တ ရား တော် အ တိုင်း မ လိုက် မ လျှောက်၊ မိန့် မှာ တော် မူ ရာ မည် သည် ကို မျှ မ ပြု မ ကျင့် ကြ သော ကြောင့်၊ ထို သူ တို့ အ ပေါ် သို့ ဤ ဘေး အ လုံး စုံ ကို သင့် စေ တော် မူ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 သူ​တို့​သည် ဝင်၍ သိမ်း​ယူ​ကြ​သော်​လည်း၊ အ​မိန့်​တော်​ကို နား​မ​ထောင်၊ တ​ရား​တော်​လမ်း​သို့ မ​လိုက်၊ မှာ​ထား​တော်​မူ​သော အ​ကျင့်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကျင့်​ဘဲ​နေ​သော​ကြောင့်၊ ယ​ခု​ခံ​ရ​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 32:23
32 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​လက်ထက်​မှစ၍ ယနေ့​တိုင်အောင် အကျွန်ုပ်​တို့​သည် အပြစ်​ကြီး​လှ​ပါ​၏​။ အကျွန်ုပ်​တို့​၏​အပြစ်​များ​ကြောင့် အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​များ​၊ ယဇ်ပုရောဟိတ်​များ​သည် ယခု​မြင်​ရ​သည့်​အတိုင်း တစ်ပါးအမျိုးသား​၏​ဘုရင်​တို့​လက်​ထဲသို့​ရောက်သွား​ရ​ပြီး ဓား​ဖြင့်​သတ်ဖြတ်​ခြင်း​၊ သုံ့ပန်း​ဖြစ်​ခြင်း​၊ လုယက်​ခြင်း​နှင့် အရှက်ခွဲ​ခြင်း​တို့​ကို ခံရ​ကြ​ပါ​၏​။


သူ​တို့​ဆာလောင်​သောအခါ သူ​တို့​အား ကောင်းကင်​မှ​မုန့်​ကို ချပေး​တော်မူ​၏​။ သူ​တို့​ရေဆာ​သောအခါ ကျောက်​ထဲမှ​ရေ​ကို ထွက်​စေ​တော်မူ​၏​။ ထို​ပြည်​ကို သူ​တို့​အား ပေး​မည်​ဟု ကျိန်ဆို​ထား​သည့်​အတိုင်း ထို​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​ရန် မိန့်​တော်မူ​၏​။


သူ​တို့​သည် ဘုရားသခင်​၏​ပဋိညာဉ်​တော်​ကို မ​စောင့်ထိန်း​ကြ​။ တရားတော်​အတိုင်း​လျှောက်လှမ်း​ရန်​လည်း ငြင်းဆန်​ကြ​၏​။


ကောင်း​သော​အသီးအနှံ​တို့​ကို စား​ရ​မည့်​အကြောင်း သင်​တို့​အား သီးနှံ​ဖြစ်ထွန်း​သော​ပြည်​သို့ ငါ​ခေါ်ဆောင်​လာ​၏​။ သို့သော် သင်​တို့​ရောက်လာ​၍ ငါ့​ပြည်​ကို​ညစ်ညူး​စေ​ကြ​၏​။ အမွေ​ပြည်​ကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေ​ကြ​၏​။


တစ်ဖန် သူ​တို့​အား “​ထာဝရဘုရား​က ‘ငါ့​စကား​ကို သင်​တို့​နား​မ​ထောင်​၊ သင်​တို့​ကို ငါ​ချပေး​ထား​သော​ပညတ်တရား​အတိုင်း မ​လိုက်လျှောက်​၊


ယနေ့​တိုင်အောင် သူ​တို့​သည် နှိမ့်ချ​သော​စိတ်​၊ ကြောက်ရွံ့​သော​စိတ် မ​ရှိ​ကြ​။ သင်​တို့​နှင့်​သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​ချမှတ်​ပေး​ထား​သော​ပညတ်တရား​နှင့် ပြဋ္ဌာန်းချက်​များ​ကို သူ​တို့​မ​လိုက်လျှောက်​ကြ’​ဟု မိန့်​တော်မူ​၏​။


သို့သော် သူ​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ​၊ ဂရု​မ​စိုက်​ကြ​၊ ခေါင်းမာ​ကြ​၏​။ သူ​တို့​၏​ဘိုးဘေး​တို့​ထက် သာ၍​ဆိုးညစ်​ကြ​၏​။


ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​၏​။ ငါ​မူကား ထာဝရဘုရား​၏​အမိန့်​တော်​ကို ဖီဆန်​လေ​ပြီ​။ လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။ ငါ​ခံရ​သော​ဒုက္ခဝေဒနာ​ကို ကြည့်ရှု​ကြ​လော့​။ ငါ​၏​အပျို​၊ လူပျို​တို့​သည် သုံ့ပန်း​အဖြစ် လိုက်ပါ​သွား​ရ​လေ​ပြီ​။


ဂျေရုဆလင်​မြို့​သည် အပြစ်​ကျူးလွန်​လေ​ပြီ​။ ထို့ကြောင့် ရွံရှာဖွယ်​ဖြစ်​လေ​ပြီ​။ သူ့​ကို​ဂုဏ်ပြုချီးမွမ်း​သော​သူ​ရှိသမျှ​တို့​သည် သူ​၌​အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို​မြင်​သဖြင့် သူ့​ကို​စက်ဆုပ်ရွံရှာ​ကြ​လေ​ပြီ​။ သူ​သည်​လည်း ညည်းတွား​လျက် လှည့်ထွက်​သွား​လေ​ပြီ​။


တောကန္တာရ​၌ သူ​တို့​၏​သားသမီး​တို့​အား ‘​သင်​တို့​ဘိုးဘေး​တို့​၏​ကျင့်ထုံး​တို့​ကို မ​လိုက်နာ​ကြ​နှင့်​။ သူ​တို့​၏​ဓလေ့ထုံးတမ်း​တို့​ကို မ​စောင့်ထိန်း​ကြ​နှင့်​။ သူ​တို့​ကိုးကွယ်​သော​ရုပ်တု​များ​ဖြင့်​လည်း ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​ကြ​နှင့်​။


သို့သော် သူ​တို့​၏​သားသမီး​တို့​သည် ငါ့​ကို​ပုန်ကန်​ကြ​၏​။ ‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​ကြ​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို မ​စောင့်ထိန်း​ကြ​။ ဥပုသ်နေ့​ကို​လည်း ညစ်ညူး​စေ​ကြ​၏​။ ထို့ကြောင့် တောကန္တာရ​တွင် ငါ​၏​ဒေါသ​ကို သူ​တို့​အပေါ်​သို့​သွန်ချ​၍ သူ​တို့​ကို ငါ့​အမျက်မီး လောင်ကျွမ်း​သွား​စေ​မည်​ဟု ငါ​မိန့်ဆို​ခဲ့​၏​။


သို့သော် သူ​တို့​သည် ငါ့​စကား​ကို​နား​မ​ထောင်​၊ ငါ့​ကို​ပုန်ကန်​ကြ​၏​။ သူ​တို့​ကိုးစား​သော​ရွံရှာဖွယ်​ရာ​များ​ကို သူ​တို့​မ​ဖယ်ရှား​၊ အီဂျစ်​ရုပ်တု​တို့​ကို​လည်း မ​စွန့်ပစ်​ကြ​။ ထို့ကြောင့် ‘ငါ့​ဒေါသ​ကို သူ​တို့​အပေါ်​သွန်ချ​မည်​။ အီဂျစ်​ပြည်​တွင် သူ​တို့​ကို ငါ့​အမျက်မီး လောင်ကျွမ်း​သွား​စေ​မည်​’​ဟု ငါ​မိန့်ဆို​ခဲ့​၏​။


ထိုနည်းတူ သင်​တို့​သည်​လည်း သင်​တို့​အား​စေခိုင်း​သည့်​အရာ​အားလုံး​ကို ဆောင်ရွက်​ပြီး​သောအခါ ‘အကျွန်ုပ်​တို့​သည် အကျိုးမပြု​သော​အစေအပါး​များ​ဖြစ်​ကြ​ပါ​၏။ ဆောင်ရွက်​ရ​မည့်​အမှု​ကို ဆောင်ရွက်​ခဲ့​ခြင်း​သာ​ဖြစ်​ပါ​၏’​ဟု ဆို​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။


သင်​တို့​အား ငါ​ပညတ်​သည့်​အရာ​တို့​ကို သင်​တို့​ကျင့်သုံး​လျှင် သင်​တို့​သည် ငါ​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​၏။


“ပညတ်​တရား​ကျမ်း​၌ ရေး​ထား​သမျှ​သော​အရာ​တို့​ကို အမြဲ​မ​ကျင့်သုံး​သော​သူ​တိုင်း​သည် ကျိန်​ခြင်း​ကို​ခံရ​၏”​ဟု ရေး​ထား​သည်​ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​ကို အမှီပြု​သော​သူ​ရှိ​သမျှ​တို့​သည် ကျိန်​ခြင်း​အောက်၌​ရှိ​ကြ​၏။


အဘယ်ကြောင့်​ဆိုသော် ပညတ်​တရား​အလုံးစုံ​ကို​စောင့်ထိန်း​သော်လည်း တစ်​ပါး​ကို​မှား​လျှင် ပညတ်​တရား​အလုံးစုံ​ကို ကျူးလွန်​ရာ​ရောက်​၏။


ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​၏​ဘိုးဘေး​တို့​အား ဤ​ပြည်​ကို ပေး​မည်​ဟု ကျိန်ဆို​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​သည် ပြည်​တစ်ပြည်လုံး​ကို သူ​တို့​အား​ပေး​သဖြင့် သူ​တို့​သည် ထို​ပြည်​ကို သိမ်းပိုက်​၍​နေထိုင်​ကြ​လေ​၏​။


သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​ပဋိညာဉ်​ကို သင်​တို့​ချိုးဖောက်​၍ အခြား​ဘုရား​များ​အား သွားရောက်​ဝတ်ပြု​ကိုးကွယ်​လျှင် ထာဝရဘုရား​သည် သင်​တို့​အပေါ် အမျက်ထွက်​တော်မူ​သဖြင့် သင်​တို့​သည် ကိုယ်တော်​ပေး​တော်မူ​သည့်​သာယာဝပြော​သော​ပြည်​တွင် အလျင်အမြန်​ပျက်စီး​သွား​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ