သို့သော် အာဗြံက “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားထံသို့ အကျွန်ုပ်လက်ကိုမြှောက်၍ တိုင်တည်ပါ၏။
နေဟမိ 8:6 - မြန်မာ့စံမီသမ္မာကျမ်း ဧဇရသည် ကြီးမြတ်တော်မူသောဘုရားသခင်ထာဝရဘုရားကို ကောင်းချီးထောမနာပြုသောအခါ လူအပေါင်းတို့သည် လက်ကိုမြှောက်လျက် “အာမင် အာမင်”ဟု ဝန်ခံကြ၏။ ထို့နောက် မြေပေါ်တွင်ပျပ်ဝပ်လျက် ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြ၏။ Common Language Bible ဧဇရက``ကြီးမြတ်တော်မူသောဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုဆို၏။ ပရိတ်သတ်တို့သည်လက်အုပ်ချီလျက်``အာမင်၊ အာမင်'' ဟုဝန်ခံပြီးလျှင်ဒူးထောက်ကာ ထာဝရဘုရားအားပျပ်ဝပ်ရှိခိုးကြ လေသည်။ Garrad Bible ဧ ဇ ရ သည်၊ မ ဟာ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ရာ၊ လက် အုပ် ချီ သော ပ ရိ သတ် သည်၊ အာ မင်၊ အာ မင် ဟု ဝန် ခံ လျက်၊ ထာ ဝ ရ ဘု ရား ကို ဦး ညွှတ် ပျပ် ဝပ် ရှိ ခိုး ပြီး လျှင်၊ နေ ရာ မှ ထ ရပ် ကြ ရာ၊ Judson Bible ဧဇရသည် မြတ်စွာဘုရားသခင် ထာဝရဘုရားကို ကောင်းချီးပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်ဟု လက်တို့ကိုချီလျက်၊ ဝန်ခံ၍ ဦးချပျပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ၏။ |
သို့သော် အာဗြံက “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားထံသို့ အကျွန်ုပ်လက်ကိုမြှောက်၍ တိုင်တည်ပါ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ကာလအစဉ်အဆက်မင်္ဂလာရှိပါစေသော ဟုသီဆိုကြ၍ လူအပေါင်းတို့က “အာမင်”ဟုဆိုလျက် ထာဝရဘုရားကို ချီးမွမ်းကြ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် လူထုတစ်ရပ်လုံးရှေ့တွင် ထာဝရဘုရားကို ချီးမွမ်းထောမနာပြုလေ၏။ ဒါဝိဒ်မင်းကြီးကလည်း “အကျွန်ုပ်တို့၏ဘိုးဘေး အစ္စရေး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူပါစေသော။
ထို့နောက် ဒါဝိဒ်မင်းကြီးက လူထုအပေါင်းတို့အား “ယခု သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြလော့”ဟု မိန့်ဆိုလျှင် လူထုတစ်ရပ်လုံးက သူတို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြပြီး ထာဝရဘုရားရှေ့၊ ရှင်ဘုရင်ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။
ထိုအခါ ယောရှဖတ်မင်းကြီးသည် မြေပေါ်ပျပ်ဝပ်တော်မူလျှင် ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည်လည်း ထာဝရဘုရားရှေ့တော်တွင် ပျပ်ဝပ်လျက် ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြ၏။
ယခုမှာ ပြင်းထန်သောအမျက်တော်ကို ငါတို့ထံမှ လွှဲသွားစေရန် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့မည်ဟု ငါစိတ်ဆုံးဖြတ်ပြီ။
ထို့နောက် ဟေဇကိမင်းကြီးနှင့်မှူးမတ်တို့က လေဝိအမျိုးတို့အား ဒါဝိဒ်မင်းကြီးနှင့် ဗျာဒိတ်ရသူအာသပ်တို့ရေးဖွဲ့ခဲ့သောသီချင်းဖြင့် ထာဝရဘုရားကိုချီးမွမ်းသီဆိုရန်ပြောသောအခါ သူတို့သည် ဝမ်းမြောက်စွာချီးမွမ်းလျက် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။
“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား နှုတ်ကတိထားတော်မူခဲ့သည်ကို လက်တွေ့ ပြည့်စုံစေတော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းထောမနာပြုပါ၏။
ထို့နောက် ငါသည် ခါးပိုက်ကိုခါပြပြီး “ဘုရားသခင်သည် ဤကတိကို ဖောက်ဖျက်သောသူအား သူ့အိမ်၊ သူပိုင်ဆိုင်သမျှတို့မှ ဤသို့ခါထုတ်တော်မူပါစေသော။ ထိုသူသည် ဘာမျှမကျန် ခါထုတ်ခြင်းခံရပါစေသော”ဟု ဆိုလျှင် လူစုလူဝေးအပေါင်းတို့က “အာမင်”ဟု ဆိုလျက် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ ကတိအတိုင်းလည်း သူတို့ပြုကြ၏။
လူအပေါင်းတို့ ရပ်နေကြစဉ် ယေရွှာ၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ပေလာယနှင့်လေဝိသားတို့သည် လူတို့အား ပညတ်တရားကိုနားလည်အောင်ရှင်းပြကြ၏။
သန့်ရှင်းရာဌာနတော်ဘက်သို့ သင်တို့၏လက်ကိုမြှောက်၍ ထာဝရဘုရားကိုကောင်းချီးထောမနာပြုကြလော့။
အကျွန်ုပ်၏ဆုတောင်းချက်သည် ကိုယ်တော်၏ရှေ့တော်၌ နံ့သာပေါင်းကဲ့သို့လည်းကောင်း၊ အကျွန်ုပ်လက်ကိုမြှောက်ချီခြင်းသည် နေဝင်ချိန်၏ပူဇော်သက္ကာကဲ့သို့လည်းကောင်း မှတ်ယူခြင်းခံရပါစေသော။
အကျွန်ုပ်သည် ကိုယ်တော့်ထံ အကူအညီ အော်ဟစ်တောင်းခံသောအခါ၌လည်းကောင်း၊ ကိုယ်တော်၏သန့်ရှင်းသောဗျာဒိတ်ဌာနဘက်သို့ အကျွန်ုပ်လက်ကိုမြှောက်သောအခါ၌လည်းကောင်း၊ အကျွန်ုပ်အသနားခံသောအသံကို နားညောင်းတော်မူပါ။
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ထာဝရကာလမှ ထာဝရကာလတိုင်အောင် မင်္ဂလာရှိပါစေသော။ အာမင်နှင့် အာမင်။
သို့ဖြစ်၍ အကျွန်ုပ်အသက်ရှင်နေသရွေ့ ကိုယ်တော်ကိုကောင်းချီးထောမနာပြုပါမည်။ ကိုယ်တော်၏နာမတော်အားဖြင့် အကျွန်ုပ်၏လက်ကို မြှောက်ပါမည်။
အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူသောဘုရားသခင်ဖြစ်တော်မူ၏။ ဘုရားရှိသမျှတို့ထက်ကြီးမြတ်တော်မူသော ရှင်ဘုရင်ဖြစ်တော်မူ၏။
သင်တို့ကလည်း ‘ဤအစဉ်အလာကား အီဂျစ်လူမျိုးတို့ကိုဒဏ်ခတ်သောအခါ အီဂျစ်ပြည်၌ရှိသော အစ္စရေးအမျိုးသားတို့၏အိမ်များကိုကျော်သွား၍ ငါတို့၏အိမ်သူအိမ်သားများကိုကယ်နုတ်တော်မူသောထာဝရဘုရားအား ယဇ်ပူဇော်သည့်ပသခါပွဲဖြစ်၏’ဟူ၍ ပြန်ပြောရမည်”ဟု ဆင့်ဆိုသောအခါ လူတို့သည် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။
ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို ကြည့်ရှုတော်မူကြောင်း၊ သူတို့ခံရသည့်ဖိစီးနှိပ်စက်မှုကို သိမြင်တော်မူကြောင်း အစ္စရေးလူမျိုးတို့ ကြားသိရသောအခါ ယုံကြည်၍ ဦးညွှတ်လျက် ရှိခိုးကိုးကွယ်ကြ၏။
“အာမင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပါစေသော။ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်ပစ္စည်းများနှင့် သုံ့ပန်းအားလုံးကို ဘေဘီလုံမြို့မှ ဤအရပ်သို့ ပြန်ခေါ်ဆောင်လာမည်ဟူ၍ သင်ပရောဖက်ပြုဟောပြောသည့်အတိုင်း ထာဝရဘုရား ပြည့်စုံစေပါစေ။
ထိုအခါ ထာဝရဘုရားထံတော်မှမီးဆင်းသက်၍ ယဇ်ပလ္လင်ပေါ်ရှိမီးရှို့ရာယဇ်နှင့်အဆီတို့ကိုလောင်ကျွမ်းလေ၏။ လူအပေါင်းတို့သည် တွေ့မြင်သောအခါ ရွှင်လန်းစွာကြွေးကြော်လျက် ပျပ်ဝပ်ရှိခိုးကြလေ၏။
ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး ပျပ်ဝပ်လျက်“အကျွန်ုပ်၏အဖ၊ ဖြစ်နိုင်လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွန်သွားစေတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
သို့မဟုတ်လျှင် သင်သည် စိတ်ဝိညာဉ်အားဖြင့် ကျေးဇူးတော်ချီးမွမ်းသောအခါ ကျွမ်းဝင်မှုမရှိသေးသော အုပ်စုအဝင်ဖြစ်သောသူသည် သင်ပြောနေသည့်စကားကို နားမလည်သောကြောင့် သင်၏ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် “အာမင်”ဟု မည်သို့ပြောနိုင်မည်နည်း။
အထက်ကောင်းကင်အရပ်တွင်ရှိသော ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာအပေါင်းတို့ဖြင့် ငါတို့ကို ခရစ်တော်၌ ကောင်းချီးပေးတော်မူသည့် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
သို့ဖြစ်၍ အမျိုးသားတို့သည် အမျက်ထွက်ခြင်းနှင့်ငြင်းခုံခြင်းတို့မရှိဘဲ အရပ်ရပ်တို့၌ သန့်ရှင်းသောလက်ကိုမြှောက်ချီ၍ဆုတောင်းကြရန် ငါအလိုရှိ၏။
ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်နှင့်အညီ ယေရှုခရစ်တော်၏သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ငါတို့ကို အသက်ရှင်သောမျှော်လင့်ခြင်းထဲသို့လည်းကောင်း၊
ကောင်းကင်တမန်အပေါင်းတို့သည် ပလ္လင်တော်၊ သက်ကြီးဝါကြီးတို့နှင့် သတ္တဝါလေးပါးတို့၏ပတ်လည်၌ ရပ်နေကြ၏။ သူတို့သည်လည်း ပလ္လင်တော်ရှေ့၌ပျပ်ဝပ်လျက် ဘုရားသခင်ကိုရှိခိုးကာ