Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 2:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သို့ဖြစ်၍ အမျိုးသား​တို့​သည် အမျက်ထွက်​ခြင်း​နှင့်​ငြင်းခုံ​ခြင်း​တို့​မ​ရှိ​ဘဲ အရပ်ရပ်​တို့​၌ သန့်ရှင်း​သော​လက်​ကို​မြှောက်ချီ​၍​ဆုတောင်း​ကြ​ရန် ငါ​အလိုရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ကိုး​ကွယ်​ဝတ်​ပြု​ရန်​စု​ဝေး​သည့်​အ​ခါ​တိုင်း ၌​အ​မျိုး​သား​တို့​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု စေ​လို​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ထား​သူ​များ​ဖြစ်​ပြီး​လျှင်​အ​မျက် ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း​သ​ဘော​မ​ရှိ​ဘဲ လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရ ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 သို့ နှင့် အ ညီ အ ရပ် ရပ် နေ ယောက်ျား တို့ သည် အ မျက် ထွက် ခြင်း၊ ငြင်း ဆန် ခြင်း ကင်း၍ သန့် ရှင်း စွာ လက် အုပ် ချီ လျက် ပ ဌ နာ ပြု ကြ စေ ရန် ငါ အ လို ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 သို့​ဖြစ်၍၊ အ​ရပ်​ရပ်​တို့၌ ယောက်ျား​တို့​သည် အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ၊ သန့်​ရှင်း​သော​လက်​ကို​ချီ၍ ဆု​တောင်း​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ကိုးကွယ်သည့်​နေရာ​တိုင်း​၌ အမျိုးသားတို့​သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်း​စွာ နေထိုင်​၍ မိမိတို့​၏ လက်​ကို မြှောက်​လျက် ဆုတောင်းကြ​ရန် ကျွန်ုပ်​အလိုရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 2:8
48 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ဘုရားသခင်​က သူ့​အား “​သင်​သည် အသက်တာ​ရှည်​ရန်​မ​တောင်း​၊ ဓနဥစ္စာ​ကို​မ​တောင်း​၊ ရန်သူ့​အသက်​ကို​မ​တောင်း​ဘဲ တရားမျှတ​စွာ​စီရင်​နိုင်​သော​အသိဉာဏ်​ကို​သာ တောင်း​လေ​ပြီ​။ ဤသို့ သင်​တောင်းဆို​သောကြောင့်


သို့သော်လည်း ငါ​သည် မတရားမှု​ကို​မ​ပြု​။ ငါ​၏​ဆုတောင်း​ခြင်း​သည်​လည်း သန့်ရှင်း​ပါ​၏​။


သန့်ရှင်းရာဌာန​တော်​ဘက်​သို့ သင်​တို့​၏​လက်​ကို​မြှောက်​၍ ထာဝရဘုရား​ကို​ကောင်းချီးထောမနာ​ပြု​ကြ​လော့​။


အကျွန်ုပ်​၏​ဆုတောင်းချက်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ နံ့သာပေါင်း​ကဲ့သို့​လည်းကောင်း​၊ အကျွန်ုပ်​လက်​ကို​မြှောက်ချီ​ခြင်း​သည် နေဝင်ချိန်​၏​ပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း မှတ်ယူ​ခြင်း​ခံရ​ပါစေသော​။


ထို​သူ​ကား အပြစ်ကင်း​သော​လက်​နှင့် ဖြူစင်​သော​စိတ်နှလုံး​ရှိ​သူ​၊ အချည်းနှီး​သော​အရာ​၌ စိတ်ဝိညာဉ်​မှီဝဲဆည်းကပ်​ခြင်း​မ​ရှိ​သူ​၊ လိမ်လည်လှည့်ဖြား​၍​ကျိန်ဆို​ခြင်း​မ​ပြု​သူ​ပင် ဖြစ်​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် အပြစ်ကင်း​ခြင်း​ထဲ၌ အကျွန်ုပ်​၏​လက်​ကို​ဆေးကြော​၍ ကိုယ်တော်​၏​ယဇ်ပလ္လင်​ကို​လှည့်ပတ်​ကာ


အကျွန်ုပ်​သည် ကိုယ်တော့်​ထံ အကူအညီ အော်ဟစ်​တောင်းခံ​သောအခါ​၌​လည်းကောင်း​၊ ကိုယ်တော်​၏​သန့်ရှင်း​သော​ဗျာဒိတ်ဌာန​ဘက်​သို့ အကျွန်ုပ်​လက်​ကို​မြှောက်​သောအခါ​၌​လည်းကောင်း​၊ အကျွန်ုပ်​အသနားခံ​သော​အသံ​ကို နားညောင်း​တော်မူ​ပါ​။


ငါ​မူကား သူ​တို့​ဖျားနာ​သောအခါ လျှော်တေအဝတ်​ကို​ဝတ်​၍ အစာရှောင်​လျက် မိမိကိုယ်မိမိ​ချိုးနှိမ်​၏​။ ငါ​၏​ဆုတောင်းချက် ငါ့​ရင်ခွင်​သို့​သာ ပြန်လှည့်​လာ​သောအခါ


သို့ဖြစ်၍ အကျွန်ုပ်​အသက်ရှင်​နေသရွေ့ ကိုယ်တော်​ကို​ကောင်းချီးထောမနာ​ပြု​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အကျွန်ုပ်​၏​လက်​ကို မြှောက်​ပါ​မည်​။


ငါ​၏​စိတ်နှလုံး​ထဲ၌ အပြစ်ဒုစရိုက်​ကို ငါ​ထွေးပိုက်​ထား​ခဲ့​လျှင် ဘုရားရှင်​သည် နားညောင်း​တော်မူ​လိမ့်မည်​မ​ဟုတ်​။


ဆိုးယုတ်​သော​သူ​တို့​၏​ယဇ်ကောင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။


ဆိုးယုတ်​သော​သူ​၏​ယဇ်ကောင်​သည် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။ ထို့ထက်မက ၎င်း​ကို ဆိုးညစ်​သော​အကြံ​ဖြင့် ယူဆောင်​လာ​လျှင် ပို၍​ပင် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။


သင်​တို့​လက်​ကို ဖြန့်​သောအခါ သင်​တို့​ထံမှ ငါ​မျက်နှာလွှဲ​မည်​။ သင်​တို့​သည် အကြိမ်ကြိမ်​ဆုတောင်း​ကြ​လျှင်​လည်း ငါ​နား​မ​ထောင်​။ သင်​တို့​လက်​သည် သွေး​စွန်း​လျက်​ရှိ​၏​။


ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သင်​တို့​သည် ယုံကြည်​ခြင်း​ရှိ​လျက် သံသယ​ကင်းမဲ့​ကြ​လျှင် ဤ​သဖန်းပင်​၌ ပြု​ခဲ့​သည့်​အမှု​မျိုး​ကို​ပြု​နိုင်​သည်​သာမက ဤ​တောင်​အား ‘ရွေ့​သွား​၍ ပင်လယ်​ထဲသို့​ကျ​လော့’​ဟု ဆို​လျှင်​ပင် ထို​အတိုင်း​ဖြစ်​လိမ့်မည်။


သို့သော် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို​ချစ်​၍ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။


အကျွန်ုပ်​တို့​အပေါ် အပြစ်​ကြွေး​ရှိ​သူ​များ​ကို အကျွန်ုပ်​တို့​ခွင့်လွှတ်​သကဲ့သို့ အကျွန်ုပ်​တို့​၏​အပြစ်​ကြွေး​များ​ကို​လည်း ခွင့်လွှတ်​တော်မူ​ပါ။


ထိုအခါ ယေရှု​က“အို အဖ၊ သူ​တို့​သည် မိမိ​တို့​ပြု​နေ​သော​အမှု​ကို မ​သိ​ကြ​သည်​ဖြစ်၍ သူ​တို့​ကို​ခွင့်လွှတ်​တော်မူ​ပါ”​ဟု မြွက်ဆို​တော်မူ​၏။ သူ​တို့​သည် ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲဝေ​ကြ​၏။


ထို့နောက် ကိုယ်တော်​သည် ဗေသနိ​ရွာ​သို့​တိုင်အောင် သူ​တို့​ကို​ခေါ်ဆောင်​သွား​ပြီးလျှင် လက်​တော်​ကို​မြှောက်​၍ သူ​တို့​ကို​ကောင်းချီး​ပေး​တော်မူ​၏။


ယေရှု​က“အသင်​မိန်းမ၊ ငါ့​စကား​ကို​ယုံ​လော့။ သင်​တို့​သည် ဤ​တောင်​ပေါ်၌​လည်း​မ​ဟုတ်၊ ဂျေရုဆလင်​မြို့​၌​လည်း​မ​ဟုတ်​သည့်​အရပ်​တွင် ခမည်းတော်​ကို ကိုးကွယ်​မည့်​အချိန်​ကာလ​ရောက်​လာ​လိမ့်မည်။


သူ​သည် ဘုရား​ဝတ်​၌​မွေ့လျော်​သော​သူ​ဖြစ်​ပြီး သူ​၏​အိမ်သူအိမ်သား​အားလုံး​နှင့်တကွ ဘုရားသခင်​ကို​ကြောက်ရွံ့​ရိုသေ​၍ ဂျူး​လူမျိုး​တို့​အား များစွာ​ပေးကမ်း​စွန့်ကြဲ​ကာ ဘုရားသခင်​ထံ အမြဲ​ဆုတောင်း​လျက်​နေ​၏။


‘ကော်နေလိ၊ သင်​၏​ဆုတောင်း​သံ​ကို ဘုရားသခင်​နားညောင်း​တော်မူ​၍ သင်​၏​ပေးကမ်း​စွန့်ကြဲ​ခြင်း​တို့​သည်​လည်း ဘုရားသခင်​ရှေ့​တော်​၌ အောက်မေ့​စရာ​ဖြစ်​လေ​ပြီ။


ထို​ကောင်းကင်တမန်​ကို စေ့စေ့​ကြည့်​ရင်း သူ​သည် ကြောက်လန့်​၍ “သခင်ဘုရား၊ မည်သည့်​အကြောင်းအရာ​ရှိ​ပါ​သနည်း”​ဟု မေး​လေ​၏။ ကောင်းကင်တမန်​က​လည်း “သင်​၏​ဆုတောင်း​ခြင်း​နှင့်​ပေးကမ်း​စွန့်ကြဲ​ခြင်း​တို့​သည် အမှတ်ရ​စရာ​အဖြစ် ဘုရားသခင်​၏​ရှေ့​တော်​သို့​ရောက်​လေ​ပြီ။


သို့သော် ထို​နေ့ရက်​များ​စေ့​သောအခါ ငါ​တို့​သည် ခရီး​ဆက်​ရန် ထွက်ခွာ​ကြ​၏။ သူ​တို့​အားလုံး​သည် ဇနီး​၊ သားသမီး​များ​နှင့်အတူ မြို့​ပြင်​အထိ ငါ​တို့​ကို​လိုက်ပို့​ကြ​၏။ ငါ​တို့​သည် ပင်လယ်​ကမ်းခြေ​တွင် ဒူး​ထောက်​လျက်​ဆုတောင်း​ပြီးနောက်


ထို့နောက် သူ​သည် ဒူး​ထောက်​လျက် “သခင်​ဘုရား၊ ဤ​အပြစ်​ကို သူ​တို့​အပေါ်​တင်​တော်​မ​မူ​ပါ​နှင့်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အိပ်ပျော်​ခြင်း​သို့​ရောက်​လေ​၏။


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ပတ္ထနာ​ပြု​ကြ​သည့် အရပ်ရပ်​တို့​၌​ရှိ​သော​သူ​အပေါင်း​တို့​နှင့်အတူ​သန့်ရှင်း​သူ​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​၍ ခရစ်တော်​ယေရှု​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​များ​တည်းဟူသော ကောရိန္သု​မြို့​၌​ရှိ​သည့် ဘုရားသခင်​၏​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကိုယ်တော်​သည် ထို​ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​နှင့် ငါ​တို့​၏​သခင်​ဖြစ်​တော်မူ​၏။


ငါ့​အနေဖြင့် လူ​အပေါင်း​တို့​အား ငါ​ကဲ့သို့​ဖြစ်​စေ​လို​၏။ သို့သော် လူ​တစ်ဦးစီ​၌ ဘုရားသခင်​ထံမှ မိမိ​ရရှိ​သော​ဆု​ကျေးဇူး တစ်ယောက်တစ်မျိုးစီ​ရှိ​၏။


သို့သော် ငါ​တို့​ကို ခရစ်တော်​၌ အစဉ်အမြဲ​အောင်ပွဲ​ခံ​စေ​၍ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၏​ရနံ့​ကို နေရာ​တိုင်း​၌ ငါ​တို့​အားဖြင့်​ပျံ့နှံ့​စေ​တော်မူ​သော​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ငါ​ချီးမွမ်း​၏။


ညီအစ်ကို​တို့၊ ငါ​၌​ဖြစ်ပျက်​သော​အမှုအရာ​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ပို၍​ပြန့်ပွား​စေ​ခဲ့​ကြောင်း သင်​တို့​အား သိ​စေ​လို​ပါ​၏။


အဘယ်ကြောင့်​ဆိုသော် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် သင်​တို့​ထံမှ မာကေဒေါနိ​ပြည်​နှင့်​အခါယ​ပြည်​သို့ ပဲ့တင်ထပ်​သွား​ခဲ့​သည်​သာမက ဘုရားသခင်​အပေါ်​၌​ရှိ​သော သင်​တို့​၏​ယုံကြည်​ခြင်း​အကြောင်း​သည်​လည်း နေရာ​အနှံ့​သို့ ပျံ့နှံ့​လေ​ပြီ​ဖြစ်​သောကြောင့် ငါ​တို့​၌​ပြော​စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။


ထို့ကြောင့် ငယ်ရွယ်​သော​မုဆိုးမ​တို့​သည် အိမ်ထောင်ပြု​လျက် သားသမီး​များ​မွေးဖွား​ကာ အိမ်မှုကိစ္စ​ကို​စီမံ​ကွပ်ကဲ​၍ ရန်သူ​အား ကဲ့ရဲ့​ပြစ်တင်​ခြင်း​အခွင့်​ကို​မ​ပေး​ရန် ငါ​အလိုရှိ​၏။


ဤ​စကား​သည် သစ္စာ​စကား​ဖြစ်​၏။ ဘုရားသခင်​ကို​ယုံကြည်​သော​သူ​တို့​သည် ကောင်း​သော​အမှု​တို့​ကို​ပါဝင်​လုပ်ဆောင်​ရန် အမြဲ​ဂရုစိုက်​ကြ​မည့်​အကြောင်း ငါ​သည် သင့်​အား ဤ​အရာ​များ​အတွက် အခိုင်အမာ​ရပ်တည်​စေ​လို​၏။ ဤ​အရာ​များ​သည် ကောင်းမြတ်​၍ လူ​တို့​အတွက်​အကျိုး​ရှိ​၏။


ငါ​တို့​၏​စိတ်နှလုံး​ကို ဆိုးညစ်​သော​အသိစိတ်​နှင့်​ကင်းစင်​စေရန် ပက်ဖျန်း​ခြင်း​ခံယူ​လျက် ကိုယ်ခန္ဓာ​ကို​လည်း စင်ကြယ်​သော​ရေ​ဖြင့်​ဆေးကြော​ကာ ယုံကြည်​ခြင်း​နှင့်ဆိုင်သော​စိတ်ချမှု​အပြည့်အဝ​နှင့် ဖြောင့်မှန်​သော​စိတ်နှလုံး​တို့​ဖြင့် အထံ​တော်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်စို့။


ဘုရားသခင်​ထံ​တော်​သို့ ချဉ်းကပ်​ကြ​လော့။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​တို့​ထံ ချဉ်းကပ်​တော်မူ​လိမ့်မည်။ အပြစ်သား​တို့၊ သင်​တို့​လက်​ကို စင်ကြယ်​စေ​ကြ​လော့။ စိတ်နှစ်ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်နှလုံး​ကို သန့်ရှင်း​စင်ကြယ်​စေ​ကြ​လော့။


ထိုနည်းတူ ခင်ပွန်းသည်​တို့၊ ဇနီးသည်​သည် မိန်းမသား​ဖြစ်​ပြီး သင်​တို့​ထက် အားနည်း​သော​သူ​ဖြစ်​ကြောင်း သိရှိ​နားလည်​၍ အသက်​နှင့်ဆိုင်သော​ကျေးဇူး​တော်​ကို အတူတကွ​အမွေ​ဆက်ခံ​သူ​အဖြစ် တန်ဖိုးထား​လျက် အတူတကွ​ပေါင်းသင်း​နေထိုင်​ကြ​လော့။ ဤသည်ကား သင်​တို့​၏​ဆုတောင်း​ချက်​များ တားဆီး​ခြင်း​မ​ခံရ​မည့်​အကြောင်း​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ