ဆာလံ 95:3 - မြန်မာ့စံမီသမ္မာကျမ်း3 အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူသောဘုရားသခင်ဖြစ်တော်မူ၏။ ဘုရားရှိသမျှတို့ထက်ကြီးမြတ်တော်မူသော ရှင်ဘုရင်ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် တန်ခိုးကြီးတော်မူသောဘုရား၊ ဘုရားတကာတို့ထက်တန်ခိုးကြီးသည့်ဘုရင် ဖြစ်တော်မူသောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible3 ထာ ဝ ရ ဘု ရား သည် ဘု ရား ဟူ သ မျှ ထက် ကြီး မြတ် သော ဘု ရား၊ မြင့် မြတ် သော ဘု ရင် ဖြစ် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ထာဝရဘုရားသည် ကြီးမြတ်သောဘုရား၊ ဘုရားတကာတို့ထက် ကြီးမြတ်သောဘုရင် ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
“သိုးအုပ်ထဲတွင် သိုးထီးရှိလျက်၊ ကတိသစ္စာလည်း ပြုလျက်နှင့်ပင် ဘုရားရှင်အား အနာအဆာရှိသောသိုးကိုပူဇော်သောသူသည် ကျိန်ခြင်းကို ခံသင့်၏။ အကြောင်းမူကား ငါသည် ဘုန်းကြီးသောရှင်ဘုရင်ဖြစ်၏။ ငါ့နာမသည်လည်း လူမျိုးတကာတို့တွင် ကြောက်ရွံ့ဖွယ်ဖြစ်၏”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။